ဖေဖော်ဝါရီ ၂၀ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၂၀ တွင်စမည့်အပတ်
သီချင်း ၃၇ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၁၇ အပိုဒ် ၁-၇ (၂၅ မိ.)
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ဟေရှာယ ၅၈-၆၂ (၁၀ မိ.)
နံပါတ် ၁– ဟေရှာယ ၆၁:၁-၁၁ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ဆပ်ကပ်အပ်နှံခြင်းက မေတ္တာနဲ့ ယုံကြည်ခြင်းရဲ့လုပ်ရပ်လို့ ဘာကြောင့်ပြောနိုင်သလဲ (၅ မိ.)
နံပါတ် ၃– လင်မယားခွဲနေခြင်းကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ—rs စ. ၄၃၆ အပိုဒ် ၁ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ကြေညာချက်များ။ မတ်လမှာဝေငှမယ့်စာပေကို ဖော်ပြပြီး တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။
၁၀ မိ– ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ဆွေးနွေးရန်။ ဆာလံ ၆၃:၃-၈ နဲ့ မာကု ၁:၃၂-၃၉ တို့ကိုဖတ်ပါ။ အမှုဆောင်လုပ်ငန်းမှာ ဒီကျမ်းမှတ်တမ်းတွေက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ သုံးသပ်ပါ။
၁၅ မိ– “အောက်မေ့ရာပွဲအတွက် ကင်ပိန်းကို မတ် ၁၇ မှာ စတင်မယ်။” မေးဖြေဆွေးနွေးရန်။ ရနိုင်မယ်ဆိုရင် တက်ရောက်သူအားလုံးကို ဖိတ်စာတစ်စောင်စီပေးပြီး ပါဝင်ရာတွေကို ဆွေးနွေးပါ။ အပိုဒ် ၂ ကိုသုံးသပ်တဲ့အခါ ဖိတ်စာဝေငှနိုင်ပုံကို သရုပ်ပြပါ။ အပိုဒ် ၃ ကိုသုံးသပ်တဲ့အခါ လုပ်ငန်းတော်ကြီးကြပ်မှူးကိုဖိတ်ခေါ်ပြီး ရပ်ကွက်ပြီးအောင် ဘယ်လိုလုပ်ဆောင်ကြမယ်ဆိုတာကို ဖော်ပြစေပါ။
သီချင်း ၈ နဲ့ ဆုတောင်းချက်