ဖေဖော်ဝါရီ ၆ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၆ မှာစမယ့်အပတ်
သီချင်း ၁၀၁ နဲ့ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၁၆ ပိုဒ်. ၈-၁၂၊ စ. ၁၃၂ လေးထောင့်ကွက် (၂၅ မိ.)
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ဟေရှာယ ၄၇-၅၁ (၁၀ မိ.)
နံပါတ် ၁– ဟေရှာယ ၅၁:၁-၁၁ (၄ မိ. ဒါမှမဟုတ် အဲဒီထက်နည်း)
နံပါတ် ၂– ပထမဆုံးမင်္ဂလာဆောင်ပွဲမှာ တရားဝင်အခမ်းအနားရှိခဲ့သလော—rs စ. ၄၃၄ ပိုဒ်. ၃-၄ (၅ မိ.)
နံပါတ် ၃– မေတ္တာရှင်ဘုရားသခင်က လူတွေကို ဘာကြောင့်ဖျက်ဆီးမှာလဲ—၂ သက်. ၁:၆-၉ (၅ မိ.)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်ကို အသုံးပြုနည်း။ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၇-၈ ကိုအခြေခံပြီး ဟောပြောရန်။ ဒီစာအုပ်မှာပါတဲ့ အသွင်အပြင်အမျိုးမျိုးကို ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာ ရှင်းပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ဖေဖော်ဝါရီလမှာ ဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးရန်။ သင့်ရပ်ကွက်ကလူတွေ စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါးတချို့ကို တစ်မိနစ်၊ နှစ်မိနစ် အချိန်ယူ သုံးသပ်ပါ။ ကင်းမျှော်စင်မျက်နှာဖုံးဆောင်းပါးတွဲကို အသုံးပြုပြီး ရပ်ကွက်ကလူတွေ စိတ်ဝင်စားနိုင်တဲ့ မေးခွန်းတစ်ခုနဲ့ ဘယ်ကျမ်းချက်ကို အသုံးပြုမယ်ဆိုတာကို အကြံပြုချက်တွေပေးကြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ နိုးလော့! မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးတွဲတွေကိုလည်း အဲဒီအတိုင်း ပြုလုပ်ပါ။ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စောင်ရဲ့ တခြားဆောင်းပါးတစ်ပုဒ်ကိုလည်း အလားတူ လုပ်ဆောင်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
သီချင်း ၉၆ နဲ့ဆုတောင်းချက်