ဖေဖော်ဝါရီ ၈ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၈ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
lv-BU အခန်း ၁၆ ¶၁၅-၂၂၊ စ. ၁၉၄ မှလေးထောင့်ကွက်
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– တရားသူကြီး ၁၁-၁၄
နံပါတ် ၁– တရားသူကြီး ၁၃:၁-၁၄
နံပါတ် ၂– လုကာ ၁၆:၉-၁၃ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း
နံပါတ် ၃– ဗျာဒိတ်ကျမ်းပါ ‘ထာ၀ရညှဉ်းဆဲခြင်း’ ၏အဓိပ္ပာယ်ကား အဘယ်နည်း (rs-BU စ. ၇၆ ¶၁-၂)
□ လုပ်ငန်းတော်အစည်းအဝေး
၅ မိ– ကြေညာချက်များ။
၁၀ မိ– ပွဲနေ့များအကြောင်း အဖြေပေးခြင်း။ ကျိုးကြောင်းဆင်ခြင် စာအုပ် စာမျက်နှာ ၁၆၆ နှင့် ၁၆၇ မှအစပြုသော ခေါင်းစဉ်ငယ်နှစ်ခုအောက်ရှိ အကြောင်းအရာများကို အခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ သင့်ဒေသတွင် အဘယ်ပွဲနေ့များကို ကျင်းပလေ့ရှိသနည်း။ သင်သည် အဘယ်အချိန်နှင့် အဘယ်နေရာတွင် ပွဲနေ့တစ်ခုအကြောင်း သက်သေခံလေ့ရှိသနည်း။ သင် အဘယ်ကြောင့် အီစတာပွဲမကျင်းပသနည်း ဟူသောမေးခွန်းကို ဖြေဆိုရန် မိဘတစ်ဦးက သူ၏ကလေးဖြစ်သူအား ပြင်ဆင်ပေးပုံ သရုပ်ပြတစ်ခု ပါဝင်စေပါ။
၂၀ မိ– “သတိရအောက်မေ့ပွဲဖိတ်စာများကို ကမ္ဘာတစ်ဝန်းတွင် ဝေငှကြမည်။” မေးဖြေဆွေးနွေးရန်။ ဖြစ်နိုင်မည်ဆိုလျှင် အပိုဒ် ၂ ကို မဆွေးနွေးမီ လူတိုင်းကို ဖိတ်စာတစ်စောင်စီ ပေးထားကာ ဖိတ်စာပါအသွင်အမျိုးမျိုးကို ရှင်းပြပါ။ အပိုဒ် ၂ ကိုဆွေးနွေးသုံးသပ်ပြီးနောက်တွင် ဝေစာအသုံးပြုနိုင်ပုံကို ကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။ လာမည့်သတိရအောက်မေ့ပွဲကင်ပိန်းနှင့်ပတ်သက်သော လယ်ကွင်းလုပ်ငန်းအစီအစဉ်အတွက် ထပ်ဆင့်အသေးစိတ်အချက်အလက်များ ရှင်းပြရန် လုပ်ငန်းတော်ကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲတစ်ဦးကို လူတွေ့မေးမြန်းပါ။