ဒီဇင်ဘာ ၁၄ အပတ်အတွက်ဇယား
ဒီဇင်ဘာ ၁၄ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ယောရှု ၆-၈
နံပါတ် ၁– ယောရှု ၈:၁-၁၇
နံပါတ် ၂– လောကတစ်ခုကို ရေလွှမ်းမိုးဖျက်ဆီးခဲ့တယ် —နောက်တစ်ခါ ဖျက်ဆီးဦးမလား (lr-BU အခန်း ၄၆)
နံပါတ် ၃– ဒေသနာ ၇:၂၁၊ ၂၂ သည် အဘယ်ကြောင့် လက်တွေ့ကျအကြံဉာဏ်ဖြစ်သနည်း
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၅ မိ– ငါ့ရဲ့ယုံကြည်ချက်အကြောင်းပြောဖို့ ငါ ဘာကြောင့် ကြောက်နေတာလဲ။ နိုးလော့! ဇူလိုင် ၂၀၀၉၊ စာမျက်နှာ ၁၀-၁၃ ကိုအခြေခံ၍ ဟောရန်။ မိဘများသည် မိသားစုဝတ်ပြုမှုညချမ်းတွင် မိမိတို့ကလေးအား ကျောင်း၌အမေးခံရသောမေးခွန်းများကို ဖြေကြားရန် လေ့ကျင့်ပေးပုံကိုဖော်ပြသည့် သရုပ်ပြတစ်ခု ပါဝင်စေပါ။ သူတို့သည် စာမျက်နှာ ၁၁ ပါမေးခွန်းများထဲမှတစ်ခုကို သုတေသနပြုပြီး ဆွေးနွေး၏၊ ထို့နောက် မေးခွန်းကို ကလေးဖြေဆိုပုံအား လက်တွေ့ သရုပ်ပြကြသည်။
၁၅ မိ– “အရေးတကြီးသဘောထားဖြင့် ဟောပြောပါ။” မေးဖြေဆွေးနွေးရန်။ စာပိုဒ် ၄ ကိုသုံးသပ်ချိန်တွင် ဇွဲထက်သန်သောနိုင်ငံတော်ကြေညာသူတစ်ဦးကို လူတွေ့မေးမြန်းပြီး အောက်ပါမေးခွန်းများကို မေးပါ– လောက၏မလိုအပ်သောအရာများဖြင့် ဝန်လေးသည့်အဖြစ်ကိုရှောင်ရန် အဘယ်အရာ လုပ်ဆောင်ခဲ့သနည်း။ အရေးတကြီးသဘောထားဖြင့် ဟောပြောခြင်းမှ အဘယ်နည်းများဖြင့် အကျိုးခံစားခဲ့ရသနည်း။