လယ်ကွင်းလုပ်ငန်းပေါ်လွင်ချက်များ
၂၀၀၈ လုပ်ငန်းတော်နှစ်အတွင်း “ဘုရားသခင့်စွမ်းအားတော် ဦးဆောင်လမ်းပြမှု” ခရိုင်စည်းဝေးကြီး ၁၃ ခုကို ကျင်းပပြီးစီးခဲ့ပါသည်။ တက်ရောက်သူစုစုပေါင်းမှာ ၄,၄၈၀ ဦးနှင့် ၁၆၂ ဦး နှစ်ခြင်းခံခဲ့သည်။ ဤနှစ်နှစ်ခြင်းခံသူအရေအတွက်သည် လွန်ခဲ့သောနှစ် ခရိုင်စည်းဝေးကြီးများတွင် နှစ်ခြင်းခံခဲ့သည့် အရေအတွက်ထက် ၅၉ ရာခိုင်နှုန်း ပိုများသည်။