ကြေညာချက်များ
◼ ဧပြီနှင့်မေတွင် ဝေငှရန်စာပေ– ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများ။ အောက်မေ့ရာပွဲနှင့်/သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာမပေါင်းသင်းသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သောအခါ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်းစာအုပ်ဝေငှရန် အာရုံစိုက်ပါ။ ရည်ရွယ်ချက်မှာ ထိုစာအုပ်ဖြင့် ကျမ်းစာသင်အံမှုတစ်ခုစရန် ဖြစ်သင့်သည်။ ဇွန်– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်း။
◼ တစ်ဦးဦးသည် အခြားနိုင်ငံသို့ခရီးထွက်ရန်စီစဉ်ထားပြီး ထိုနိုင်ငံတွင် အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲများ သို့မဟုတ် စည်းဝေးကြီးများကိုတက်ရောက်လိုသောအခါ နေ့စွဲ၊ အချိန်၊ နေရာတို့နှင့်ပတ်သက်သော အချက်အလက်များအတွက် ထိုနိုင်ငံ၏လုပ်ငန်းများကို ဦးစီးကြီးကြပ်နေသော ဌာနခွဲရုံးထံ တိုက်ရိုက်တောင်းခံရမည်ဖြစ်သည်။ ဌာနခွဲရုံးများ၏လိပ်စာများကို နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။
◼ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ (bi7) ကို နှစ်ခြင်းခံပြီးသူများ၊ နှစ်ခြင်းမခံရသေးသော ကြေညာသူများနှင့် တိုးတက်နေသော ကျမ်းစာသင်သားများအား လွတ်လွတ်လပ်လပ် ပေးနိုင်ပါသည်။ ထို့ကြောင့် အသင်းတော်များသည် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို လယ်ကွင်းတွင်အသုံးပြုရန် လိုသလောက် မှာယူနိုင်ပါသည်။ သို့သော်၊ ယုဒသန်ကျမ်းစာကို ယေဟောဝါ၏အဖွဲ့အစည်းမှ မထုတ်ဝေသောကြောင့် လောကရှိ ထုတ်ဝေရောင်းချသည့်နေရာမှ ဝယ်ယူရသည်။ ယုဒသန်ကျမ်းကိုရရှိရန်မှာ ငွေကျပ် ၄,၀၀၀ ကျော်ကျသင့်သောကြောင့် ယင်းသည် ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့် တူမည်မဟုတ်ချေ။ ကျမ်းစာတစ်အုပ်လုံးအနေနှင့် အပြည့်အစုံမရှိကြသည့် နှစ်ခြင်းခံပြီးသူများ၊ နှစ်ခြင်းမခံရသေးသောကြေညာသူများနှင့် တိုးတက်နေသော ကျမ်းစာသင်သားများအတွက် အထူးတောင်းခံပစ္စည်းအနေနှင့်သာ ယုဒသန်ကျမ်းကို ရရှိပါမည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုဖြစ်စေ၊ ယုဒသန်ကျမ်းကိုဖြစ်စေ ရယူရန်အရည်အချင်းပြည့်မီသူများသည် မိမိတို့၏အခြေအနေက မတတ်နိုင်သော်လည်း ထိုကျမ်းစာ၏ကျသင့်သည့်ပမာဏအတိုင်း အလှူငွေကို မဖြစ်မနေထည့်ဝင်ရမည်ဟု မယူမှတ်သင့်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ယောက်တိုင်းသည် မိမိတို့တတ်နိုင်သရွေ့ အလှူငွေထည့်ဝင်နိုင်ပါသည်။—၂ ကောရိန္သု ၉:၇။