ဖေဖော်ဝါရီ ၂၃ အပတ်အတွက် ဇယား
ဖေဖော်ဝါရီ ၂၃ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ကမ္ဘာဦး ၃၂-၃၅
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ–ကြေညာချက်များ။ မတ်လတွင်ဝေငှမည့်စာပေကို အာရုံစိုက်စေပါ။
၁၀ မိ– ဖေဖော်ဝါရီ ၁ ကင်းမျှော်စင်နှင့် ဖေဖော်ဝါရီ နိုးလော့!ကို ဝေငှရန် ပြင်ဆင်ပါ။ မဂ္ဂဇင်းများကို အတိုချုပ်သုံးသပ်ပြီးနောက် ဒေသခံရပ်ကွက်တွင် အဘယ်ဆောင်းပါးများကို လူတို့ကြိုက်နှစ်သက်နိုင်ကြောင်း၊ အဘယ်ကြောင့် ကြိုက်နှစ်သက်နိုင်ကြောင်း ပရိသတ်ကို မေးပါ။ မဂ္ဂဇင်းမဝေငှမီ စကားစမြည်စတင်ပြောဆိုရာတွင် မိမိတို့အသုံးပြုမည့် မေးခွန်းတစ်ခုနှင့် ဖတ်ပြမည့်ကျမ်းချက်တစ်ချက်ကို အကြုံပြုရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ မဂ္ဂဇင်းတစ်စောင်စီအား ဝေငှနိုင်ပုံကို သရုပ်ပြပြီး နိဂုံးချုပ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်ကို သင်အသုံးပြုနေသလော။ ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၉ စာအုပ်၏ ကျမ်းဦးစကားကို အခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။ ကျမ်းချက်နှင့်မှတ်ချက်များကို နေ့စဉ် အချိန်ယူသုံးသပ်ခြင်း၏အကျိုးကျေးဇူးကို ဆွေးနွေးပါ။ နေ့စဉ်ကျမ်းချက်ကို မည်သည့်အချိန်တွင် မည်သို့ဆွေးနွေးကြောင်း၊ မည်သည့်အကျိုးကျေးဇူးများရခဲ့ကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။