ဇန်နဝါရီ ၂၆ အပတ်အတွက်ဇယား
ဇန်နဝါရီ ၂၆ တွင်စမည့်အပတ်
သီချင်း ၃၂
□ အသင်းတော်ကျမ်းစာလေ့လာမှု–
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ကမ္ဘာဦး ၁၇-၂၀
နံပါတ် ၁– ကမ္ဘာဦး ၁၇:၁-၁၇
နံပါတ် ၂– လူတို့သည် တရားမျှတသောအစိုးရတစ်ခုကို အဘယ်ကြောင့် မတည်ထောင်နိုင်ခဲ့ကြသနည်း (rs-Bu စ. ၃၇၉-၈၀ ¶၆)
နံပါတ် ၃– ဘုရားသခင်မှာ နာမည်တစ်ခုရှိတယ် (lr-Bu အခန်း ၄)
□ လုပ်ငန်းတော်အစည်းအဝေး–
သီချင်း ၁၉၇
၅ ဒေသကြေညာချက်များ။
၁၀ မိ– ဇန်နဝါရီ ၁ ကင်းမျှော်စင်နှင့် ဇန်နဝါရီ နိုးလော့!ကို ဝေငှရန် ပြင်ဆင်ပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ မဂ္ဂဇင်းများကို အတိုချုပ်သုံးသပ်ပြီးနောက် ဒေသခံရပ်ကွက်တွင် အဘယ်ဆောင်းပါးများကို လူတို့ကြိုက်နှစ်သက်နိုင်ကြောင်း၊ အဘယ်ကြောင့် ကြိုက်နှစ်သက်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ ထိုဆောင်းပါးအချို့ကို အသုံးပြုလျက် မဂ္ဂဇင်းမဝေငှမီ စကားစမြည်စတင်ပြောဆိုရာတွင် မိမိတို့အသုံးပြုမည့် မေးခွန်းတစ်ခုနှင့် ဆောင်းပါးမှ ဖတ်ပြမည့်ကျမ်းချက်တစ်ချက်ကို အကြုံပြုရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ စာမျက်နှာ ၄ ပါ နမူနာတင်ဆက်နည်းများ သို့မဟုတ် ပရိသတ်အကြံပြုသည့် အခြားတင်ဆက်နည်းများကို အသုံးပြုလျက် မဂ္ဂဇင်းတစ်စောင်စီအား ဝေငှနိုင်ပုံကို သရုပ်ပြပြီး နိဂုံးချုပ်ပါ။
၂၀ မိ– “သင်ဆုံးဖြတ်ပြီးပြီလော။”a အကြီးအကဲတစ်ဦး ကိုင်တွယ်ရန်။ နိဂုံးချုပ်တွင် နောက်ဆုံးအပိုဒ်ကို ဖတ်ပြပါ။
သီချင်း ၁၈၀
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။