သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၈ ခုနှစ်၊ ဩဂုတ် ၂၅ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၈ ခုနှစ် ဇူလိုင် ၇ မှ ဩဂုတ် ၂၅ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။
စကားပြောအရည်အသွေး
၁။ ကျွန်ုပ်တို့သည် အခြားသူများအား အမှန်တရားဝေမျှနေစဉ် အကျိုးသင့်အကြောင်းသင့်ရှိမှုကို မည်သို့တင်ပြနိုင်သနည်း။ (ဖိ. ၄:၅) [be-BU စ. ၂၅၁ ပိုဒ်. ၃]
၂။ သမ္မာကျမ်းစာကို အာဏာပိုင်အဖြစ် မသတ်မှတ်သူတို့အား ကျွန်ုပ်တို့သက်သေခံရာတွင် အာရေတောင်၌ ဂရိလူတို့ကို ဟောပြောခဲ့သည့် ပေါလု၏ပုံနမူနာက မည်သို့ကူညီပေးနိုင်သနည်း။ (တ. ၁၇:၂၂၊ ၂၃၊ ကဘ) [be-BU စ. ၂၅၂ ပိုဒ်. ၁-၂]
၃။ ကျွန်ုပ်တို့နှင့် စကားပြောဆိုနေသူက မှားနေသည်ဟု ကျွန်ုပ်တို့ဘက်မှ သေချာနေလျှင်ပင် အကျိုးသင့်အကြောင်းသင့်ရှိမှုကို ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။ [be-BU စ. ၂၅၃ ပိုဒ်. ၁-၂]
၄။ ကျွန်ုပ်တို့သည် သွေးဆောင်နည်းဖြင့် စကားပြောရန်ကြိုးစားသည့်အခါ အဘယ်အရာကို စိတ်စွဲမှတ်သင့်သနည်း။ [be-BU စ. ၂၅၅ ပိုဒ်. ၃၊ လေးထောင့်ကွက်]
၅။ နားထောင်နေသူတစ်ဦး၏ နှလုံးကိုထိမိရန် ကြိုးစားရာတွင် ပိုင်းခြားသိမြင်မှုကို မည်သို့အသုံးပြုနိုင်သနည်း။ (သု. ၂၀:၅) [be-BU စ.၂၅၈ ပိုဒ်. ၁-၅]
တာဝန် နံပါတ်. ၁
၆။ ညီအစ်မများသည် ဇာတ်အိမ်တစ်ခု လုပ်ဆောင်ရာတွင် အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း။ [be-BU စ. ၄၄ ပိုဒ်. ၅-၆]
၇။ ညီအစ်ကိုများသည် ကျမ်းစာပေါ်လွင်ချက်များ တင်ဆက်သည့်အခါ အဘယ်အရာကို ပြီးမြောက်စေသင့်သနည်း။ (နေ. ၈:၈) [be-BU စ. ၄၇ ပိုဒ်. ၂-၃]
၈။ လုပ်ငန်းတော်အစည်းအဝေးတွင် သရုပ်ပြတစ်ခု သို့မဟုတ် လူတွေ့မေးမြန်းခန်းတစ်ခု ပါဝင်သောအပိုင်းကို တာဝန်ရသည့် ညီအစ်ကိုတစ်ဦးသည် ယင်းကို မည်သို့ကိုင်တွယ်သင့်သနည်း။ [be-BU စ. ၄၉ ပိုဒ်. ၅]
၉။ သက်သေခံခြင်းကို မည်သို့လုပ်ဆောင်အပ်ကြောင်း တမန်တော်ကျမ်းက ပေါ်လွင်စေသနည်း။ (တ. ၂၀:၂၀၊ ၂၁၊ ကဘ; တ. ၂၈:၂၃၊ ကဘ) [bsi08-1-BU စ. ၁၆ ပိုဒ်. ၃၅]
၁၀။ လူထုဟောပြောချက်ပေးသူတစ်ဦးသည် မိမိပေးသည့်ဟောပြောချက်၏ အခြေခံမှာ သမ္မာကျမ်းစာဖြစ်ကြောင်း မည်သို့သေချာစေနိုင်သနည်း။ (တ. ၁၇:၂၊ ၃) [be-BU စ. ၅၂ ပိုဒ်. ၆–စ. ၅၃ ပိုဒ်. ၂]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ဖိလိပ္ပိထောင်မှူးသည် အဘယ်ကြောင့် “ကိုယ့်ကိုယ်ကိုယ်သတ်သေ” ရန်အလိုရှိခဲ့သနည်း။ (တ. ၁၆:၂၅-၂၇) [က၉၀ ၅/၁၅ စ. ၂၅၊ လေးထောင့်ကွက်[အင်္ဂလိပ်]]
၁၂။ အာရိတ္တာခုနှင့်ဂါယုတို့သည် နှိပ်စက်ညှဉ်းပန်းမှုကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ (တ. ၁၉:၂၉; ၂၀:၄၊ ၅) [က၀၈ ၂/၁၅ စ. ၁၀ ပိုဒ်. ၁၆-၁၇]
၁၃။ ရှောလုသည် “တုတ်ချွန်ကို ခြေနှင့်ကျောက်” နေခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ (တ. ၂၆:၁၄) [က၀၃ ၁၀/၁ စ. ၃၂]
၁၄။ “အပြစ်တရား” သည် ဣသရေလလူမျိုးအား ပေးခဲ့သည့် ဘုရားသခင့်ပညတ်တရားအားဖြင့် မည်သို့ “အခွင့်ရ” သနည်း။ (ရော. ၇:၈၊ ၁၁) [က၀၈ ၆/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ရောမမြို့သားများထံရေးသောစာမှ ပေါ်လွင်ချက်များ”]
၁၅။ ကျွန်ုပ်တို့သည် မည်သို့အားဖြင့် ရန်သူ၏ခေါင်းပေါ်၌ “မီးခဲကိုပုံထား” သနည်း။ (ရော. ၁၂:၂၀) [က၀၈ ၆/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ရောမမြို့သားများထံရေးသောစာမှ ပေါ်လွင်ချက်များ”]