ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၇ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၉/၀၇ စာ. ၃

ကြေညာချက်များ

◼ စက်တင်ဘာ– ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများကိုဝေငှပါ။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများကို ဝေငှပါ။ စိတ်ဝင်စားမှုပြပါက ကျမ်းစာသင်အံမှုစတင်ရန် ရည်ရွယ်၍ သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလောဝေစာကို ဝေငှပြီးဆွေးနွေးပါ။ နိုဝင်ဘာနှင့်ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား။ ထိုစာအုပ်မရှိပါက မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်ကို အသုံးပြုနိုင်သည်။

◼ စက်တင်ဘာလတွင် စနေတနင်္ဂနွေငါးကြိမ်ရှိမည်ဖြစ်ရာ အရန်ရှေ့ဆောင်ရန် အလွန်ကောင်းသောလတစ်လဖြစ်ပါမည်။

◼ အသင်းတော်များသည် ၂၀၀၇ ခုနှစ်အတွက် ကင်းမျှော်စင်နှင့်နိုးလော့! နှစ်ချုပ်စာအုပ်တွဲများ၊ ၂၀၀၇ ကင်းမျှော်စင်စာပေများအညွှန်း၊ စီဒီချပ်ဖြင့် ကင်းမျှော်စင်စာကြည့်တိုက်—၂၀၀၇ တို့ကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူသင့်သည်။ ၎င်းတို့ကိုရရှိနိုင်သည့် ဘာသာစကားစာရင်းတစ်ခုကို အသင်းတော်အားလုံးထံသို့ လစဉ်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက် ကြေညာချက်” တွင်ဖော်ပြပေးပါမည်။ ကင်းမျှော်စင်စာကြည့်တိုက်—၂၀၀၇ သည် နှစ်ခြင်းခံပြီးသူများအတွက်ဖြစ်ပြီး အသင်းတော်မှတစ်ဆင့်သာရရှိနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

◼ ၂၀၀၈၊ အောက်မေ့ရာပွဲတော်ရာသီအတွက် အထူးလူထုဟောပြောချက်ကို တနင်္ဂနွေနေ့၊ မတ် ၃၁၊ ၂၀၀၈ တွင် ဟောပြောပါမည်။ ဟောပြောချက်၏အကြောင်းအရာကို နောက်ပိုင်းတွင် ကြေညာပေးပါမည်။ ထိုရက်သတ္တပတ်ကုန်ပိုင်းတွင် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှု သို့မဟုတ် စည်းဝေးပွဲတစ်ခုရှိနေသည့် အသင်းတော်များသည် နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မဆို အထူးဟောပြောချက်ကို မတ် ၃၁ ရက်မတိုင်မီ မပေးသင့်ပါ။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများအတွက် အသင်းတော်စာရင်းအင်းများကို စစ်ဆေးသင့်သည်။ ယင်းသို့စစ်ဆေးပြီးသောအခါ နောက်စာရင်းအင်းအစီရင်ခံစာ ဖတ်ပြပြီးချိန်တွင် အသင်းတော်အား ကြေညာပေးပါ။—အသင်းတော်စာရင်းအင်းဆိုင်ရာ ညွှန်ကြားချက်များ (S-27) တွင်ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ