လုပ်ငန်းတော်စည်းဝေးအစီအစဉ်
စက်တင်ဘာ ၁၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဩဂုတ် ၁၅ ကင်းမျှော်စင်နှင့် ဩဂုတ် နိုးလော့! ဝေငှပုံကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း မဂ္ဂဇင်းနှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။
၁၅ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦး ပရိသတ်နှင့်ဆွေးနွေးရန်။ အချိန်ရသရွေ့ ညွှန်းထားသည့်ကျမ်းချက်များကို ဖတ်ပြီးဆွေးနွေးပါ။
၂၀ မိ– “ယေရှုချမှတ်ခဲ့သောပုံသက်သေကို လိုက်လျှောက်လော့။”a အခြားသူများ၏ပုံသက်သေကောင်းမှ အကျိုးရရှိခဲ့ပုံကို ပြန်ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၃၀ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– လွန်ခဲ့သည့်နှစ်တွင် ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် အမှုဆောင်လုပ်ငန်းတွင်ပြီးမြောက်ခဲ့သည့် အားရှိစရာများကို အာရုံစိုက်စေကာ ယခင်လုပ်ငန်းတော်နှစ်ကို သုံးသပ်သည်။ သင့်လျော်သလို ချီးမွမ်းပါ။ လာမည့်လုပ်ငန်းတော်နှစ်တွင် အာရုံစိုက်ဖို့လိုသော ကဏ္ဍတစ်ခုနှစ်ခုကို ဖော်ပြပါ။ ရှေ့ဆောင်များ၏လုပ်ဆောင်မှုကို မှတ်ချက်ပေးကာ သူတို့၏ဝီရိယရှိရှိလုပ်ဆောင်မှုအတွက် ချီးမွမ်းပါ။ မလှုပ်ရှားသူများကို ကြိုးစားကူညီပေးခြင်းမှ ရရှိခဲ့သည့် ရလဒ်ကောင်းများကို ပြောပြပါ။
၂၀ မိ– စည်းလုံးသောညီအစ်ကိုအသင်းအပင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၏ အခန်း ၁၆ ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။
သီချင်း ၇၄ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စက်တင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းပေးကြရန် ကြေညာသူများကိုနှိုးဆော်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– အောက်တိုဘာလတွင် ကျမ်းစာသင်အံမှုစတင်ရန် ကျမ်းစာကိုပိုမိုသိလို ဝေစာကိုသုံးပါ။ အောက်တိုဘာလတွင် ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်းများကို ဝေငှမည်။ စိတ်ဝင်စားမှုပြပါက ကျမ်းစာကိုပိုမိုသိလို ဝေစာကိုသုံးကာ ကျမ်းစာသင်အံမှုစတင်နိုင်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဧည့်ကြိုများအား အစည်းအဝေးတက်ရောက်သူအားလုံးကို ဝေစာတစ်စောင်စီဝေငှစေပြီးနောက် အတိုချုပ်ဆွေးနွေးပါ။ ဦးဆုံးအကြိမ်တွေ့ဆုံချိန်တွင် သို့မဟုတ် နောက်တစ်ကြိမ်လည်ပတ်ချိန်တွင် ဝေစာတစ်စောင်လုံးဖြစ်စေ၊ အပိုင်းတစ်ပိုင်းဖြစ်စေ အိမ်ရှင်နှင့်ဆွေးနွေးနိုင်ကြောင်း ရှင်းပြပါ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ စက်တင်ဘာ ၁ ကင်းမျှော်စင်ဝေငှပုံကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုတွင် ကြေညာသူသည် မဂ္ဂဇင်းလက်မခံသောအိမ်ရှင်ကို ဝေစာဝေငှခဲ့သည်။ အခြားသရုပ်ပြတစ်ခုတွင် မဂ္ဂဇင်းကို အိမ်ရှင်လက်ခံပြီးနောက် ကြေညာသူက ဝေစာကိုပေးပြီး စာမျက်နှာ ၅ ကိုဆွေးနွေးသည်။ စာမျက်နှာ ၆ မှ တောင်းဆိုဘရိုရှာ ဖြတ်ပိုင်းအကြောင်း ရှင်းပြပြီး နောက်တစ်ကြိမ်လည်ပတ်ချိန်တွင် ထိုဘရိုရှာကို ယူလာမည်ဖြစ်ကြောင်း ပြောပြသည်။
သီချင်း ၂၂၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ချီးမွမ်းခြင်း၏အရေးပါမှုကို အမြဲအမှတ်ရနေပါ။”b ချီးမွမ်းခံရခြင်းမှ အကျိုးကျေးဇူးရရှိခဲ့ပုံကို ပြန်ပြောပြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။
၂၀ မိ– “အမှုဆောင်လုပ်ငန်းတွင် တက်လှမ်းနေခြင်း။”c တက်လှမ်းနေသော ညီအစ်ကိုညီအစ်မများ၏မှတ်ချက်များ ပါဝင်စေပါ။ သူတို့၏အမှုဆောင်လုပ်ငန်းတွင် တက်လှမ်းရန် နည်းလမ်းများ မည်သို့ရှာကြံနေကြောင်း ရှင်းပြစေပါ။ မှတ်ချက်တစ်ခုနှစ်ခုကို ကြိုတင်စီစဉ်ထားနိုင်သည်။
သီချင်း ၁၀၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
a [အောက်ခြေမှတ်ချက်များ]
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။