ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၇ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဩဂုတ် ၁၃ တွင်စမည့်အပတ်
  • ဩဂုတ် ၂၀ တွင်စမည့်အပတ်
  • ဩဂုတ် ၂၇ တွင်စမည့်အပတ်
  • စက်တင်ဘာ ၃ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၈/၀၇ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဩဂုတ် ၁၃ တွင်စမည့်အပတ်

သီချင်း ၂၀

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ မှ အကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဇူလိုင် ၁၅ ကင်းမျှော်စင်နှင့် ဇူလိုင် နိုးလော့! ဝေငှပုံကိုသရုပ်ပြပါ။

၁၅ မိ– သီအိုကရက်တစ်လက်အောက်ခံခြင်းမှ အကျိုးရယူခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ် အခန်း ၁၅ ကို အခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။

၂၀ မိ– “အထူးကင်းမျှော်စင်မဂ္ဂဇင်းများကို ဆွေးနွေးခြင်းဖြင့် သင်အံမှုများစတင်ခြင်း။”a အပိုဒ် ၃ ပါအကြံပြုချက်တစ်ခုကိုသုံး၍ သရုပ်ပြတစ်ခု အတိုချုပ်တင်ဆက်ပါ။ အထူးကင်းမျှော်စင်မဂ္ဂဇင်းများကို အချိန်အတော်ကြာ လေ့လာပြီးနောက် အိမ်ရှင်သည် အမှန်တကယ်စိတ်ဝင်စားမှသာ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို လိမ္မာပါးနပ်စွာ ဆက်အသုံးပြုသင့်ကြောင်း ကြေညာသူများကို သတိပေးပါ။

သီချင်း ၄၈ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၀ တွင်စမည့်အပတ်

သီချင်း ၁၀၀

၅ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “‘ခရစ်တော်နောက်သို့ လိုက်လော့!’ ယေဟောဝါသက်သေများ၏ ၂၀၀၇ ခရိုင်စည်းဝေးကြီး။”b

၂၀ မိ– “အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်က ကျွန်ုပ်တို့ကို ကူညီပေးပုံ။”c အပိုဒ် ၅ ကိုသုံးသပ်စဉ် ဖွဲ့စည်းထားခြင်းစာအုပ် စာမျက်နှာ ၄၁၊ အပိုဒ် ၂ မှမှတ်ချက်များပါဝင်စေပါ။

သီချင်း ၆ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၇ တွင်စမည့်အပတ်

သီချင်း ၉၈

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၈ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဩဂုတ် ၁ ကင်းမျှော်စင်ဝေငှပုံကို သရုပ်ပြပါ။ ဩဂုတ်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။

၁၀ မိ– ‘မဖြောင့်မတ်သော စည်းစိမ်ဥစ္စာအားဖြင့် မိတ်ဆွေဖွဲ့ကြလော့။’ ၁၉၉၄၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် စာမျက်နှာ ၁၃-၁၈ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။

၂၅ မိ– “လုပ်ငန်းတော်နှစ်သစ်အတွက် မွန်မြတ်သောပန်းတိုင်။”d မကြာသေးမီက အရန်ရှေ့ဆောင်လုပ်ခဲ့သူတစ်ဦး၊ နှစ်ဦးကို လူတွေ့မေးမြန်းပါ။ သူတို့၏အစီအစဉ်ဇယားကို မည်သို့ပြုပြင်ပြောင်းလဲခဲ့သနည်း။ မည်သို့အကျိုးခံစားခဲ့ရသနည်း။ လူတွေ့မေးမြန်းခံရသူတစ်ဦးမှာ မိသားစုဝင်များ၏ ကူညီထောက်မမှုကြောင့် အရန်ရှေ့ဆောင်လုပ်နိုင်သူတစ်ဦး ဖြစ်နိုင်သည်။ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မည့်ရက်စွဲကို သိပါက အပိုဒ် ၉ ကိုဆွေးနွေးစဉ် ဖော်ပြပေးပါ။

သီချင်း ၁၉၆ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၃ တွင်စမည့်အပတ်

သီချင်း ၅၀

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။

၂၀ မိ– “အခွင့်ထူးများကို ကျွန်ုပ်တို့ တန်ဖိုးထားမြတ်နိုးကြ။”e အချိန်ရသရွေ့ ကိုးကားထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

၁၅ မိ– “ယေဟောဝါအား မိသားစုလိုက် ဝတ်ပြုခြင်း။”f မိသားစုလိုက် ဓမ္မအမှုတွင်ပါဝင်ခြင်းမှ အကျိုးရရှိပုံကို မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခု၊ နှစ်ခုကို ကြိုတင်စီစဉ်ထားနိုင်သည်။

သီချင်း ၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

a [အောက်ခြေမှတ်ချက်များ]

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

f အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ