ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၇ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • မေ ၁၄ တွင်စမည့်အပတ်
  • မေ ၂၁ တွင်စမည့်အပတ်
  • မေ ၂၈ တွင်စမည့်အပတ်
  • ဇွန် ၄ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၅/၀၇ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

မေ ၁၄ တွင်စမည့်အပတ်

သီချင်း ၂၀၅

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဧပြီ ၁၅ ကင်းမျှော်စင်နှင့် ဧပြီလထုတ် နိုးလော့! ဝေငှပုံကိုသရုပ်ပြပါ။

၂၀ မိ– ဒေသအလိုက်နှင့် ကမ္ဘာချီ နိုင်ငံတော်လုပ်ငန်းကို ကူညီထောက်ပံ့ခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၊ အခန်း ၁၂ ကို အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။

၁၅ မိ– “ကိုယ်တော်သည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂၁ တွင်စမည့်အပတ်

သီချင်း ၄၁

၁၀ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာကို သုံးသပ်ပါ။

၁၅ မိ– ၁၉၉၄၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၁၃-၁၈ ကိုအခြေခံ၍ အကြီးအကဲတစ်ဦး ဟောပြောရန်။

၂၀ မိ– “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင် ထောက်ခံသလော။”b ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၁၄၃-၄ ပါလေးထောင့်ကွက်များမှ မှတ်ချက်များ ပါဝင်စေပါ။

သီချင်း ၂၀၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂၈ တွင်စမည့်အပတ်

သီချင်း ၄၆

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ မေလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မေ ၁ ကင်းမျှော်စင်ဝေငှပုံကို သရုပ်ပြပါ။

၂၀ မိ– ဇွန်လတွင် ဝေငှမည့် ဖန်ဆင်းရှင်[လိပ်] သို့မဟုတ် မိသားစုပျော်ရွှင်မှုစာအုပ်ကို ဖော်ပြပါ။ စာအုပ်ပါ သင့်တော်သောအကြောင်းအရာအချို့ကို ဖော်ပြပြီး သင့်ရပ်ကွက်တွင် ထိရောက်မှုရှိမည့် တင်ဆက်နည်းများကို အသုံးပြု၍ စာအုပ်ဝေငှပုံကို သရုပ်ပြပါ။ အချိန်ရသရွေ့၊ မိတ်ဆွေ သို့မဟုတ် မိသားစုဝင်များကို ထိုစာအုပ်များ ဝေငှခြင်းမှရရှိသော ရလဒ်ကောင်းများကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

၁၅ မိ– လယ်ကွင်းတွေ့ကြုံမှုများ။ မတ်၊ ဧပြီ၊ မေလများအတွင်း လယ်ကွင်းလုပ်ငန်းကို ကြိုးစားတိုးချဲ့ခဲ့သော အရန်ရှေ့ဆောင်များနှင့် အခြားကြေညာသူများ ရရှိခဲ့သည့် တွေ့ကြုံမှုများကို ပြောပြပါ။ ကျမ်းစာသင်အံမှုစတင်ရန် ရည်ရွယ်ချက်ဖြင့် မဂ္ဂဇင်းဝေငှသူများထံ ပြန်သွားခဲ့သူတို့၏ တွေ့ကြုံမှုများကိုလည်း ပြန်ပြောပြပါ။ ထူးခြားသည့်တွေ့ကြုံမှုတစ်ခု၊ နှစ်ခုကို ပြန်လည်သရုပ်ပြနိုင်သည်။

သီချင်း ၂၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၄ တွင်စမည့်အပတ်

သီချင်း ၉၉

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ယေဟောဝါအား ချီးမွမ်းတတ်ရန် သားသမီးများကို သွန်သင်ပေးပါ။”c အပိုဒ် ၄ ကိုဆွေးနွေးစဉ် ၂၀၀၅၊ ဇူလိုင်လထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃ မှ မှတ်ချက်များ ပါဝင်စေပါ။

သီချင်း ၁၆၉ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ