ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၇ စာ. ၅
  • သင် တက်လှမ်းနေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် တက်လှမ်းနေသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • အဘယ်အရာက သင့်ကိုတားဆီးနေသနည်း
  • အနာဂတ်ကိုရှုမြော်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၄/၀၇ စာ. ၅

သင် တက်လှမ်းနေသလော

၁။ ၁ တိမောသေ ၃:၁ တွင် ခရစ်ယာန်အမျိုးသားများအတွက် အဘယ်ပန်းတိုင်ကို ပေါလုဖော်ပြထားသနည်း။

၁ ယေဟောဝါ၏အဖွဲ့အစည်းတွင် မွန်မြတ်လှသောပန်းတိုင်များစွာ ရှိပါသည်။ ယင်းတို့အနက်တစ်ခုကို ၁ တိမောသေ ၃:၁ တွင် တမန်တော်ပေါလု ဤသို့ဖေါ်ပြ၏– သင်းအုပ် “[“ကြီးကြပ်မှူး၊” ကဘ] အရာကို တောင့်တသောသူသည် ကောင်းသောအမှုအရာကို တောင့်တသည် ဟူသောစကားသည် မှန်သောစကားဖြစ်၏။” ထိုသူသည် သူတစ်ပါးအကျိုး သယ်ပိုးလိုသည်။ သက်သောင့်သက်သာနှင့် ဂုဏ်အသရေရှိရှိ နေထိုင်ခြင်းမဟုတ်ဘဲ “ကောင်းသောအမှုအရာ” ကို တောင့်တနေခြင်းဖြစ်သည်။ သင်ကော ထိုသို့တောင့်တနေသလော။

၂။ ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုဆောင်လိုသောဆန္ဒသည် ဘုရားပေးဆန္ဒဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၂ ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုဆောင်လိုသောဆန္ဒသည် ဘုရားပေးဆန္ဒဖြစ်ကြောင်း သိရှိရန် အရေးကြီးသည်။ အမှန်မှာ ယေဟောဝါ၏ဝိညာဉ်တော်သည် မြင့်မြတ်သောလုပ်ငန်းတော်ကို ဆောင်ရွက်နိုင်ရန် လှုံ့ဆော်ပေးသည်၊ သတ္တိနှင့်ခွန်အားလည်းရှိစေသည်။ ဥပမာ၊ ယေရှု၏နောက်လိုက်များသည် နှိပ်စက်ညှဉ်းပန်းခံရသောအခါ သတ္တိရှိရှိဟောပြောနိုင်ဖို့ ဆုတောင်းခဲ့ရာ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ “စုဝေးသောအရပ်သည် တုန်လှုပ်၍ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တရားကို ရဲရင့်စွာဟောပြောကြ၏။” (တမန်တော် ၄:၂၇-၃၁) သန့်ရှင်းသောဝိညာဉ်တော်သည် ထိုကောင်းကျိုးများဖြစ်ပေါ်စေသည့်အတွက် သင့်ကိုလည်း တက်လှမ်းရန် လှုံ့ဆော်ပေးနိုင်ပါသည်။

အဘယ်အရာက သင့်ကိုတားဆီးနေသနည်း

၃။ (က)ခရစ်ယာန်အမျိုးသားတစ်ဦးသည် အဘယ်ကြောင့် တက်လှမ်းရန်မကြိုးစားခြင်း ဖြစ်နိုင်သနည်း။ (ခ) လုပ်ငန်းတော်အခွင့်အရေးတစ်ခုကို ကျွန်ုပ်တို့အား ဘုရားသခင်အပ်နှင်းပါက အဘယ်အရာကိုလည်း စိတ်ချနိုင်သနည်း။

၃ သင်သည် ရင့်ကျက်သောခရစ်ယာန်တစ်ဦးဖြစ်လျှင် လောလောဆယ် အဘယ်ကြောင့်မတက်လှမ်းသေးကြောင်း ဆန်းစစ်ခြင်းက ကောင်းပါသည်။ သင်သည် ဝိညာဉ်ရေးကောင်းသူဖြစ်သော်လည်း အရည်အချင်းမပြည့်မီဟု ခံစားနေရခြင်းကြောင့်ဖြစ်နိုင်သည်။ (၁ ကော. ၂:၁၄၊ ၁၅) သင်၌ကန့်သတ်ချက်များရှိကြောင်း နှိမ့်ချစွာရှုမြင်သင့်သည်မှာ မှန်ပါသည်။ (မိ. ၆:၈; သု. ၁၁:၂) သို့သော် ဘုရားသခင်သာ သင့်ကို ထိုအခွင့်ထူးအပ်နှင်းပါက ယင်းကိုထမ်းဆောင်နိုင်ရန် ခွန်အားပေးမည်ဖြစ်ကြောင်း သိထားသင့်သည်။ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” ဟုပေါလုဆိုခဲ့သည့်နည်းတူဖြစ်၏။—ဖိ. ၄:၁၃။

၄။ ဆုံးမသွန်သင်ပေးရန် ဉာဏ်ပညာအလုံအလောက်မရှိဟု ခံစားရသောကြောင့် တက်လှမ်းရန်မကြိုးစားသော ခရစ်ယာန်တစ်ဦး အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

၄ သင်သည် ဆုံးမသွန်သင်ပေးရန် ဉာဏ်ပညာအလုံအလောက်မရှိဟု ခံစားရသောကြောင့် မတက်လှမ်းဘဲနေခြင်းဖြစ်ပေမည်။ သို့ဖြစ်လျှင် သမ္မာကျမ်းစာကို လုံ့လစိုက်ထုတ်လေ့လာခြင်းဖြင့် ဉာဏ်ပညာတိုးလာနိုင်သည်။ ထို့ပြင် ဉာဏ်ပညာရရှိရန် အမှန် ဆုတောင်းသင့်သည်။ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်” ဟုယာကုပ်ရေးသားခဲ့သည်။—ယာ. ၁:၅-၈။

၅။ တက်လှမ်းရန်မဝံ့မရဲဖြစ်နေသူသည် မည်သို့ဆုတောင်းနိုင်သနည်း။

၅ သင်သည် တက်လှမ်းရန်မဝံ့မရဲဖြစ်နေပါက ဒါဝိဒ်နည်းတူ ဤသို့ဆုတောင်းနိုင်သည်– “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်၊ မလိုက်သည်ကိုကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”—ဆာ. ၁၃၉:၂၃၊ ၂၄; ၉၄:၁၈၊ ၁၉။

၆။ အခြားသူတို့တက်လှမ်းလာရန် အကြီးအကဲများ မည်သို့ကူညီနိုင်သနည်း။

၆ “သစ္စာနှင့်ပြည့်စုံ၍ သူတစ်ပါးတို့ကိုသွန်သင်ခြင်းငှာ တတ်စွမ်းနိုင်” သူတို့ကို လေ့ကျင့်ပေးရန် ခရစ်ယာန်ကြီးကြပ်မှူးများကို ကျမ်းစာတိုက်တွန်းထားကြောင်း သတိရပါ။ (၂ တိ. ၂:၂) ထို့ကြောင့် သင်သည် အကြီးအကဲများထံမှ အကြံပြုချက်များကိုတောင်းခံကာ ယင်းကို လက်တွေ့ကျင့်သုံးသင့်သည်။ ဤနည်းဖြင့် သင်၏တိုးပွားခြင်းကို “လူအပေါင်းတို့အားထင်ရှားစေ” နိုင်မည်ဖြစ်သည်။ (၁ တိ. ၄:၁၅) ယေရှုက မိမိခမည်းတော်သည် “ပြုတော်မူသမျှတို့ကို သားတော်အား ပြတော်မူ၏” ဟုမိန့်ဆိုခဲ့သည်။ (ယော. ၅:၂၀) အကြီးအကဲများလည်း ထိုပုံသက်သေကောင်းကို လိုက်လျှောက်ကာ ဓမ္မအမှုထမ်းများနှင့်အတူ အနီးကပ်လုပ်ဆောင်ပြီး သူတို့၏တာဝန်များကို အရည်အသွေးရှိရှိ မည်သို့ထမ်းဆောင်နိုင်ကြောင်း ပြသပေးနိုင်သည်။ ခရစ်ယာန်အကြီးအကဲများနှင့် သူတို့လေ့ကျင့်ပေးနေသူတို့စပ်ကြား ရင်းနှီးပွင့်လင်းသော ဆက်ဆံရေးရှိမည်ဆိုလျှင် အလွန်ကောင်းလိုက်မည်ဖြစ်ခြင်း!

အနာဂတ်ကိုရှုမြော်ပါ

၇။  (က) ယခင်ကလောက် အပြည့်အဝအမှုမထမ်းနိုင်သော အမျိုးသားများသည် အဘယ်ကြောင့် စိတ်ဓာတ်မကျသင့်သနည်း။ (ခ) အထူးမြတ်ဆုံးအခွင့်အရေးကား အဘယ်နည်း။

၇ သင်သည် တစ်ချိန်က အသင်းတော်တွင် အရေးကြီးတာဝန်များကို ထမ်းဆောင်ခဲ့သော်လည်း ယခု ကျန်းမာရေးချို့တဲ့မှု သို့မဟုတ် အခြားအကြောင်းများကြောင့် ထိုတာဝန်များကို မထမ်းဆောင်နိုင်တော့ခြင်းဖြစ်ပေမည်။ သို့သော် စိတ်ဓာတ်မကျပါနှင့်။ ယခင်ကလောက် အပြည့်အဝအမှုမထမ်းနိုင်ကြသော သစ္စာရှိအမျိုးသားများစွာသည် ယခုအထိ သမာဓိစောင့်သိသူများအဖြစ် ခိုင်ခံ့မြဲမြံစွာရပ်တည်နေဆဲဖြစ်၏။ (ဆာ. ၂၅:၂၁) နှိမ့်ချမှုရှိသော လုပ်သက်ရင့်အကြီးအကဲများသည် အကြီးအကဲအဖွဲ့တွင် ဆက်ပါဝင်ခြင်းဖြင့် မိမိတို့အတွေ့အကြုံကို ဝေမျှနိုင်ဆဲဖြစ်၏။ အိုမင်းမှု၊ မသန်မစွမ်းမှုများကြောင့် အကန့်အသတ်များရှိနေမည်ဖြစ်သော်လည်း ထိုအခွင့်ထူးကို စွန့်လွှတ်စရာမလိုပါ။ တစ်ချိန်တည်းတွင် ယေဟောဝါ၏သက်သေတစ်ဦးစီသည် အထူးမြတ်ဆုံးအခွင့်အရေးဖြစ်သော နာမတော်မြတ်ကိုချီးမြှောက်သူအနေနှင့် ‘ဘုရားသခင့်နိုင်ငံတော်၏ ဘုန်းအသရေတော်ကို ဖော်ပြပြောဆိုခြင်း’ ကိုတန်ဖိုးထားကြပါစို့။—ဆာ. ၁၄၅:၁၀-၁၃။

၈။ (က) အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ထိုအခွင့်ထူးမရရှိတော့လျှင် အဘယ်အရာလုပ်ဆောင်ဖို့လိုမည်နည်း။ (ခ) အကြီးအကဲအဖြစ် အခွင့်ထူးမရရှိတော့သူတစ်ဦးသည် အဘယ်မွန်မြတ်သောစိတ်ထားတင်ပြခဲ့သနည်း။

၈ သင်သည် ယခင်က အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးဖြစ်ခဲ့ပြီး လောလောဆယ် ထိုအခွင့်ထူးကိုမရရှိတော့လျှင် သင့်အား ဘုရားသခင်ဂရုစိုက်နေသေးကြောင်း စိတ်ချပါ။ နောင်အနာဂတ်တွင် မမျှော်လင့်သောအခွင့်ထူးတစ်မျိုးမျိုး ကိုယ်တော် ပေးသနားပေမည်။ (၁ ပေ. ၅:၆၊ ၇) သင်၌ ပြုပြင်တည့်မတ်စရာအချို့ရှိမည်ဆိုလျှင် အမှားကိုဝန်ခံရန်အသင့်ရှိပြီး ဘုရားသခင့်အကူအညီဖြင့် ကြိုးစားပြုပြင်ပါ။ ဗဟိုအမေရိကတွင် အကြီးအကဲတစ်ဦးအဖြစ် နှစ်ချီအမှုထမ်းခဲ့သူတစ်ဦးသည် ထိုအခွင့်ထူးမရရှိတော့သည့်အခါ ဤသို့ပြောခဲ့၏– “ကျွန်တော် နှစ်ချီတန်ဖိုးထားခဲ့တဲ့အခွင့်ထူးကို ဆုံးရှုံးလိုက်ရတဲ့အတွက် သိပ်စိတ်ထိခိုက်တယ်။ ဒါပေမဲ့၊ ကျွန်တော့်ကို ညီအစ်ကိုတွေအသုံးပြုချင်တဲ့ကဏ္ဍတွေမှာ ကြိုးစားပါဝင်မယ်။ လုပ်ငန်းတော်အခွင့်ထူးတွေပြန်ရရှိဖို့ ကြိုးစားမယ်။” အတန်ကြာသော် ထိုညီအစ်ကိုသည် အကြီးအကဲအဖြစ် အမှုထမ်းခွင့် ပြန်ရရှိလေသည်။

၉။ လုပ်ငန်းတော်အခွင့်ထူးများရရန် မည်သူတို့ စောင့်ဆိုင်းခဲ့ရသနည်း။ ယနေ့ ထိုသို့စောင့်ဆိုင်းနေသူများကို မည်သို့အကြံပြုထားသနည်း။

၉ သင်သည် လုပ်ငန်းတော်အခွင့်အရေးများရရန် တက်လှမ်းနေပါက ယင်းတို့ကိုရနိုင်ရန် ခေတ္တစောင့်ဆိုင်းရပေမည်။ စိတ်မရှည်သည့်သဘော မတင်ပြပါနှင့်။ ဣသရေလလူမျိုးကို အီဂျစ်ပြည်ကျွန်ဘဝမှ လွတ်မြောက်စေရန် မောရှေကို ဘုရားသခင်အသုံးမပြုမီ သူသည် အနှစ် ၄၀ စောင့်ဆိုင်းခဲ့ရ၏။ (တ. ၇:၂၃-၃၆) ပေတရုနှင့် ယောဟန်မာကုတို့သည် စမ်းသပ်စစ်ဆေးမှုအမျိုးမျိုး ခံရပ်ခဲ့ပုံရသည်။ (မ. ၂၆:၆၉-၇၅; ယော. ၂၁:၁၅-၁၉; တ. ၁၃:၁၃; ၁၅:၃၆-၄၁; ကော. ၄:၁၀) ထို့ကြောင့် သင်သည် အသင်းတော်တာဝန်များကို လောလောဆယ်မရရှိဦးတော့ အတွေ့အကြုံရင့်ကျက်လာစေရန် သင့်ကို ယေဟောဝါ ပုံသွင်းပေးနေပေမည်။ မည်သို့ပင်ဖြစ်စေ၊ ထိုသို့တက်လှမ်းရာတွင် ဘုရားသခင့်အကူအညီကို တောင်းခံမည်ဆိုလျှင် ကိုယ်တော်သည် ထပ်ဆင့်အခွင့်ထူးများအပ်နှင်းကာ ကောင်းချီးပေးတော်မူမည်။ ဤအတောအတွင်း အသင်းတော်တာဝန်များအတွက် အရည်အချင်းပြည့်မီရန် ကြိုးစားအားထုတ်ပါ။ ထို့ပြင် “ထာဝရဘုရားကိုချီးမွမ်းလျက် ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းချီးပေးကြစေ” ဟုဆိုခဲ့သော ဒါဝိဒ်၏သဘောထားမျိုး တင်ပြပါလေ။—ဆာ. ၁၄၅:၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ