လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဧပြီ ၉ ရက်တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မတ် ၁၅ ကင်းမျှော်စင် နှင့် မတ်လထုတ်နိုးလော့! ဝေငှပုံကိုသရုပ်ပြပါ။
၁၅ မိ– “တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့အားလုံး ပါဝင်နိုင်။”a အပိုဒ် ၄ ကိုဆွေးနွေးသည့်အခါ နှစ်ခြင်းမခံမီက ညီအစ်ကိုညီအစ်မများထံမှ မည်သို့အားပေးမှုရရှိခဲ့ကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခု၊ နှစ်ခုကို ကြိုတင်ပြင်ဆင်ထားနိုင်သည်။
၂၀ မိ– ဘုရားသခင်အားချီးမွမ်းရန် စည်းလုံးစွာဆောက်လုပ်ခြင်း။ ၂၀၀၆၊ နိုဝင်ဘာ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၁၇-၂၁ ကိုအခြေခံပြီး အကြီးအကဲတစ်ဦးဟောရန်။
သီချင်း ၄၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၆ ရက်တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှရွေးချယ်ထားသော ကြေညာချက်များ။
၁၅ မိ– “ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပါဌ်တရားတော်ကို ဟောပြောကြ။”b အချိန်ရသရွေ့ ကိုးကားထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အားဖိတ်ခေါ်ပါ။
၂၀ မိ– “မဂ္ဂဇင်းတင်ဆက်နည်းအတွက် ပြင်ဆင်နိုင်ပုံ။”c သုံးမိနစ် ကြာ သရုပ်ပြတစ်ခုတင်ဆက်ပါ။ ဖြစ်နိုင်လျှင် ကြေညာသူမောင်နှံနှစ်ဦးသည် စာမျက်နှာ ၈ မှ မတ်လထုတ် မဂ္ဂဇင်းများ ဝေငှနည်းတစ်ခုကို ရွေးချယ်ပြီး ကိုယ်ပိုင်စကားဖြင့်ပြင်ဆင်ကြသည်။ ထို့နောက် “မဂ္ဂဇင်းတင်ဆက်နည်းအတွက် ပြင်ဆင်နိုင်ပုံ” ခေါင်းစဉ်အောက်မှ အကြံပြုချက်များကိုသုံးကာ သူတို့ရပ်ကွက်နှင့် သက်ဆိုင်သော မဂ္ဂဇင်းဆောင်းပါးတစ်ခု တင်ဆက်ပုံကို ပြင်ဆင်ကြသည်။
သီချင်း ၂၀၇ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၈ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားအကြံပြုချက်များကိုအသုံးပြု၍ ဧပြီ ၁ ကင်းမျှော်စင်ဝေငှပုံကို သရုပ်ပြပါ။ ဧပြီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၅ မိ– ကြည့်ရှုလော့! အံ့ဖွယ်သောအလင်းတော်ပါတကား! ၂၀၀၇၊ မတ် ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၄ ကိုအခြေခံ၍ဟောပြောရန်။
၂၀ မိ– “သမ္မာကျမ်းစာကို ကျွန်ုပ်တို့ရရှိခဲ့ပုံ။”d
သီချင်း ၁၇၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၃၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “သင် လက်လှမ်းနေသလော။”e အကြီးအကဲတစ်ဦး ကိုင်တွယ်ရန်။
သီချင်း ၄၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– ဝတ်ပြုရာနေရာများအတွက် အစီအစဉ်များ။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၊ အခန်း ၁၁ ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။
၂၀ မိ– “အိမ်တွင် လူမရှိသည့်အခါ။”f လုပ်ငန်းတော်ကြီးကြပ်မှူးကိုင်တွယ်ရန်။
သီချင်း ၁၇၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
f အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။