ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၇ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဖေဖော်ဝါရီ ၁၂ တွင် စမည့်အပတ်
  • ဖေဖော်ဝါရီ ၁၉ တွင် စမည့်အပတ်
  • ဖေဖော်ဝါရီ ၂၆ တွင် စမည့်အပတ်
  • မတ် ၅ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၂/၀၇ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဖေဖော်ဝါရီ ၁၂ တွင် စမည့်အပတ်

သီချင်း ၅၂

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် နှင့် ဇန်နဝါရီလထုတ် နိုးလော့! ဝေငှပုံကို သရုပ်ပြပါ။ တင်ဆက်မှုတစ်ခုတွင် “ကျွန်တော် ဘာသာရေးစိတ်မဝင်စားဘူး” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကို သရုပ်ပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စစ. ၁၆-၁၇ ရှု။

၃၅ မိ– “ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြလော့။”a လုပ်ငန်းတော်ကြီးကြပ်မှူး ကိုင်တွယ်ရန်။ ဆွေးနွေးစဉ် အောက်မေ့ရာပွဲကျင်းပမည့်အချိန်နှင့်နေရာ၊ လယ်ကွင်းစုဆုံမှုများအတွက် အစီအစဉ်များနှင့် ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်ငန်းနှင့်ပတ်သက်၍ အသင်းတော်၏ပန်းတိုင်ကို ကြေညာပါ။

သီချင်း ၁၄၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၁၉ တွင် စမည့်အပတ်

သီချင်း ၁၉၈

၅ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အသုံးပြုရာတွင် ကြီးမြတ်သောဆရာကို တုပခြင်း။”b အပိုဒ် ၆ ကိုသုံးသပ်ပြီးနောက် ကြေညာသူတစ်ဦးသည် သမ္မာကျမ်းစာသွန်သင်ရာစာအုပ် အခန်း ၆ အဆုံးရှိ လေးထောင့်ကွက်ကို သင်သားနှင့်အတူ ပြန်လည်သုံးသပ်နေပုံကို သရုပ်ပြပါ။

၂၀ မိ– မတ်လတွင် ကျမ်းစာသင်အံမှုတစ်ခု ကျင်းပနိုင်မည်လော။ ပရိသတ်နှင့်ဆွေးနွေးရန်။ မတ်လ၏ပထမလဝက်အတွင်း ကျမ်းစာသင်အံမှုများစတင်ရန် ရည်ရွယ်ချက်ဖြင့် သမ္မာကျမ်းစာသွန်သင်ရာစာအုပ် [လိပ်] ကိုဝေငှပါမည်။ ဦးဆုံးအကြိမ်တွေ့ဆုံချိန်တွင် သင်အံမှုစတင်ပုံကို သရုပ်ပြပါ။ ထိုစာအုပ် အသုံးပြုခြင်းမှ ရရှိသောတွေ့ကြုံမှုများ၊ အထူးသဖြင့် ကျမ်းစာသင်အံမှုစတင်နိုင်ခဲ့သည့် တွေ့ကြုံမှုများကို ပြောပြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။

သီချင်း ၂၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၂၆ တွင် စမည့်အပတ်

သီချင်း ၂၉

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ  ၈  မှအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားအကြံပြုချက်များကိုအသုံးပြု၍ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် ဝေငှပုံကို သရုပ်ပြပါ။ တင်ဆက်မှုတွင် ကြေညာသူတစ်ဦးသည် စီးပွားရေးရပ်ကွက်၌ သက်သေခံနေပုံကို သရုပ်ပြပါ။

၁၅ မိ– “မလှုပ်မရှားဖြစ်နေသူများကို မမေ့လျော့ပါနှင့်။”c ၂၀၀၄၊ မေ ၁ ကင်းမျှော်စင် စာမျက်နှာ ၂၁-၂၊ အပိုဒ် ၁၃-၁၆ မှ မှတ်ချက်များပါဝင်စေပါ။

၂၀ မိ– “ဓမ္မအမှုလုပ်ငန်းတွင် ခရစ်တော်ကိုတုပခြင်း။”d အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို ဖတ်ပြီး မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၅ တွင် စမည့်အပတ်

သီချင်း ၃၂

၁၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ ပရိသတ်ယောက်တိုင်းကို အောက်မေ့ရာပွဲ အထူးဖိတ်စာတစ်စောင်စီပေးပြီး ရပ်ကွက်တွင် ဖိတ်စာဝေငှမည့်အစီအစဉ်များကို ပြန်လည်သုံးသပ်ပါ။ ယောက်တိုင်း အပြည့်အဝပါဝင်ကြရန် တိုက်တွန်းပါ။ ဖိတ်စာဝေငှပုံနှင့်ပတ်သက်သော သရုပ်ပြတစ်ခု ပါဝင်စေပါ။

၁၅ မိ– သတင်းကောင်းကို စနစ်တကျဟောပြောခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း စာအုပ်၊ စာမျက်နှာ ၁၀၂ ပါခေါင်းစဉ်မှ အခန်းအဆုံးအထိကို အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။

၁၅ မိ– “အဖိုးတန်ဘဏ္ဍာ အပ်နှင်းခံရ။”e အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၀၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ