လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဒီဇင်ဘာ ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် နှင့် နိုဝင်ဘာ နိုးလော့! ဝေငှပုံကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုတွင် “ကျွန်တော်စိတ်မဝင်စားဘူး” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ ပြန်ပုံကိုပြပါ။—ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စ. ၁၆ ရှု။
၁၅ မိ– ၂၀၀၇ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်း။ ကျောင်းကြီးကြပ်မှူးက ဟောပြော၍ လူတွေ့မေးမြန်းခန်းများပြုလုပ်ရန်။ ၂၀၀၆၊ အောက်တိုဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်မှ ဒေသခံအသင်းတော်နှင့်သက်ဆိုင်သော အချက်များကို ဆွေးနွေးပါ။ ကျောင်းသားတစ်ဦး လုပ်ဆောင်သွားမည့် စကားပြောအရည်အသွေးကို ကျောင်းကြီးကြပ်မှူး ကြိုတင်ကြေညာမည်မဟုတ်ကြောင်း ရှင်းပြပါ။ ကျွန်ုပ်တို့သည် ၂၀၀၇ ခုနှစ်အတွင်း ဟေရှာယ ၂၄ မှ မာလခိကျမ်းအဆုံးထိ ဟေဗြဲကျမ်းစောင်များကို အပြီးဖတ်ရှုကြမည်ဖြစ်သောကြောင့် ကျမ်းစာပေါ်လွင်ချက်များပြင်ဆင်ရန် တာဝန်ကျသောညီအစ်ကိုများနှင့် မှတ်ချက်များပေးကြမည့်သူများအတွက် ဤပရောဖက်ပြုချက်ကျမ်းများကို ထိုးထွင်းသိမြင်စေသည့် ကျွန်ုပ်တို့၏စာပေများအား အသုံးပြုရန် အချိန်အခါကောင်းဖြစ်ပါမည်။ အောက်ပါတို့အနက် ကြေညာသူနှစ်ဦး သို့မဟုတ် သုံးဦးကို လူတွေ့မေးမြန်းပါ– ကျောင်းသားသစ်တစ်ဦး၊ ကောင်းစွာတိုးတက်နေသည့် ကျောင်းသားငယ်တစ်ဦးနှင့် အတွေ့အကြုံရှိသောကျောင်းသားတစ်ဦး။ သူတို့၏ဓမ္မအမှုနှင့် ဝိညာဉ်ရေးအပေါ် ကျောင်း၏ အကျိုးသက်ရောက်မှုများကို ပြောပြစေပါ။ မိမိတို့၏တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရာတွင်၊ ကျမ်းစာပေါ်လွင်ချက်များ၌ ပါဝင်ရာတွင်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပညာရေးမှအကျိုးရယူ မှ ပတ်စဉ်ပေးလာသည့် အကြံပြုချက်များကို ကျင့်သုံးရာတွင် ဝီရိယရှိကြရန် အားလုံးကို တိုက်တွန်းပါ။
၂၀ မိ– “သင်၏ ရှေးဦးစွာသောချစ်ခြင်းမေတ္တာ မပျောက်စေပါနှင့်။”aအချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
သီချင်း ၁၉၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၈ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဒီဇင်ဘာ ၂၅ ရက်နှင့် ဇန်နဝါရီ ၁ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ဖော်ပြပါ။
၂၀ မိ– “အတော်အတန်စိတ်ဝင်စားမှုပြသူ အားလုံးထံ ပြန်လည်ပတ်ပါ။”bအလွတ်သဘောသက်သေခံချိန်တွင် တွေ့ဆုံခဲ့ရသော စိတ်ဝင်စားသူများထံမှ ဆက်သွယ်ရန်လိပ်စာ မည်သို့ရယူနိုင်ခဲ့ကြောင်းနှင့် ထိုသို့သောသူများထံ ပြန်လည်ပတ်မှုပြုလုပ်ခြင်းမှ ရရှိသည့် ထူးခြားသောတွေ့ ကြုံမှုတစ်ခုခု ပြောပြကြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။
၂၀ မိ– လူငယ်တို့—ဝိညာဉ်ရေးဘက်တွင် သင်တို့တိုးတက်နေသလော။ ၂၀၀၃၊ ဧပြီ ၁ ရက်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၈-၁၀ ကိုအခြေခံ၍ ဟောပြောရန်။ လက်တွေ့ကျပြီး လက်လှမ်းမီနိုင်သော ပန်းတိုင်အချို့ကို ဖော်ပြကာ ဝိညာဉ်ရေးပန်းတိုင်များ သတ်သတ်မှတ်မှတ်ထားကြရန် လူငယ်တို့ကို အားပေးပါ။
သီချင်း ၁၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၄ ပါအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားအကြံပြုချက်များကိုအသုံးပြု၍ ဒီဇင်ဘာ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုနိဂုံးတွင် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို အသုံးပြု၍ နောက်တစ်ကြိမ်လည်ပတ်သည့်အခါ ဖြေဆိုပေးနိုင်သော စဉ်းစားစရာမေးခွန်းတစ်ခုကို မေးပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “သင်၌ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခုရှိသလော။”cရပ်ကွက်တစ်ခုကို အကြိမ်မည်မျှ အမှုဆောင်လျက်ရှိကြောင်းနှင့် ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်များ မည်သို့ရရှိနိုင်ကြောင်း လုပ်ငန်းတော်ကြီးကြပ်မှူးထံမှ မှတ်ချက်တိုများပါဝင်စေပါ။
သီချင်း ၂၁၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၅ မိ– ဓမ္မအမှုတိုးတက်မှုနှင့်စပ်လျဉ်း၍ မှတ်တမ်းပေးပို့ခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၈၃ ရှိခေါင်းစဉ်ငယ်မှ အခန်းအဆုံးအထိကို အခြေခံ၍ ဟောပြောကာ ပရိသတ်နှင့်ဆွေးနွေးရန်။
၂၅ မိ– ခရိုင်စည်းဝေးကြီးပေါ်လွင်ချက်များ။ ဤနှစ်အတွင်းကျင်းပခဲ့သည့် ခရိုင်စည်းဝေးကြီးမှ ပေါ်လွင်ချက်များကို ကျေးဇူးပြု၍ သုံးသပ်ပါ။ စည်းဝေးကြီးအစီအစဉ်တစ်ခုလုံးကို သုံးသပ်ဖို့မလိုပေ။ လယ်ကွင်းလုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်သည့်အပိုင်းများကို ပေါ်လွင်စေပါ။ ယင်းအချက်အလက်များကို မိမိတို့၏ဓမ္မအမှုတွင် မည်သို့လက်တွေ့ကျင့်သုံးနေကြောင်း မှတ်ချက်ပေးကြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ ကျေးဇူးပြု၍ ဤအပိုင်းကို မေးဖြေဆွေးနွေးပါ။
သီချင်း ၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။