လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇွန် ၁၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ ရှိအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မေ ၁၅ ကင်းမျှော်စင် နှင့် ဇွန်လထုတ် နိုးလော့! အတွက်ဝေငှပုံကို သရုပ်ပြပါ။ တင်ဆက်မှုတစ်ခု၌ အလွတ်သဘောသက်သေခံရသည့်အခြေအနေတစ်ခုတွင် မဂ္ဂဇင်းများဝေငှနေပုံကို သရုပ်ပြပါ။
၂၀ မိ– “ကျွန်ုပ်တို့၏ဓမ္မအမှု—သနားကြင်နာသည့်လုပ်ငန်း။”a အချိန်ရသရွေ့ ညွှန်းထားသည့်ကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
၁၅ မိ– ‘သစ္စာနှင့်သတိပညာရှိကျွန်’ ကိုယုံကြည်စိတ်ချခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ အခန်း ၃ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။
သီချင်း ၄၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၂၀ မိ– အချိန်တန်၍ပြောသောစကားသည် အလွန်လျောက်ပတ်ပေ၏! ဇန်နဝါရီ ၁၊ ၂၀၀၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၉ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ နိဒါန်းတွင် “အကျိုးကျေးဇူးများ” ဟူသောခေါင်းစဉ်ငယ်အောက် ဆွေးနွေးထားသည့် အခြားသူများအား ချီးမွမ်းပေးခြင်း၏ အကျိုးကျေးဇူးလေးခုကို ပေါ်လွင်စေပါ။ ထို့နောက် အောက်ပါမေးခွန်းများကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ– ချီးမွမ်းခံထိုက်သူများတွင် မည်သူသည် ဦးဆုံးပုဂ္ဂိုလ်ဖြစ်သနည်း။ ဝတ်ပြုကိုးကွယ်သူချင်းများသည် အဘယ်ကြောင့် သင့်တော်သလို ချီးမွမ်းခံထိုက်သနည်း။ အသင်းတော်တွင် ချီးမွမ်းပေးရန် ကျွန်ုပ်တို့၌ အဘယ်အခွင့်အရေးများရှိသနည်း။ မိသားစုဝင်များကို ချီးမွမ်းပေးခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။ ချီးမွမ်းခံရခြင်းကြောင့် သင် မည်သို့အားရှိခဲ့သနည်း။
၁၅ မိ– “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ချီးမွမ်းပေးခြင်းဖြင့်။”b ကြေညာသူတစ်ဦးသည် အိမ်ရှင်ကို ဂရုစိုက်နားထောင်ပြီး စိတ်ရင်းမှန်ဖြင့်ချီးမွမ်းပေးကာ အိမ်ရှင်၏စကားအပေါ်အခြေပြု၍ သင့်လျော်သောကျမ်းချက်တစ်ချက်ဖတ်ပြနေသည့် တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။
သီချင်း ၉၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၆ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၄ ရှိအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဇွန် ၁ ကင်းမျှော်စင် ဝေငှပုံ သရုပ်ပြပါ။ တင်ဆက်မှုနိဂုံးတွင် ကြေညာသူသည် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို အသုံးပြု၍ နောက်တစ်ကြိမ် လည်ပတ်သောအခါ ဖြေဆိုပေးနိုင်သည့် စဉ်းစားစရာမေးခွန်းတစ်ခုကို မေးသည်။
၁၀ မိ– ဘာသာခြားစကားပြောအသင်းတော်များ။ မတ် ၁၅၊ ၂၀၀၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၇-၂၀ ကိုအခြေခံ၍ ဟောပြောရန်။ ဖွဲ့စည်းထားခြင်း စာအုပ်၊ စာမျက်နှာ ၁၁၂၊ အပိုဒ် ၂ နှင့်စပ်လျဉ်းသည့်မှတ်ချက်များ ပါဝင်စေပါ။ အကြောင်းအရာ၏ ဒေသန္တရသက်ဆိုင်ပုံကိုတင်ပြပါ။ ယင်းသည် နိုင်ငံများစွာတွင် သက်သေခံခြင်းလုပ်ငန်းတိုးချဲ့သည့် နည်းလမ်းတစ်ခုဖြစ်နေပုံကို ဖော်ပြပါ။
၂၀ မိ– ဇူလိုင်လတွင် သတင်းကောင်းတင်ဆက်ခြင်း။ သင့်ရပ်ကွက်ရှိလူအများသည် မည်သည့်အကြောင်းအရာများကို စိတ်ဝင်စားကြသနည်း။ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ထိထိရောက်ရောက်အသုံးပြုခဲ့ပြီး ကျမ်းစာသင်အံမှုတစ်ခု စတင်ကောင်းစတင်ခဲ့မည့် ကြေညာသူတစ်ဦးနှစ်ဦးကို တိုတိုတုတ်တုတ် လူတွေ့မေးမြန်းပါ။ ထို့နောက် သင့်ရပ်ကွက်တွင် ထိရောက်မှုရှိခဲ့သည့် တင်ဆက်နည်းတစ်ခုကို အသုံးပြု၍ ဝေငှမည့်စာပေအတွက် တစ်အိမ်မှတစ်အိမ်တင်ဆက်မှုကို သရုပ်ပြပါ။—ဇန်နဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၁၀ အပိုဒ် ၅ ရှု။
သီချင်း ၂၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများမပေးရသေးလျှင် ပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “သင့်ဝိညာဏပန်းတိုင်များ ပြည့်မီစေနိုင်ပုံ။”c သူတို့၏ဝိညာဏပန်းတိုင်များနှင့် ယင်းတို့ပြည့်မီရန် သူတို့လုပ်ဆောင်နေသောအရာများနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးဖို့ အသင်းတော်ရှိလူငယ်များကို ဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခုနှစ်ခုကို ကြိုတင်စီစဉ်ထားနိုင်သည်။
သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။