လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဖေဖော်ဝါရီ ၁၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် နှင့် ဖေဖော်ဝါရီ နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတစ်ခု၌ လူအများရှိသောနေရာတွင် သက်သေခံနေပုံကိုပြပါ။
၁၀ မိ– သင်သည် ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ ရင်ပေါင်တန်းနေပါသလော။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၇-၁၀ ကိုအခြေခံ၍ ဟောပြောရန်။
၂၅ မိ– “‘ဤလောက၏အလင်း’ ကိုအာရုံစိုက်စေလော့။”aလုပ်ငန်းတော်ကြီးကြပ်မှူးကိုင်ရန်။ အရန်ရှေ့ဆောင်များအဖြစ် စာရင်းသွင်းထားသူများ၏အမည်ကို ကြေညာပါ။ စီစဉ်ထားသည့် လယ်ကွင်းလုပ်ငန်းအတွက် ထပ်ဆင့်စုဆုံမှုများကို ဖော်ပြပါ။ ဖေဖော်ဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်၏ စာမျက်နှာ ၅ ရှိ အရန်ရှေ့ဆောင်ဇယားနမူနာများနှင့်စပ်လျဉ်းသည့် မှတ်ချက်များပါဝင်စေပါ။
သီချင်း ၂၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ဟောပြောရန် အခွင့်အရေးများဖန်တီးပါ။”bခက်ခဲသောအခြေအနေများရှိသည့် ကြေညာသူတစ်ဦးအား ဖိတ်ခေါ်ကာ သက်သေခံရန် အခွင့်အရေးများကို သူမည်သို့ဖန်တီးနိုင်ခဲ့ကြောင်း မှတ်ချက်ပေးစေပါ။
၂၀ မိ– “အသင့်ရရှိနိုင်သောအကူအညီ။”cအကြီးအကဲတစ်ဦးကိုင်ရန်။ နိုဝင်ဘာ ၁၉၉၈ နှင့် နိုဝင်ဘာ ၂၀၀၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာများနှင့်စပ်လျဉ်းသည့် မှတ်ချက်တိုများပါဝင်စေပါ။
သီချင်း ၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာတို့ကို ဖတ်ပြပါ။ ဖေဖော်ဝါရီလ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၈ ပါအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် အတွက်တင်ဆက်ပုံကို သရုပ်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်—ကျွန်ုပ်တို့၏ ကျမ်းစာသင်အံမှု အဓိကအထောက်အကူ။”dဤစာအုပ်အသစ်ဖြင့် ကျမ်းစာသင်အံမှုများစတင်ရန် စိတ်အားထက်သန်မှု ဖြစ်ပေါ်စေပါ။
သီချင်း ၁၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဝေစာများသည် သယ်ယူရန်လွယ်ကူပြီး အမြင်အားဖြင့် ဆွဲဆောင်မှုရှိသောကြောင့် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ပါဝင်သည့်အခါ၊ လူအများရှိသောနေရာများတွင် ဟောပြောသည့်အခါနှင့် အလွတ်သဘောသက်သေခံသည့်အခါတို့တွင် စကားစမြည်စတင်ပြောဆိုရန်အတွက် အသုံးဝင်သည်။ ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ! ဝေစာအသစ်ကိုအသုံးပြု၍ စကားစမြည်စတင်ပြောဆိုပုံကို သရုပ်ပြပါ။ ဝေစာ၏စာမျက်နှာ ၂ ရှိ ကိုးကားထားသောကျမ်းချက်များမှ တစ်ချက်ကို ဖော်ပြပါ။
၁၅ မိ– “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ပြင်ဆင်ထားခြင်းဖြင့်။”eကျွန်ုပ်တို့၏စာပေများမှ တစ်ခုကိုဝေငှရန် ကြေညာသူနှစ်ဦး ပြင်ဆင်နေပုံကိုပြသည့် တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။ သူတို့သည် တင်ဆက်မှုတစ်ခုကို ရွေးချယ်ပြီး မိမိတို့ကိုယ်ပိုင်စကားဖြင့် မည်သို့ပြောဆိုနိုင်ပုံကို ဆွေးနွေးကာ ဒေသခံရပ်ကွက်နှင့်အံဝင်ရန် ပြုပြင်ကြသည်။ သူတို့သည် တင်ဆက်မှုကို အသံကျယ်ကျယ်ဖြင့် အတူတူအစမ်းလေ့ကျင့်တော့မည့်အချိန်တွင် သရုပ်ပြကို နိဂုံးချုပ်ကြသည်။
၂၀ မိ– “သွန်သင်ပေးသည့် ရုပ်မြင်သင်ထောက်ကူများကိုအသုံးပြုပါ။”f သင်သည် ဆောင်းပါးတွင်ပါသည့် ဗီဒီယိုတစ်ခွေစီကို ဆွေးနွေးစဉ် ဗီဒီယိုခွေအဖုံးကိုပြကာ ယင်းတွင်ပါသောအချက်အလက်များကိုဖော်ပြထားသည့် အကျဉ်းချုံးကောက်နုတ်ချက်ကို ဖတ်ပြပါ။ ဓမ္မအမှုတွင် ဗီဒီယိုခွေများအသုံးပြုခြင်းဖြင့် သူတို့ရရှိခဲ့သည့် တွေ့ ကြုံမှုများပြောပြရန် ပရိသတ်အား တောင်းဆိုပါ။—၁၉၉၇ နှစ်ချုပ်စာအုပ်၊ စ. ၅၄ [လိပ်] နှင့် ၁၉၉၅ နှစ်ချုပ်စာအုပ်၊ စစ. ၅၀-၅၁ [လိပ်] ရှု။
သီချင်း ၆၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
f အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။