၂၀၀၆ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်
ညွှန်ကြားချက်များ
၂၀၀၆ ခုနှစ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။
ပင်ရင်းအကြောင်းအရာ– ကမ္ဘာသစ်ဘာသာပြန်ကျမ်း [ကဘ]၊ ကင်းမျှော်စင် [က]၊ သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ [ပက]၊ ‘ကျမ်းစာတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု’ [ဘကမ-၀၁၊ ၀၂ (bsi01,02-BU)] နှင့် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း [ကက]။
သီချင်းဆို၊ ဆုတောင်း၊ ကြိုဆိုနှုတ်ဆက်ခြင်းဖြင့် ကျောင်းကို အချိန်မီ စတင်သင့်သည်။ ထို့နောက် အောက်ပါအတိုင်း ကျင်းပသွားရန်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် တစ်ခုစီပြီးတိုင်း နောက်အပိုင်းကိုမိတ်ဆက်ပေးမည်။
စကားပြောအရည်အသွေး– ၅ မိနစ်။ ကျောင်းကြီးကြပ်မှူး၊ အရန်သွန်သင်ချက်ပေးသူ သို့မဟုတ် အခြားအရည်အချင်းပြည့်မီသော အကြီးအကဲတစ်ဦးသည် ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်ကို အခြေပြုထားသည့် စကားပြောအရည်အသွေးတစ်ခုကို ဆွေးနွေးပါမည်။ (အကြီးအကဲအရေအတွက်နည်းသည့် အသင်းတော်များတွင် အရည်အချင်းပြည့်မီသော ဓမ္မအမှုထမ်းများကို အသုံးပြုနိုင်သည်။)
တာဝန်နံပါတ် ၁– ၁၀ မိနစ်။ ယင်းကို အရည်အချင်းပြည့်မီသောအကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦး ကိုင်တွယ်သင့်သည်။ ကင်းမျှော်စင်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ သို့မဟုတ် ‘ကျမ်းစာတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု’ ပါအကြောင်းကို အခြေခံမည်ဖြစ်သည်။ ယင်းကို ပြန်လည်မေးမြန်းခြင်းမပြုဘဲ ဆယ်မိနစ်လုံးလုံး သွန်သင်ဟောပြောချက်အနေနှင့် တင်ပြရန်ဖြစ်သည်။ ဦးတည်ချက်မှာ အကြောင်းအရာကို အပြီးတင်ပြနိုင်ရုံသာမဟုတ်ဘဲ ဆွေးနွေးဖော်ပြသည့်အချက်အလက်များ၏ လက်တွေ့ကျတန်ဖိုး ကို အာရုံစူးစိုက်ရန်ဖြစ်သင့်သည်၊ အသင်းတော်အတွက် အကူအညီအဖြစ်ဆုံးသောအချက်များကို ပေါ်လွင်စေသင့်သည်။ ဖော်ပြထားသောအဓိကအကြောင်းကို အသုံးပြုသင့်သည်။ ဤဟောပြောချက်ကို တာဝန်ရသောညီအစ်ကိုများသည် ကန့်သတ်ထားချိန်အတွင်း ဟောပြောရန် ဂရုစိုက်မည်ဟု မျှော်လင့်ပါသည်။ လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးနိုင်သည်။
ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ– ၁၀ မိနစ်။ ပထမငါးမိနစ်တွင် အရည်အချင်းပြည့်မီသောအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ဒေသလိုအပ်ရာများနှင့်အညီ သက်ဆိုင်ပုံကို တင်ပြသင့်သည်။ သူသည် အပတ်အတွက် တာဝန်ပေးထားသောကျမ်းစာဖတ်ရှုခြင်းမှ မည်သည့်အပိုင်းကိုမဆို မှတ်ချက်ပေးနိုင်သည်။ ဖတ်ရှုရန်ပေးထားသည့်အခန်းများကို အကျဉ်းချုံးဖော်ပြရုံမျှမဖြစ်သင့်။ အဓိကဦးတည်ချက်မှာ အချက်အလက်များသည် အဘယ်ကြောင့် နှင့် အဘယ်သို့ တန်ဖိုးရှိသည်ကို ပရိသတ်သဘောပေါက်စေရန်ဖြစ်၏။ ဟောပြောသူသည် အဖွင့်ပိုင်းအတွက်သတ်မှတ်ထားသည့် ငါးမိနစ်ထက်မကျော်စေရန် ဂရုစိုက်သင့်သည်။ သူသည် ပရိသတ်ပါဝင်မှုအတွက် ငါးမိနစ်ကို သီးသန့်ဖယ်ထားကြောင်း သေချာစေသင့်သည်။ ကျမ်းစာဖတ်ရှုခြင်းတွင် သူတို့သိရှိသဘောပေါက်ခဲ့ရာများနှင့် ယင်းတို့၏အကျိုးကျေးဇူးများအပေါ် တိုတုတ်သော မှတ်ချက်များ (၃၀ စက္ကန့် သို့မဟုတ် ထိုထက်နည်းလျက်) ပေးကြရန် ပရိသတ်ကိုဖိတ်ခေါ်သင့်သည်။ ထို့နောက် ကျောင်းကြီးကြပ်မှူးသည် အခြားအတန်းများတွင် တာဝန်ရထားသော ကျောင်းသားများအား ထွက်သွားစေပါမည်။
တာဝန်နံပါတ် ၂– ၄ မိနစ် သို့မဟုတ် ထိုထက်နည်း။ ညီအစ်ကိုတစ်ဦးကိုပေးရမည့် ဖတ်ရှုခြင်းတာဝန်ဖြစ်၏။ ကျောင်းသားသည် နိဒါန်း သို့မဟုတ် နိဂုံးမပါဘဲ တာဝန်ပေးထားသည့် အကြောင်းအရာကို ဖတ်ပြရမည်။ သူသည် ဆာလံကျမ်းမှ တာဝန်ရသည့်အခါ ကျမ်းပိုဒ်အထက်ရှိရေးသားချက်ကိုပါ ဖတ်ရပါမည်။ ကျောင်းကြီးကြပ်မှူးသည် သဘောပေါက်မှု၊ သွက်လက်ပြေပြစ်မှု၊ အဓိပ္ပာယ်ပေါ်စေသည့် လျောက်ပတ်သောလေးနက်မှု၊ အသံအပြောင်းအလဲ၊ သင့်လျော်သောရပ်တန့်ခြင်းနှင့် သဘာဝကျကျဖတ်တတ်ဖို့ ကျောင်းသားများကိုကူညီရန် အထူးစိတ်ဝင်စားမည်။
တာဝန်နံပါတ် ၃– ၅ မိနစ်။ ယင်းကို ညီအစ်မတစ်ဦးအား တာဝန်ပေးပါမည်။ ဤတာဝန်ရသောကျောင်းသူများအား ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၈၂ တွင်ဖော်ပြထားသည့်ဇယားမှ ဇာတ်အိမ်တစ်ခုကို သတ်မှတ်ပေးမည် သို့မဟုတ် ရွေးချယ်စေမည်။ ကျောင်းသူသည် ပေးထားသည့်အဓိကအကြောင်းကို အသုံးပြုကာ ဒေသခံရပ်ကွက်အတွက် သဘာဝကျပြီး လက်တွေ့ကျသော လယ်ကွင်းလုပ်ငန်းကဏ္ဍတစ်ခုနှင့် ယင်းကိုသက်ဆိုင်စေသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသူသည် ကျွန်ုပ်တို့၏စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက် အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပါမည်။ ကျောင်းသူအသစ်များအား ရည်ညွှန်းချက်များပေးထားသောတာဝန်များကို ပေးသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသူက အကြောင်းအရာအား အဆင့်ဆင့်ရှင်းလင်းတင်ပြသွားပုံ၊ အိမ်ရှင်အား ကျမ်းချက်များအပေါ်ဆင်ခြင်ရန်နှင့် တင်ဆက်သည့်အဓိကအချက်များအားနားလည်ရန် ကူညီပေးပုံတို့ကို အထူးစိတ်ဝင်စားမည်။ ကျောင်းကြီးကြပ်မှူးသည် အကူတစ်ဦးကို ခန့်အပ်ပေးမည်ဖြစ်သည်။
တာဝန်နံပါတ် ၄– ၅ မိနစ်။ ကျောင်းသားသည် ပေးထားသည့်အဓိကအကြောင်းကို အဆင့်ဆင့် ရှင်းလင်းတင်ပြသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသားသည် ကျွန်ုပ်တို့၏စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက်အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပါမည်။ ဤအပိုင်းကို ညီအစ်ကိုတစ်ဦးအား တာဝန်ပေးလျှင် နိုင်ငံတော်ခန်းမရှိပရိသတ်ကို ရည်စူးဟောပြောသည့်အနေဖြင့် တင်ပြသင့်သည်။ ညီအစ်မတစ်ဦးကိုတာဝန်ပေးလျှင် တာဝန်နံပါတ် ၃ အတိုင်း အမြဲတင်ဆက်သင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သင့်လျော်သည့်အခါတိုင်း တာဝန်နံပါတ် ၄ ကို ညီအစ်ကိုတစ်ဦးအား ပေးနိုင်သည်။ ဘေးတွင် ခရေပွင့်ပြထားသော အဓိကအကြောင်းများကို ဟောပြောချက်အနေဖြင့် အဆင့်ဆင့်ရှင်းလင်းတင်ပြရန် ညီအစ်ကိုများအား အမြဲတာဝန်ပေးသင့်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။
အချိန်– မည်သည့်ဟောပြောချက်မျှ အချိန်မကျော်သင့်ပါ။ သွန်သင်ချက်ပေးသူ၏ မှတ်ချက်များလည်း အချိန်မကျော်သင့်ပါ။ တာဝန်နံပါတ် ၂ မှ နံပါတ် ၄ သည်အချိန်စေ့ပါက လိမ္မာပါးနပ်စွာ ရပ်ဆိုင်းစေသင့်သည်။ စကားပြောအရည်အသွေးတစ်ခုနှင့်ဆိုင်သည့် အဖွင့်ဟောပြောချက်၊ တာဝန်နံပါတ် ၁ သို့မဟုတ် ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များတင်ပြရန် တာဝန်ကျသောညီအစ်ကိုများ အချိန်ကျော်လျှင် သီးသန့်သွန်သင်ချက်ပေးသင့်သည်။ အားလုံး အချိန်မကျော်ရန် ဂရုစိုက်သင့်သည်။ သီချင်းဆိုခြင်းနှင့် ဆုတောင်းခြင်းမပါဘဲ ကျောင်းသည် စုစုပေါင်း ၄၅ မိနစ်ဖြစ်သည်။
သွန်သင်ချက်– ၁ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် တာဝန်နံပါတ် ၂၊ ၃ နှင့် ၄ ပြီးနောက် ချီးကျူးထိုက်သော ဟောပြောချက်ကဏ္ဍတစ်ရပ်နှင့်ဆိုင်သည့် တည်ဆောက်မှုဖြစ်စေသော ရှုမြင်ချက်အချို့ပေးရန် တစ်မိနစ် ထက်ကျော်မည်မဟုတ်ပေ။ သူ၏ဦးတည်ချက်မှာ “ကောင်းတယ်” ဟုဆိုရုံသာမဟုတ်ဘဲ ထိုတင်ဆက်မှုကဏ္ဍသည် အဘယ်ကြောင့်ထိရောက်မှုရှိကြောင်း သတ်သတ်မှတ်မှတ်အကြောင်းရင်းများကို ညွှန်ပြရန်ဖြစ်သည်။ ကျောင်းသားတစ်ဦးစီ၏လိုအပ်ရာနှင့်အညီ အပြုသဘောပါသော ထပ်ဆင့်သွန်သင်ချက်ကို အစည်းအဝေးပြီးသည့်အခါ သို့မဟုတ် အခြားအချိန်တစ်ချိန်တွင် သီးသန့်ပေးနိုင်သည်။
အရန်သွန်သင်ချက်ပေးသူ– ဖြစ်နိုင်လျှင် အကြီးအကဲအဖွဲ့သည် ကျောင်းကြီးကြပ်မှူးအပြင် အရန်သွန်သင်ချက်ပေးသူအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိအကြီးအကဲတစ်ဦးကို ရွေးချယ်နိုင်သည်။ အသင်းတော်တွင် အကြီးအကဲအတော်များများရှိပါက ဤတာဝန်ကို အရည်အချင်းပြည့်မီသောအကြီးအကဲတစ်ဦးလျှင် တစ်နှစ်စီထမ်းဆောင်နိုင်သည်။ အရန်သွန်သင်ချက်ပေးသူ၏တာဝန်သည် တာဝန်နံပါတ် ၁ နှင့် ကျမ်းစာပေါ်လွင်ချက်များတင်ဆက်သော ညီအစ်ကိုများအား လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးရန်ဖြစ်သည်။ သူသည် အကြီးအကဲချင်း သို့မဟုတ် ဓမ္မအမှုထမ်းချင်းများ၏ ထိုသို့သောဟောပြောချက် တစ်ခုပြီးတိုင်း သွန်သင်ချက်ပေးရန်မလိုပေ။
သွန်သင်ချက်ပုံစံ– ကျောင်းသုံးစာအုပ်တွင်။
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း– ၃၀ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းကို နှစ်လတစ်ကြိမ်ပြုလုပ်ပါမည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း စကားပြောအရည်အသွေးတစ်ခုနှင့် ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များကို သုံးသပ်ပြီးသည့်အခါ ယင်းကိုဆက်၍ပြုလုပ်ပါမည်။ နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းသည် လက်ရှိအပတ်အပါအဝင် ယခင်နှစ်လအတွင်း ကျောင်းတွင်သုံးသပ်ခဲ့သည့် အကြောင်းအရာအပေါ် အခြေခံမည်ဖြစ်သည်။ သင့်အသင်းတော် နှုတ်ဖြေပြန်လည်သုံးသပ်မည့်အပတ်တွင် တိုက်နယ်စည်းဝေးပွဲရှိလျှင် ပြန်လည်သုံးသပ်ခြင်း (နှင့် ပတ်စဉ်အစီအစဉ်၏ကျန်အပိုင်း) ကို တစ်ပတ်ရွှေ့ဆိုင်းကာ နောက်အပတ်အစီအစဉ်ကို တစ်ပတ်စော၍ အသုံးပြုသင့်သည်။ တိုက်နယ်ကြီးကြပ်မှူးသည် နှုတ်ဖြေပြန်လည်သုံးသပ်မည့်အပတ်တွင် သင့်အသင်းတော်သို့လည်ပတ်မည်ဆိုလျှင် သီချင်း၊ စကားပြောအရည်အသွေးဟောပြောချက်နှင့် ကျမ်းစာပေါ်လွင်ချက်များကို အစီအစဉ်အတိုင်း တင်ဆက်သင့်သည်။ (စကားပြောအရည်အသွေးဟောပြောချက်ပြီးနောက် တင်ဆက်သည့်) သွန်သင်ခြင်းဟောပြောချက်ကိုမူ နောက်အပတ် အစီအစဉ်မှ ယူသင့်သည်။ နောက်အပတ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို စကားပြောအရည်အသွေးဟောပြောချက်နှင့် ကျမ်းစာပေါ်လွင်ချက်များဖြင့် အစီအစဉ်အတိုင်းကျင်းပကာ ၎င်းနောက် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းကို ဆက်သုံးသပ်မည်ဖြစ်သည်။
အစီအစဉ်
ဇန်. ၂ ကျမ်းစာဖတ်ရှုခြင်း–၂ ရာဇဝင်ချုပ် ၂၉–၃၂ သီချင်း ၉၁
စကားပြောအရည်အသွေး– သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးအပြည့်အဝရယူပါ (ပက စ. ၅ ¶(အပိုဒ်) ၁–စ. ၈ ¶(အပိုဒ်) ၁)
နံပါတ် ၁–ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် မွေ့လျော်ပါ (ပက စ. ၉ ¶၁-၅)
နံပါတ် ၂–၂ ရာဇဝင်ချုပ် ၃၀:၁-၁၂
နံပါတ် ၃–ခရစ်ယာန်စစ်များသည် အဘယ်ကြောင့် ရင့်သီးကြမ်းတမ်းစွာမပြောဆိုကြ
နံပါတ် ၄–ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် အပြစ်၏အကျိုးသက်ရောက်မှု (ကက စ. ၃၈၇ ¶၁-၄)
ဇန်. ၉ ကျမ်းစာဖတ်ရှုခြင်း–၂ ရာဇဝင်ချုပ် ၃၃–၃၆ သီချင်း ၁၄၄
စကားပြောအရည်အသွေး–တိကျသောဖတ်ရှုခြင်း (ပက စ. ၈၃ ¶၁-၅)
နံပါတ် ၁–၂ ရာဇဝင်ချုပ်—အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၁ စ. ၈-၉ ¶၃၄-၆)
နံပါတ် ၂–၂ ရာဇဝင်ချုပ် ၃၄:၁-၁၁
နံပါတ် ၃– စိုးလ်နှင့်ပတ်သက်သည့် ကျမ်းစာအဆို (ကက စ. ၈၇ ¶၁–စ. ၈၈ ¶၁)
နံပါတ် ၄–ကျမ်းစာ၏စာရိတ္တစံနှုန်းများစွဲကိုင်ရခြင်းကို ဘယ်တော့မျှမရှက်နှင့်
ဇန်. ၁၆ ကျမ်းစာဖတ်ရှုခြင်း–ဧဇရ ၁–၅ သီချင်း ၁၃၇
စကားပြောအရည်အသွေး–တိကျစွာဖတ်ရှုပုံ (ပက စ. ၈၄ ¶၁–စ. ၈၅ ¶၃)
နံပါတ် ၁–ဧဇရကျမ်း၏နိဒါန်း (ဘကမ-၀၁ စ. ၉-၁၀ ¶၁-၇)
နံပါတ် ၂–ဧဇရ ၁:၁-၁၁
နံပါတ် ၃–ရိုးဖြောင့်သောသြတ္တပ္ပစိတ်ရှိခြင်းမှရသည့် အကျိုးကျေးဇူးများ
နံပါတ် ၄–တိရစ္ဆာန်များသည် စိုးလ်ဖြစ်၏ (ကက စ. ၈၈ ¶၂–စ. ၈၉ ¶၂)
ဇန်. ၂၃ ကျမ်းစာဖတ်ရှုခြင်း–ဧဇရ ၆–၁၀ သီချင်း ၁၀၆
စကားပြောအရည်အသွေး–စကားလုံးများကို ရှင်းလင်းစွာပြောဆိုခြင်း (ပက စ. ၈၆ ¶၁-၆)
နံပါတ် ၁–ဧဇရကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၁ စ. ၁၁ ¶၁၄-၁၈)
နံပါတ် ၂–ဧဇရ ၆:၁-၁၂
နံပါတ် ၃–သေသောအခါ စိုးလ်ရော ဝိညာဉ် (စပီးရစ်) ပါ ဆက်၍အသက်မရှင် (ကက စ. ၈၉ ¶၃ စ. ၉၁ ¶၄)
နံပါတ် ၄–a အိမ်ထောင်မင်္ဂလာအပေါ် ဘုရားသခင်ရှုမြင်ပုံ
ဇန်. ၃၀ ကျမ်းစာဖတ်ရှုခြင်း–နေဟမိ ၁–၄ သီချင်း ၁၆၁
စကားပြောအရည်အသွေး–ရှင်းလင်းစွာပြောဆိုနိုင်ပုံ (ပက စ. ၈၇ ¶၁–စ. ၈၈ ¶၃)
နံပါတ် ၁–နေဟမိကျမ်း၏နိဒါန်း (ဘကမ-၀၁ စ. ၁၂ ¶၁-၅)
နံပါတ် ၂–နေဟမိ ၂:၁-၁၀
နံပါတ် ၃–အရေးအကြီးဆုံးသော လုံခြုံမှုအမျိုးအစား
နံပါတ် ၄–သန့်ရှင်းသောဝိညာဉ်တော် ဟူသည်မှာ (ကက စ. ၃၁၂ ¶၂–စ. ၃၁၃ ¶၁)
ဖေ. ၆ ကျမ်းစာဖတ်ရှုခြင်း–နေဟမိ ၅–၈ သီချင်း ၄၀
စကားပြောအရည်အသွေး–အသံထွက်မှန်ကန်ခြင်း—သုံးသပ်ရန်အခြေခံအကြောင်းများ (ပက စ. ၈၉ ¶၁–စ. ၉၀ ¶၂)
နံပါတ် ၁–သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုပါ (ပက စ. ၁၀ ¶၁–စ. ၁၂ ¶၃)
နံပါတ် ၂–နေဟမိ ၅:၁-၁၃
နံပါတ် ၃–လူတစ်ဦးအပေါ် သန့်ရှင်းသောဝိညာဉ်တော်တည်ရှိကြောင်း အထောက်အထား (ကက စ. ၃၁၃ ¶၃–စ. ၃၁၄ ¶၁)
နံပါတ် ၄–‘သင်၏နှလုံးကို စောင့်ရှောက်လော့’ (သု. ၄:၂၃)
ဖေ. ၁၃ ကျမ်းစာဖတ်ရှုခြင်း–နေဟမိ ၉–၁၁ သီချင်း ၁၅၉
စကားပြောအရည်အသွေး–အသံထွက်တိုးတက်စေရန်နည်းလမ်းများ (ပက စ. ၉၀ ¶၃–စ. ၉၂)
နံပါတ် ၁–စစ်မှုအစား ငြိမ်သက်သင့်တင့်မှုကို သင်ယူခြင်း (က၀၄ ၁/၁ စ. ၆¶၈–စ. ၇ ¶၅)
နံပါတ် ၂–နေဟမိ ၁၀:၂၈-၃၇
နံပါတ် ၃–ကျွန်ုပ်တို့ကို ယေဟောဝါချစ်တော်မူကြောင်း အထောက်အထား
နံပါတ် ၄–လူသေစဉ် မသေဘဲကျန်ရစ်သော ဝိညာဉ်အစိတ်အပိုင်းမရှိ (ကက စ. ၃၁၄ ¶၅–စ. ၃၁၅ ¶၂)
ဖေ. ၂၀ ကျမ်းစာဖတ်ရှုခြင်း–နေဟမိ ၁၂–၁၃ သီချင်း ၁၁၈
စကားပြောအရည်အသွေး–သွက်လက်ပြေပြစ်စွာတင်ဆက်ခြင်း (ပက စ. ၉၃ ¶၁–စ. ၉၄ ¶၃)
နံပါတ် ၁–နေဟမိကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (ဘကမ-၀၁ စ. ၁၃ ¶၁၆-၁၉)
နံပါတ် ၂–နေဟမိ ၁၃:၁-၁၄
နံပါတ် ၃–သေလွန်သူတစ်ဦးနှင့် အဘယ်ကြောင့် အဆက်အသွယ်မလုပ်နိုင် (ကက စ. ၁၅၂ ¶၃–စ. ၁၅၃ ¶၃)
နံပါတ် ၄–b အကြမ်းဖက်ဗီဒီယိုကစားနည်းများသည် ခရစ်ယာန်များအတွက်မဟုတ်
ဖေ. ၂၇ ကျမ်းစာဖတ်ရှုခြင်း–ဧသတာ ၁–၅ သီချင်း ၂၁၅
စကားပြောအရည်အသွေး–သွက်လက်ပြေပြစ်မှုကို တိုးတက်စေနိုင်ပုံ (ပက စ. ၉၄ ¶၄–စ. ၉၆ ¶၃၊ စာမျက်နှာ ၉၅ ရှိလေးထောင့်ကွက်မပါ)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
မတ် ၆ ကျမ်းစာဖတ်ရှုခြင်း–ဧသတာ ၆–၁၀ သီချင်း ၇၄
စကားပြောအရည်အသွေး–စကားထစ်မှုကို ဖြေရှင်းခြင်း (ပက စ. ၉၅၊ လေးထောင့်ကွက်)
နံပါတ် ၁–ဧသတာကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့် အကျိုးရှိကြောင်း (ဘကမ-၀၁ စ. ၁၄-၆ ¶၁-၆၊ ၁၆-၁၈)
နံပါတ် ၂–ဧသတာ ၆:၁-၁၀
နံပါတ် ၃–ဖြည်းညင်းသောစကားသည် အမျက်ကိုပြေစေနိုင်
နံပါတ် ၄–ခရစ်ယာန်စစ်များသည် နတ်ဝိဇ္ဇာအတတ်မှန်သမျှကို အဘယ်ကြောင့် ငြင်းပယ်ကြ (ကက စ. ၁၅၃ ¶၄–စ. ၁၅၅ ¶၁)
မတ် ၁၃ ကျမ်းစာဖတ်ရှုခြင်း–ယောဘ ၁–၅ သီချင်း ၁၆၀
စကားပြောအရည်အသွေး–ဖြတ်ရပ်ရန်နှင့် အကြောင်းအရာပြောင်းလဲရန် ရပ်တန့်ခြင်း (ပက စ. ၉၇ ¶၁–စ. ၉၈ ¶၆)
နံပါတ် ၁–ယောဘကျမ်း၏နိဒါန်း (ဘကမ-၀၁ စ. ၁၆-၁၈ ¶၁-၆)
နံပါတ် ၂–ယောဘ ၂:၁-၁၃
နံပါတ် ၃–နတ်ဆိုးတန်ခိုးများအကြောင်း မစပ်စုပါနှင့် (ကက စ. ၁၅၅ ¶၂–စ. ၁၅၆ ¶၁)
နံပါတ် ၄–ခရစ်ယာန်စစ်များသည် မြည်တမ်းခြင်းကို အဘယ်ကြောင့် ရှောင်ကြဉ်ကြ
မတ် ၂၀ ကျမ်းစာဖတ်ရှုခြင်း–ယောဘ ၆–၁၀ သီချင်း ၂၁၄
စကားပြောအရည်အသွေး–လေးနက်စေရန် ရပ်တန့်ခြင်း၊ နားထောင်ပေးရန် ရပ်တန့်ခြင်း (ပက စ. ၉၉ ¶၁–စ. ၁၀၀ ¶၄)
နံပါတ် ၁–ဝိညာဉ်ရေးအဖိုးတန်ရာများ၏ အားသာချက် (က၀၄ ၁၀/၁၅ စ. ၄ ¶၂–စ. ၅ ¶၃)
နံပါတ် ၂–ယောဘ ၇:၁-၂၁
နံပါတ် ၃–စိတ်နှလုံးဖြူစင်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
နံပါတ် ၄–နတ်ဝိဇ္ဇာဆိုင်ရာသြဇာမှ လွတ်မြောက်နိုင်ပုံ (ကက စ. ၁၅၆ ¶၂–စ. ၁၅၇ ¶၁)
မတ် ၂၇ ကျမ်းစာဖတ်ရှုခြင်း–ယောဘ ၁၁–၁၅ သီချင်း ၈
စကားပြောအရည်အသွေး–ဆိုလိုရင်းသဘောပေါ်အောင် လျောက်ပတ်သောအလေးပေးမှု (ပက စ. ၁၀၁ ¶၁–စ. ၁၀၂ ¶၃)
နံပါတ် ၁–‘သင့်နားထောင်ပုံကို ဂရုစိုက်လော့’ (ပက စ. ၁၃ ¶၁–စ. ၁၄ ¶၄)
နံပါတ် ၂–ယောဘ ၁၂:၁-၂၅
နံပါတ် ၃– အချုပ်အချယ်ကင်းစွာနေလိုသည့်စိတ်ဓာတ်ကို သတိပြုရှောင်ရှားပါ (ကက စ. ၂၉၆ ¶၄–စ. ၂၉၇ ¶၃)
နံပါတ် ၄– ဓမ္မအမှုဆောင်ခြင်းသည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် ရွှင်လန်းစေ
ဧပြီ ၃ ကျမ်းစာဖတ်ရှုခြင်း–ယောဘ ၁၆–၂၀ သီချင်း ၅၀
စကားပြောအရည်အသွေး–ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုကို တိုးတက်စေခြင်း (ပက စ. ၁၀၂ ¶၄–စ. ၁၀၄ ¶၄)
နံပါတ် ၁–ဘုရားသခင်အားချစ်သည့်မေတ္တာကို ကျွန်ုပ်တို့တင်ပြနိုင်ပုံ (က၀၄ ၃/၁ စစ. ၂၀-၂၂)
နံပါတ် ၂–ယောဘ ၁၆:၁-၂၂
နံပါတ် ၃–မိမိအား ဝတ်ပြုရန် လူတို့ကို ယေဟောဝါဆွဲဆောင်ပုံ
နံပါတ် ၄–c မာနစိတ်နှင့် ပုန်ကန်သောသဘောထားတို့၏အန္တရာယ်များ (ကက စ. ၂၉၇ ¶၄–စ. ၂၉၈ ¶၁)
ဧပြီ ၁၀ ကျမ်းစာဖတ်ရှုခြင်း–ယောဘ ၂၁–၂၇ သီချင်း ၁၁၉
စကားပြောအရည်အသွေး–အဓိကအယူအဆများကို အလေးအနက်ပြုခြင်း (ပက စ. ၁၀၅ ¶၁–စ. ၁၀၆ ¶၂)
နံပါတ် ၁–ဝိညာဉ်ရေးအဖိုးတန်ရာများ အကျိုးပြု (က၀၄ ၁၀/၁၅ စ. ၅ ¶၄–စ. ၇ ¶၂ )
နံပါတ် ၂–ယောဘ ၂၄:၁-၂၀
နံပါတ် ၃–ယေဟောဝါသည် သာမန်ထက်ထူးကဲသောတန်ခိုးတော်ကိုပေးသနား
နံပါတ် ၄–d သွေးသားလိုအင်ဆန္ဒများကို ခုခံတွန်းလှန်ပါ (ကက စ. ၂၉၈ ¶၂)
ဧပြီ ၁၇ ကျမ်းစာဖတ်ရှုခြင်း–ယောဘ ၂၈–၃၂ သီချင်း ၁၀၀
စကားပြောအရည်အသွေး–ပရိသတ်နှင့်သင့်တော်သော အသံပမာဏ (ပက စ. ၁၀၇ ¶၁–စ. ၁၀၈ ¶၄)
နံပါတ် ၁–အစည်းအဝေးများနှင့် စည်းဝေးပွဲများတွင် နားထောင်ခြင်း (ပက စ. ၁၅ ¶၁–စ. ၁၆ ¶၅)
နံပါတ် ၂–ယောဘ ၂၉:၁-၂၅
နံပါတ် ၃–မျက်စိတပ်မက်ခြင်း၏ စိုးမိုးမှုကိုမခံနှင့် (ကက စ. ၂၉၈ ¶၃–စ. ၂၉၉ ¶၁)
နံပါတ် ၄–ပရိသတ်တို့သည် ယေရှု၏သွန်သင်ပုံကို အဘယ်ကြောင့် အလွန်အံ့သြကြ
ဧပြီ ၂၄ ကျမ်းစာဖတ်ရှုခြင်း–ယောဘ ၃၃–၃၇ သီချင်း ၉၄
စကားပြောအရည်အသွေး–သင်၏အသံပမာဏကို တိုးတက်စေနိုင်ပုံ (ပက စ. ၁၀၈ ¶၅–စ. ၁၁၀ ¶၂)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
မေ ၁ ကျမ်းစာဖတ်ရှုခြင်း–ယောဘ ၃၈–၄၂ သီချင်း ၁၅၄
စကားပြောအရည်အသွေး–အသံပြောင်းလဲခြင်း—သင်၏အသံပမာဏကို ပြုပြင်ချိန်ညှိပါ (ပက စ. ၁၁၁ ¶၁–စ. ၁၁၂ ¶၂)
နံပါတ် ၁–ယောဘကျမ်း—အဘယ်ကြောင့် အကျိုးရှိကြောင်း (ဘကမ-၀၁ စ. ၁၈-၁၉ ¶၃၉-၄၃)
နံပါတ် ၂–ယောဘ ၃၈:၁-၂၄
နံပါတ် ၃–ဟေရှာယ ၆၀:၂၂ သည် ယနေ့ မည်သို့ပြည့်စုံလျက်ရှိသနည်း
နံပါတ် ၄–e ဒေါသအိုးပေါက်ကွဲ၍ ဆဲဆိုရိုက်ပုတ်ခြင်းသည် ဇာတိပကတိအကျင့်များဖြစ် (ကက စ. ၂၉၉ ¶၂)
မေ ၈ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁–၁၀ သီချင်း ၁၆၈
စကားပြောအရည်အသွေး–အသံပြောင်းလဲခြင်း—သင့်အသံအနှေးအမြန်ကို ပြောင်းလဲပါ (ပက စ. ၁၁၂ ¶၃–စ. ၁၁၃ ¶၁)
နံပါတ် ၁–ဆာလံကျမ်း၏နိဒါန်း—အပိုင်း ၁ (ဘကမ-၀၁ စ. ၂၀-၂၁ ¶၁-၅)
နံပါတ် ၂–ဆာလံ ၄:၁–၅:၁၂
နံပါတ် ၃–လူကိုမဟုတ်ဘဲ ဘုရားသခင်ကို အားကိုးပါ (ကက စ. ၂၉၉ ¶၃-၄)
နံပါတ် ၄–ကျန်းခံ့သော တရားစကားပုံစံကို စွဲကိုင်ခြင်း
မေ ၁၅ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၁–၁၈ သီချင်း ၂၁၇
စကားပြောအရည်အသွေး–အသံပြောင်းလဲခြင်း—သင့်အသံအနိမ့်အမြင့်ကို ပြောင်းလဲပါ (ပက စ. ၁၁၃ ¶၂–စ. ၁၁၄ ¶၃)
နံပါတ် ၁–ဆာလံကျမ်း၏နိဒါန်း—အပိုင်း ၂ (ဘကမ-၀၁ ၂၁-၂၃ ¶၆-၁၁)
နံပါတ် ၂–ဆာလံ ၁၄:၁–၁၆:၆
နံပါတ် ၃–ခရစ်ယာန်စစ်များသည် မည်သည့်နည်းများဖြင့် လောက၏အစိတ်အပိုင်းမဖြစ်ကြသနည်း
နံပါတ် ၄–လူ့ဆင်းရဲဒုက္ခအတွက် မည်သူ့ကို အပြစ်ဆိုရမည်နည်း (ကက စ. ၁၁၄ ¶၁-၂)
မေ ၂၂ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၉–၂၅ သီချင်း ၂၃
စကားပြောအရည်အသွေး–ခံစားမှုဖြင့်ပြောပါ (ပက စ. ၁၁၅ ¶၁–စ. ၁၁၆ ¶၄)
နံပါတ် ၁–ကောင်းစွာထိုးထွင်းသိမြင်ခြင်းက မျက်နှာသာရစေ (က၀၄ ၇/၁၅ စ. ၂၇ ¶၄–စ. ၂၈ ¶၄)
နံပါတ် ၂–ဆာလံ ၂၂:၁-၂၂
နံပါတ် ၃–ဆင်းရဲဒုက္ခ မည်သို့အစပြုခဲ့သနည်း (ကက စ. ၁၁၄ ¶၃-၄)
နံပါတ် ၄–f ဘုရားသခင်၏ သတိပေးချက်များကား အဘယ်နည်း၊ ယင်းတို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် လိုက်နာသင့်သနည်း
မေ ၂၉ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၂၆–၃၃ သီချင်း ၂၀၃
စကားပြောအရည်အသွေး–အကြောင်းအရာနှင့်ဆီလျော်သော စိတ်ထက်သန်မှု (ပက စ. ၁၁၆ ¶၅–စ. ၁၁၇ ¶၄)
နံပါတ် ၁–သင့်မှတ်ဉာဏ်ကို တိုးတက်စေနိုင် (ပက စ. ၁၇ ¶၁–စ. ၁၉ ¶၁)
နံပါတ် ၂–ဆာလံ ၃၀:၁–၃၁:၈
နံပါတ် ၃–မည်သည့်နည်းများဖြင့် သမ္မာတရားက လူတစ်ဦးကို လွတ်မြောက်စေသနည်း
နံပါတ် ၄–များစွာသောဆင်းရဲဒုက္ခကို မည်သို့ရှောင်ရှားနိုင် (ကက စ. ၁၁၅ ¶၁-၂)
ဇွန် ၅ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၃၄–၃၇ သီချင်း ၁၆၇
စကားပြောအရည်အသွေး–နွေးထွေးမှုကို ဖော်ပြခြင်း (ပက စ. ၁၁၈ ¶၁–စ. ၁၁၉ ¶၅)
နံပါတ် ၁–ဆုတောင်းခြင်းတန်ခိုး (က၀၄ ၈/၁၅ စ. ၁၈ ¶၆–စ. ၁၉ ¶၁၀)
နံပါတ် ၂–ဆာလံ ၃၄:၁-၂၂
နံပါတ် ၃–မေတ္တာရှင်ဘုရားသခင်သည် အဘယ်ကြောင့် ဆင်းရဲဒုက္ခကို ဤမျှကြာရှည်စွာခွင့်ပြုရ (ကက စ. ၁၁၅ ¶၄)
နံပါတ် ၄–မည်သည့်ရုပ်တုကိုးကွယ်မှုပုံစံများမှ ကျွန်ုပ်တို့ ထွက်ပြေးကြရမည်နည်း
ဇွန် ၁၂ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၃၈–၄၄ သီချင်း ၂၁၆
စကားပြောအရည်အသွေး–စိတ်လှုပ်ရှားမှုကို ဖော်ပြခြင်း (ပက စ. ၁၁၉ ¶၆–စ. ၁၂၀ ¶၅)
နံပါတ် ၁–မှတ်မိစေသော ဘုရားသခင့်ဝိညာဉ်တော်၏အခန်းကဏ္ဍ (ပက စ. ၁၉ ¶၂–စ. ၂၀ ¶၃)
နံပါတ် ၂–ဆာလံ ၄၀:၁-၁၇
နံပါတ် ၃–စစ်မှန်သောသိပ္ပံပညာသည် ကျမ်းစာနှင့်သဘောကွဲလွဲမှုမရှိ
နံပါတ် ၄–ဘုရားသခင်သည် မိမိ၏ကျေးကျွန်များခံခဲ့ရသော နစ်နာမှုအားလုံးကို ချေဖျက်ပေးမည် (ကက စ. ၁၁၆ ¶၁-၄)
ဇွန် ၁၉ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၄၅–၅၁ သီချင်း ၁၀၄
စကားပြောအရည်အသွေး–ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထား၏အရေးကြီးမှု (ပက စ. ၁၂၁ ¶၁-၄)
နံပါတ် ၁–ယေရှု အဘယ်အချိန်တွင် ကြွလာသနည်း (က၀၄ ၃/၁ စ. ၁၇၊ လေးထောင့်ကွက်)
နံပါတ် ၂–ဆာလံ ၄၆:၁–၄၇:၉
နံပါတ် ၃–ဘုရားသခင်သည် အာဒံ၏အပြစ်ကို အဘယ်ကြောင့် လျစ်လျူမရှုခဲ့ (ကက စ. ၁၁၆ ¶၅-၆)
နံပါတ် ၄–ခရစ်ယာန်တစ်ဦးသည် အားနည်းသော်လည်း တန်ခိုးနှင့် မည်သို့ပြည့်စုံနိုင်သနည်း (၂ ကော. ၁၂:၁၀)
ဇွန် ၂၆ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၅၂–၅၉ သီချင်း ၁၀၃
စကားပြောအရည်အသွေး–ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားကို အသုံးပြုခြင်း (ပက စ. ၁၂၂ ¶၁–စ. ၁၂၃ ¶၃)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
ဇူ. ၃ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၆၀–၆၈ သီချင်း ၄၅
စကားပြောအရည်အသွေး–ဓမ္မအမှုတွင် ကြည့်မြင်ဆက်သွယ်ခြင်း (ပက စ. ၁၂၄ ¶၁–စ. ၁၂၅ ¶၄)
နံပါတ် ၁–ယေဟောဝါ၏နှိမ့်ချခြင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိ (က၀၄ ၁၁/၁ စစ. ၂၉-၃၀)
နံပါတ် ၂–ဆာလံ ၆၀:၁–၆၁:၈
နံပါတ် ၃–ခရစ်ယာန်လုပ်ငန်းများတွင် ပါဝင်ခြင်းက ကျွန်ုပ်တို့အား ဘုရားသခင့်ပညတ်များကိုလိုက်နာခြင်းမှ လွတ်ကင်းသွားစေသလော
နံပါတ် ၄–ဘုရားသခင်သည် ကာယနှင့်စိတ္တဘက် ချွတ်ယွင်းမှုများကို ဖြစ်ပေါ်စေသည်မဟုတ် (ကက စ. ၁၁၇ ¶၁-၃)
ဇူ. ၁၀ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၆၉–၇၃ သီချင်း ၂၂၅
စကားပြောအရည်အသွေး–ဟောပြောချက်ပေးသည့်အခါ ကြည့်မြင်ဆက်သွယ်ခြင်း (ပက စ. ၁၂၆ ¶၁–စ. ၁၂၇ ¶၁)
နံပါတ် ၁–ဖတ်ရှုခြင်းတွင် အဘယ်ကြောင့် လုံ့လထုတ်ရ (ပက စ. ၂၁ ¶၁–စ. ၂၃ ¶၃)
နံပါတ် ၂–ဆာလံ ၇၁:၁-၁၈
နံပါတ် ၃–ယေဟောဝါသည် မေတ္တာရှေ့ထား၍ ကလေးများအား ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာအကျိုးကို ခံစားစေ (ကက စ. ၁၁၇ ¶၄)
နံပါတ် ၄–g ခရစ်ယာန်များသည် အဘယ်ကြောင့် မျက်နှာမလိုက်ကြရ
ဇူ. ၁၇ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၇၄–၇၈ သီချင်း ၂၈
စကားပြောအရည်အသွေး–လယ်ကွင်းဓမ္မအမှုတွင် ပင်ကိုသဘောဝကျမှု (ပက စ. ၁၂၈ ¶၁–စ. ၁၂၉ ¶၁)
နံပါတ် ၁–လျောက်ပတ်သော ရည်ရွယ်ချက်ဖြင့်ဖတ်ပါ (ပက စ. ၂၃ ¶၄–စ. ၂၆ ¶၄)
နံပါတ် ၂–ဆာလံ ၇၅:၁–၇၆:၁၂
နံပါတ် ၃–ယေဟောဝါအား ရှာခြင်းတွင် အဘယ်အရာပါဝင်သနည်း (ဇေ. ၂:၃)
နံပါတ် ၄–ဘုရားသခင်သည် လူတို့ကိုဒဏ်ခတ်ရန် သဘာဝဘေးဒဏ်များကို အသုံးမပြု (ကက စ. ၁၁၇ ¶၅–စ. ၁၁၈ ¶၂)
ဇူ. ၂၄ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၇၉–၈၆ သီချင်း ၁၁၂
စကားပြောအရည်အသွေး–စင်မြင့်ပေါ်တွင် ပင်ကိုသဘာဝကျမှု (ပက စ. ၁၂၉ ¶၂–စ. ၁၃၀ ¶၁)
နံပါတ် ၁–‘ဖြောင့်မတ်သောသူတို့၏တဲမူကား ကြီးပွားလိမ့်မည်’ (က၀၄ ၁၁/၁၅ စ. ၂၆ ¶၁–စ. ၂၈ ¶၂)
နံပါတ် ၂–ဆာလံ ၈၂:၁–၈၃:၁၈
နံပါတ် ၃–ဘုရားသခင့်မျက်နှာသာတော်မရ၍ ဒုက္ခကြုံရသည်ဟု မယူမှတ်သင့် (ကက စ. ၁၁၈ ¶၃-၄)
နံပါတ် ၄–မစုံလင်သူလူသားများသည် ဘုရားသခင်၏နှစ်သက်မှုကို အမှန်ပင်ရရှိနိုင်သလော
ဇူ. ၃၁ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၈၇–၉၁ သီချင်း ၅၇
စကားပြောအရည်အသွေး–လူထုရှေ့စာဖတ်ချိန်ဝယ် ပင်ကိုသဘာဝကျမှု (ပက စ. ၁၃၀ ¶၂-၄)
နံပါတ် ၁–‘အသိပညာသည် ရလွယ်သည့်အရာဖြစ်’ ပြီး ဉာဏ်ပညာက ကျွန်ုပ်တို့ကို လမ်းညွှန်ပေးသည့်အခါ (က၀၄ ၁၁/၁၅ စ. ၂၈ ¶၃–စ. ၂၉ ¶၇)
နံပါတ် ၂–ဆာလံ ၈၉:၁-၂၁
နံပါတ် ၃–ကျမ်းစာလေ့လာခြင်းသည် ကျွန်ုပ်တို့၏ဝတ်ပြုရေးအစိတ်အပိုင်းဖြစ်
နံပါတ် ၄–ရုပ်ပစ္စည်းကြွယ်ဝခြင်းကို ဘုရားသခင်ကောင်းချီးကြောင့်ဟု မယူမှတ်သင့် (ကက စ. ၁၁၉ ¶၁-၂)
သြ. ၇ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၉၂–၁၀၁ သီချင်း ၁၉၀
စကားပြောအရည်အသွေး–တစ်ကိုယ်ရေသန့်ရှင်းမှုက သတင်းတရားကို ဂုဏ်တက်စေ (ပက စ. ၁၃၁ ¶၁-၃)
နံပါတ် ၁–လေ့လာနည်း (ပက စ. ၂၇ ¶၁–စ. ၃၁ ¶၂)
နံပါတ် ၂–ဆာလံ ၉၁:၁–၉၃:၅
နံပါတ် ၃–ဘာသာစကားအမျိုးမျိုးပြောခြင်းက သန့်ရှင်းသောဝိညာဉ်တော်ရကြောင်း သက်သေပြသလော (ကက စ. ၁၇၉ ¶၆–စ. ၁၈၀ ¶၄)
နံပါတ် ၄–စာရိတ္တဆိုင်ရာ သမာဓိစောင့်သိခြင်း၏ အရေးကြီးမှု
သြ. ၁၄ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၀၂–၁၀၅ သီချင်း ၁
စကားပြောအရည်အသွေး–ကျိုးနွံစိတ်နှင့် သမ္မာသတိစိတ်တို့က လူတစ်ဦး၏ဝတ်စားဆင်ယင်မှုအပေါ် အကျိုးသက်ရောက်ပုံ (ပက စ. ၁၃၁ ¶၄–စ. ၁၃၂ ¶၃)
နံပါတ် ၁–‘အိုယေဟောဝါ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာများသည် အဘယ်မျှလောက် များပြားပါသည်တကား’ (က၀၄ ၁၁/၁၅ စစ. ၈-၉)
နံပါတ် ၂–ဆာလံ ၁၀၄:၁-၂၄
နံပါတ် ၃–ကျွန်ုပ်တို့ အဘယ်ကြောင့် သတိနှင့်စောင့်နေကြရ
နံပါတ် ၄–ယနေ့ ဘာသာစကားအမျိုးမျိုးပြောခြင်းသည် ပထမရာစုခရစ်ယာန်တို့၏ပြောခြင်းနှင့် အဘယ်ကြောင့် ကွာခြား (ကက စ. ၁၈၁ ¶၁-၄)
သြ. ၂၁ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၀၆–၁၀၉ သီချင်း ၂၀၁
စကားပြောအရည်အသွေး–လျောက်ပတ်စွာဝတ်ဆင်ခြင်း၏တန်ဖိုး (ပက စ. ၁၃၂ ¶၄–စ. ၁၃၃ ¶၁)
နံပါတ် ၁–လူငယ်တို့—သင်တို့၏ရွယ်တူချင်းများနောက်သို့ အဆင်အခြင်မဲ့စွာမလိုက်နှင့် (က၀၄ ၁၀/၁၅ စ. ၂၂ ¶၄–စ. ၂၄ ¶၄)
နံပါတ် ၂–ဆာလံ ၁၀၇:၂၀-၄၃
နံပါတ် ၃–ဘုရားသခင့်ဝိညာဉ်တော်ရရှိသည်ဟူသော အချို့သူတို့၏အဆိုများကို ကျိုးကြောင်းဆင်ခြင်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့ကိုကူညီပေး (ကက စ. ၁၈၁ ¶၆–စ. ၁၈၂ ¶၃)
နံပါတ် ၄–ဘုရားသခင်ကို မည်သည့်နည်းများဖြင့် ကျွန်ုပ်တို့တုပနိုင်သနည်း
သြ. ၂၈ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၁၀–၁၁၈ သီချင်း ၁၂၅
စကားပြောအရည်အသွေး–ကောင်းမွန်သောကိုယ်အသွင်အပြင်သည် ထိမိ၍လဲစရာအကြောင်းမဖြစ်စေ (ပက စ. ၁၃၃ ¶၂-၄)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
စက်. ၄ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၁၉ သီချင်း ၅၉
စကားပြောအရည်အသွေး–တော်လျော်သော ကိုယ်ဟန်အနေအထားနှင့် သပ်ရပ်သောအသုံးအဆောင် (ပက စ. ၁၃၃ ¶၅–စ. ၁၃၄ ¶၄)
နံပါတ် ၁–လေ့လာမှုသည် ဆုကျေးဇူးမည်၏ (ပက စ. ၃၁ ¶၃–စ. ၃၂ စ. ¶၄)
နံပါတ် ၂–ဆာလံ ၁၁၉:၂၅-၄၈
နံပါတ် ၃–လောကီအာဏာပိုင်များကို ကျွန်ုပ်တို့ အဘယ်ကြောင့် လေးစားမှုပြကြ
နံပါတ် ၄–ဘာသာစကားအမျိုးမျိုးပြောခြင်းသည် ယနေ့ ခရစ်ယာန်စစ်များဖြစ်ကြောင်းကို မဖော်ပြ (ကက စ. ၁၈၂ ¶၄-၆)
စက်. ၁၁ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၂၀–၁၃၄ သီချင်း ၆၅
စကားပြောအရည်အသွေး–ဟောပြောသည့်အခါ စိုးရိမ်ပူပန်မှုကို လျော့ပါးစေနိုင်ပုံ (ပက စ. ၁၃၅ ¶၁–စ. ၁၃၇ ¶၂)
နံပါတ် ၁–သုတေသနပြုလုပ်နည်း (ပက စ. ၃၃ ¶၁–စ. ၃၅ ¶၂)
နံပါတ် ၂–ဆာလံ ၁၂၁:၁–၁၂၃:၄
နံပါတ် ၃–ဘာသာစကားအမျိုးမျိုးပြောခြင်းဆုကျေးဇူးသည် မည်မျှကြာမြင့်စွာတည်ရှိခဲ့သနည်း (ကက စ. ၁၈၃ ¶၁-၂)
နံပါတ် ၄–ချဲ့ကားပြောဆိုခြင်းဟူသည် အဘယ်နည်း၊ ယင်းကို ယေရှုမည်သို့အသုံးပြုခဲ့သနည်း
စက်. ၁၈ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၃၅–၁၄၁ သီချင်း ၉၇
စကားပြောအရည်အသွေး–တည်ငြိမ်မှုရှိနိုင်ပုံ (ပက စ. ၁၃၇ ¶၃–စ. ၁၃၈ ¶၅)
နံပါတ် ၁–ဆာလံကျမ်း—အဘယ်ကြောင့် အကျိုးရှိကြောင်း—အပိုင်း ၁ (ဘကမ-၀၁ စစ. ၂၃-၄ ¶၂၃-၇)
နံပါတ် ၂–ဆာလံ ၁၃၆:၁-၂၆
နံပါတ် ၃–အောက်မေ့ရာပွဲသည် မည်သည့်နည်းဖြင့် မိတ်သဟာယစားပွဲဖြစ်သနည်း
နံပါတ် ၄–# သုံးပါးပေါင်းတစ်ဆူသည် ကျမ်းစာအပေါ် အခြေမပြု (ကက စ. ၃၅၀ ¶၂–စ. ၃၅၇ ¶၂)
စက်. ၂၅ ကျမ်းစာဖတ်ရှုခြင်း–ဆာလံ ၁၄၂–၁၅၀ သီချင်း ၅
စကားပြောအရည်အသွေး–အသံချဲ့ခြင်း၏အရေးကြီးမှု (ပက စ. ၁၃၉ ¶၁–စ. ၁၄၀ ¶၁)
နံပါတ် ၁–ဆာလံကျမ်း—အဘယ်ကြောင့် အကျိုးရှိကြောင်း—အပိုင်း ၂ (ဘကမ-၀၁ စစ. ၂၄-၅ ¶၂၈-၃၂)
နံပါတ် ၂–ဆာလံ ၁၄၂:၁–၁၄၃:၁၂
နံပါတ် ၃–# ‘ခင်ဗျား သုံးပါးပေါင်းတစ်ဆူယုံသလား’ ဟူ၍ တစ်စုံတစ်ယောက်ကမေးလျှင် (ကက စ. ၃၇၂ ¶၁–စ. ၃၇၃ ¶၂)
နံပါတ် ၄–အခြားသူတို့၏လိုအပ်ရာများကို အလေးထားကြောင်း မည်သို့တင်ပြနိုင်
အောက်. ၂ ကျမ်းစာဖတ်ရှုခြင်း–သုတ္တံ ၁–၆ သီချင်း ၁၁၁
စကားပြောအရည်အသွေး–မိုက်ကရိုဖုန်းများကို ထိရောက်စွာအသုံးပြုခြင်း (ပက စ. ၁၄၀ ¶၂–စ. ၁၄၂ ¶၁)
နံပါတ် ၁–သုတ္တံကျမ်း၏နိဒါန်း—အပိုင်း ၁ (ဘကမ-၀၁ စစ. ၂၆-၇ ¶၁-၅)
နံပါတ် ၂–သုတ္တံ ၅:၁-၂၃
နံပါတ် ၃–ဆိုးသွမ်းမှု အဘယ်ကြောင့် ဤမျှများပြားသနည်း (ကက စ. ၁၀၁ ¶၄–စ. ၁၀၂ ¶၂)
နံပါတ် ၄–h ဒဏ္ဍာရီစကားများကို မဖြန့်ပါနှင့် (၂ တိ. ၄:၄)
အောက်. ၉ ကျမ်းစာဖတ်ရှုခြင်း–သုတ္တံ ၇–၁၁ သီချင်း ၇၃
စကားပြောအရည်အသွေး–ကျမ်းစာကိုအသုံးပြု၍ ဖြေဆိုခြင်း (ပက စ. ၁၄၃ ¶၁-၃)
နံပါတ် ၁–သုတ္တံကျမ်း၏နိဒါန်း—အပိုင်း ၂ (ဘကမ-၀၁ စစ. ၂၇-၈ ¶၆-၁၁)
နံပါတ် ၂–သုတ္တံ ၇:၁-၂၇
နံပါတ် ၃–ခရစ်ယာန်ကြားနေမှုက ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းစည်းလုံးမှုကို ဖြစ်ပေါ်စေ
နံပါတ် ၄–ဆိုးသွမ်းမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုသနည်း (ကက စ. ၁၀၂ ¶၃–စ. ၁၀၃ ¶၂)
အောက်. ၁၆ ကျမ်းစာဖတ်ရှုခြင်း–သုတ္တံ ၁၂–၁၆ သီချင်း ၁၈၀
စကားပြောအရည်အသွေး–ကျမ်းစာအသုံးပြုရာတွင် တိုးတက်စေနိုင်ပုံ (ပက စ. ၁၄၄ ¶၁-၄)
နံပါတ် ၁–အခြားသုတေသနပြုကိရိယာများကို အသုံးပြုရန်သင်ယူခြင်း (ပက စ. ၃၅ ¶၃–စ. ၃၈ ¶၄)
နံပါတ် ၂–သုတ္တံ ၁၄:၁-၂၁
နံပါတ် ၃–ဆိုးသွမ်းမှုကို ဘုရားသခင်ခွင့်ပြုထားခြင်းက ကျွန်ုပ်တို့ကို မည်သို့အကျိုးရရှိစေသနည်း (ကက စ. ၁၀၄ ¶၁-၂)
နံပါတ် ၄–အစည်းအဝေးများတွင် အသေအချာအာရုံစိုက်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီနိုင်သနည်း
အောက်. ၂၃ ကျမ်းစာဖတ်ရှုခြင်း–သုတ္တံ ၁၇–၂၁ သီချင်း ၁၃၁
စကားပြောအရည်အသွေး–ကျမ်းစာအသုံးပြုရန်အားပေးခြင်း (ပက စ. ၁၄၅-၆)
နံပါတ် ၁–သုတ္တံကျမ်း—အဘယ်ကြောင့် အကျိုးရှိကြောင်း—အပိုင်း ၁ (ဘကမ-၀၁ စစ. ၂၈-၃၀ ¶၁၉-၂၈)
နံပါတ် ၂–သုတ္တံ ၁၇:၁-၂၀
နံပါတ် ၃–သက်ကြီးရွယ်အိုများအပေါ် ခရစ်ယာန်များရှုမြင်ပုံ
နံပါတ် ၄–i အမျိုးသမီးများနှင့်ပတ်သက်သော အဘယ်ရှုမြင်ပုံကို ကျမ်းစာက ထောက်ခံသနည်း (ကက စ. ၃၉၃ ¶၁-၂)
အောက်. ၃၀ ကျမ်းစာဖတ်ရှုခြင်း–သုတ္တံ ၂၂–၂၆ သီချင်း ၉
စကားပြောအရည်အသွေး–ကျမ်းချက်များကို ထိရောက်စွာ မိတ်ဆက်ပေးခြင်း၏အရေးကြီးမှု (ပက စ. ၁၄၇ ¶၁–စ. ၁၄၈ ¶၂)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
နို. ၆ ကျမ်းစာဖတ်ရှုခြင်း–သုတ္တံ ၂၇–၃၁ သီချင်း ၅၁
စကားပြောအရည်အသွေး–ကျမ်းချက်များကို မိတ်ဆက်ပေးရန် သင့်လျော်သောမှတ်ချက်များကို ရွေးချယ်ခြင်း (ပက စ. ၁၄၈ ¶၃–စ. ၁၄၉ ¶၃)
နံပါတ် ၁–သုတ္တံကျမ်း—အဘယ်ကြောင့် အကျိုးရှိကြောင်း—အပိုင်း ၂ (ဘကမ-၀၁ စစ. ၃၀-၁ ¶၂၉-၃၈)
နံပါတ် ၂–သုတ္တံ ၂၈:၁-၁၈
နံပါတ် ၃–ယောက်ျားကို ဦးစီးအဖြစ်ခန့်တော်မူခြင်းက အမျိုးသမီးများအား ဂုဏ်နိမ့်စေသလော (ကက စ. ၃၉၃ ¶၃–စ. ၃၉၄ ¶၁)
နံပါတ် ၄–ဓမ္မအမှုတွင်တွေ့ရသူတို့အား အဘယ်ကြောင့် အပြင်ပန်းအသွင်အပြင်ကြည့်၍ အကဲမဖြတ်သင့်
နို. ၁၃ ကျမ်းစာဖတ်ရှုခြင်း–ဒေသနာ ၁–၆ သီချင်း ၂၅
စကားပြောအရည်အသွေး–သင့်လျော်သောလေးနက်မှုတွင် ခံစားမှုပါဝင် (ပက စ. ၁၅၀ ¶၁-၂)
နံပါတ် ၁–ဒေသနာကျမ်း၏နိဒါန်း (ဘကမ-၀၂-၁ စစ. ၄-၅ ¶၁-၈)
နံပါတ် ၂–ဒေသနာ ၅:၁-၁၅
နံပါတ် ၃–ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ကျမ်းစာသမ္မာတရားကို မည်သို့ထိမ်ဝှက်ထားသနည်း (မ. ၁၁:၂၅)
နံပါတ် ၄–အမျိုးသမီးများသည် ဓမ္မအမှုဆောင်များဖြစ်သင့်သလော (ကက စ. ၃၉၄ ¶၂-၃)
နို. ၂၀ ကျမ်းစာဖတ်ရှုခြင်း–ဒေသနာ ၇–၁၂ သီချင်း ၃၇
စကားပြောအရည်အသွေး–စကားလုံးအမှန်ကို အလေးပေးဖတ်ခြင်း (ပက စ. ၁၅၀ ¶၃–စ. ၁၅၁ ¶၂)
နံပါတ် ၁–ဒေသနာကျမ်း—အဘယ်ကြောင့် အကျိုးရှိကြောင်း (ဘကမ-၀၂-၁ စစ. ၅-၆ ¶၁၅-၁၉)
နံပါတ် ၂–ဒေသနာ ၉:၁-၁၂
နံပါတ် ၃–ခရစ်ယာန်အမျိုးသမီးများသည် အချို့အချိန်အခါများ၌ အဘယ်ကြောင့် ခေါင်းဖုံးကြသနည်း (ကက စ ၃၉၅ ¶၁–စ. ၃၉၆ ¶၁)
နံပါတ် ၄–မနာလိုစိတ်ရှိခြင်းသည် အဘယ်ကြောင့် မှားသနည်း
နို. ၂၇ ကျမ်းစာဖတ်ရှုခြင်း–ရှောလမုန်သီချင်း ၁–၈ သီချင်း ၁၁
စကားပြောအရည်အသွေး–လေးနက်စေသည့်နည်းများ (ပက စ. ၁၅၁ ¶၃–စ. ၁၅၂ ¶၅)
နံပါတ် ၁–ရှောလမုန်သီချင်း၏နိဒါန်းနှင့် အဘယ်ကြောင့် အကျိုးရှိကြောင်း (ဘကမ-၀၂-၁ စစ. ၆-၈ ¶၁-၄၊ ၁၆-၁၈)
နံပါတ် ၂–ရှောလမုန်သီချင်း ၇:၁–၈:၄
နံပါတ် ၃–ခရစ်ယာန်များသည် အဘယ်ကြောင့် သပ်ရပ်၊ သန့်ရှင်း၊ ဣန္ဒြေရှိရှိ ဝတ်ဆင်သင့်သနည်း
နံပါတ် ၄–အမျိုးသမီးများသည် အလှကုန်ပစ္စည်းနှင့် လက်ဝတ်ရတနာများကို သုံးသင့်သလော (ကက စ. ၃၉၆ ¶၂–စ. ၃၉၇ ¶၁)
ဒီ. ၄ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၁–၅ သီချင်း ၉၀
စကားပြောအရည်အသွေး–ကျမ်းချက်များ၏သက်ဆိုင်ပုံကို မှန်ကန်စွာတင်ပြခြင်း (ပက စ. ၁၅၃ ¶၁–စ. ၁၅၄ ¶၃)
နံပါတ် ၁–ဟေရှာယကျမ်း၏နိဒါန်း (ဘကမ-၀၂-၁ စစ. ၈-၁၀ ¶၁-၈)
နံပါတ် ၂–ဟေရှာယ ၃:၁-၁၅
နံပါတ် ၃–လောကသည် မီးဖြင့်ဖျက်ဆီးခံရမည်လော (ကက စ. ၂၉၃ ¶၂–စ. ၂၉၄ ¶၁)
နံပါတ် ၄–j ခရစ်ယာန်များသည် အဘယ်ကြောင့် ‘အမျက်ထွက်နှေး’ သင့် (ယာ. ၁:၁၉)
ဒီ. ၁၁ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၆–၁၀ သီချင်း ၂၀၄
စကားပြောအရည်အသွေး–သက်ဆိုင်ပုံကို ရှင်းလင်းစွာတင်ပြခြင်း (ပက စ. ၁၅၄ ¶၄–စ. ၁၅၅ ¶၄)
နံပါတ် ၁–အောက်လိုင်းတစ်ခုရေးဆွဲခြင်း (ပက စစ. ၃၉-၄၂)
နံပါတ် ၂–ဟေရှာယ ၁၀:၁-၁၄
နံပါတ် ၃–ခွင့်လွှတ်နိုင်စွမ်းရှိခြင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း
နံပါတ် ၄–ဤလောကကို မည်သူအုပ်စိုးသနည်း—ဘုရားသခင်လော၊ စာတန်လော (ကက စ. ၂၉၄ ¶၂–စ. ၂၉၅ ¶၁)
ဒီ. ၁၈ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၁၁–၁၆ သီချင်း ၄၇
စကားပြောအရည်အသွေး–ကျမ်းစာမှ ကျိုးကြောင်းဆင်ခြင်ပါ (ပက စ. ၁၅၅ ¶၅–စ. ၁၅၆ ¶၅)
နံပါတ် ၁–လူငယ်တို့—သင့်နှလုံးကို သင့်မိဘများ ကူညီစောင့်ရှောက်ပါစေ (က၀၄ ၁၀/၁၅ စ. ၂၀ ¶၁–စ. ၂၂ ¶၃)
နံပါတ် ၂–ဟေရှာယ ၁၁:၁-၁၂
နံပါတ် ၃–ခရစ်ယာန်စစ်တို့သည် လောကနှင့် လောက၏အစိတ်အပိုင်းဖြစ်သူတို့အပေါ် မည်သို့ရှုမြင်ကြသနည်း (ကက စ. ၂၉၅ ¶၂–စ. ၂၉၆ ¶၂)
နံပါတ် ၄–ခရစ်ယာန်စစ်များသည် အာမဂေဒုန်စစ်ပွဲတွင် ပါဝင်ကြမည်မဟုတ်
ဒီ. ၂၅ ကျမ်းစာဖတ်ရှုခြင်း–ဟေရှာယ ၁၇–၂၃ သီချင်း ၅၃
စကားပြောအရည်အသွေး–လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာဖော်ပြခြင်း (ပက စ. ၁၅၇ ¶၁–စ. ၁၅၈ ¶၁)
နှုတ်ဖြေ ပြန်လည်သုံးသပ်ခြင်း
[အောက်ခြေမှတ်ချက်များ]
a ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
b ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
c ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
d ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
e ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
f ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
g ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။
h ပေးထားသည့်အကြောင်းအရာမှ ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် အဓိကအချက်အနည်းငယ်ကို ရွေးချယ်ပါ။
i ပေးထားသည့်အကြောင်းအရာမှ ဒေသခံရပ်ကွက်ရှိလိုအပ်ရာများကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် အဓိကအချက်အနည်းငယ်ကို ရွေးချယ်ပါ။
j ညီအစ်ကိုများကိုသာ တာဝန်ပေးပါ။