ကြေညာချက်များ
◼ ဇွန်လတွင်ဝေငှရန်စာပေ– ကြီးမြတ်သောဆရာထံမှသင်ယူပါ [လိပ်] စာအုပ်ကို ဝေငှပါ။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် မိသားစုပျော်ရွှင်မှု သို့မဟုတ် အသိပညာ စာအုပ်ကို ဝေငှပါ။ ကျမ်းစာသင်အံမှုများစတင်ရန် ကြိုးစားပါ။ ဇူလိုင်နှင့်သြဂုတ်– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ကမ္ဘာသားဘဝထာဝရစံစားကြ! ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ “ကြည့်ရှုလော့!၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း၊ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ နှင့် ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]။ ကမ္ဘာ့ဒေသအချို့တွင် အောက်ပါဘရိုရှာများသည် သင့်လျော်ပေမည်– လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ စစ်မဲ့ကမ္ဘာတစ်နေ့ နေ့ရှိနိုင်ပါမည်လော [လိပ်]၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် ကျေနပ်ရောင့်ရဲသောဘဝ—ယင်းကိုမည်သို့ရရှိနိုင် [အင်္ဂလိပ်]။ စက်တင်ဘာ– ဖန်ဆင်းရှင် [လိပ်] စာအုပ်ကို အသုံးပြုမည်။ ဝေငှမှုနောက်တစ်မျိုးအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) ကိုဝေငှနိုင်သည်။ စာအုပ်အဟောင်းများပိုလျှံနေသည့် အသင်းတော်များသည် ၎င်းတို့ထဲမှ မည်သည့်စာအုပ်ကိုမဆို ဝေငှမှုတစ်မျိုးအနေနှင့် ဝေငှနိုင်သည်။ အိမ်ရှင်များသည် ဝေငှသည့်စာအုပ်ကို လက်မခံလျှင် စောင့်နေကြလော့! ဘရိုရှာကို တင်ဆက်ပါ။
◼ နိုင်ငံတော်ခန်းမ စာကြည့်တိုက်တွင် ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း စာအုပ်ကို ထည့်သွင်းသင့်သည်။ ဖေဖော်ဝါရီ ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၅ နှင့် ဧပြီ ၁၉၉၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာတွင် နိုင်ငံတော်ခန်းမ စာကြည့်တိုက်များနှင့်စပ်လျဉ်းသည့် ထပ်ဆင့်အချက်အလက်များကို တွေ့ရှိနိုင်သည်။
◼ အသင်းတော်များသည် ခရိုင်စည်းဝေးကြီး ရင်ထိုးကတ်ပြား ပလတ်စတစ်အိတ်များကို စာအုပ်စာတမ်းတောင်းခံလွှာပုံစံ (S-14) ဖြင့် ယခု စတင်မှာယူသင့်သည်။ ရင်ထိုးကတ်ပြားများကို အသင်းတော်တစ်ခုစီသို့ စက်တင်ဘာလတွင် အလိုအလျောက်ပို့ပေးမည်ဖြစ်သည်။ ပို့ပေးမည့်ပမာဏသည် အသင်းတော်အရွယ်အစားပေါ် မူတည်ပါမည်။ ကတ်ပြားများကို ခရိုင်စည်းဝေးကြီးတွင် ရရှိတော့မည်မဟုတ်ရာ ကြေညာသူတစ်ဦးစီသည် စည်းဝေးကြီးသို့မသွားမီ အသင်းတော်မှ မိမိအတွက် ကတ်ပြားရရှိထားကြောင်း သေချာစေသင့်သည်။ ဦးစီးကြီးကြပ်မှူးသည် ပိုသည့်ကတ်ပြားများကို စည်းဝေးကြီးသို့ မိမိနှင့်တစ်ပါတည်း ယူလာလိုပေမည်။ တစ်စုံတစ်ဦးသည် ကတ်ပြားပျောက်သွားလျှင် သို့မဟုတ် အိမ်တွင်ကျန်ခဲ့လျှင် အစားတစ်ခုရရှိရန် မိမိတို့၏ဦးစီးကြီးကြပ်မှူးအား ပြောပြသင့်သည်။