သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၅ ခုနှစ် ဇွန် ၂၇ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၅ ခုနှစ် မေ ၂ မှ ဇွန် ၂၇ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ နှိုင်းယှဉ်မှုများသည် အဘယ်ကြောင့် အစွမ်းထက်သော သွန်သင်ခြင်းကိရိယာများဖြစ်သနည်း။ (က. ၂၂:၁၇; ဆာ. ၁:၃; ယာ. ၃:၆) [ပက စ. ၂၄၀ အပိုဒ် ၂-၄၊ လေးထောင့်ကွက်]
၂။ အဖိုးတန်သင်ခန်းစာများပေးသည့် နမူနာများကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း၊ သို့သော် ဤကိစ္စတွင် အဘယ်သတိပေးချက်ကို ကျွန်ုပ်တို့ဂရုပြုသင့်သနည်း။ [ပက စ. ၂၄၂ အပိုဒ် ၁-၂]
၃။ အထိရောက်ဆုံးဖြစ်မည့် ပုံဥပမာများကို ရွေးချယ်သည့်အခါ အဘယ်အရာကို ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားဖို့လိုသနည်း။ [ပက စ. ၂၄၄ အပိုဒ် ၁-၂]
၄။ ကျွန်ုပ်တို့၏သွန်သင်ခြင်းတွင် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အဘယ်ကြောင့် အသုံးပြုသင့်သနည်း၊ ယင်းတို့ကို ယေဟောဝါ မည်သို့အသုံးပြုခဲ့ပြီနည်း။ [ပက စ. ၂၄၇ အပိုဒ် ၁-၂၊ လေးထောင့်ကွက်]
၅။ လယ်ကွင်းဓမ္မအမှုတွင် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို မည်သို့အသုံးပြုနိုင်သနည်း။ [ပက စ. ၂၄၈ အပိုဒ် ၁–စ. ၂၄၉ အပိုဒ် ၂]
တာဝန်နံပါတ် ၁
၆။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ကလေးများ၏ပညာရေးနှင့်စပ်လျဉ်းသည့် အဘယ်လမ်းညွှန်ချက်ပါရှိသနည်း။ [က၀၃ ၃/၁၅ စ. ၁၂ အပိုဒ် ၂; စ. ၁၄ အပိုဒ် ၃]
၇။ ယေဟောဝါသည် ဒါဝိဒ်အား ငယ်ရွယ်စဉ်ကတည်းက မည်သို့စိတ်ဝင်စားမှုပြခဲ့သနည်း၊ သို့နှင့် ဒါဝိဒ်သည် ယေဟောဝါအား မည်သို့စိတ်ဝင်စားမှုပြခဲ့သနည်း။ [က၀၃ ၄/၁၅ စ. ၂၉ အပိုဒ် ၃; စ. ၃၀ အပိုဒ် ၃]
၈။ ယေဟောဝါသည် အာဗေလ၏ပူဇော်သကာကို အဘယ်ကြောင့် အသိအမှတ်ပြုခဲ့သနည်း၊ ယင်းက ကျွန်ုပ်တို့အား အဘယ်အရာကို စိတ်ချစေသနည်း။ (က. ၄:၄) [က၀၃ ၅/၁ စ. ၂၈ အပိုဒ် ၄–စ. ၂၉ အပိုဒ် ၁]
၉။ သုတ္တံ ၃:၁၁ က မငြင်းပယ်ဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းသည့် ‘ယေဟောဝါ၏ဆုံးမတော်မူခြင်း’ ကားအဘယ်နည်း။ [က၀၃ ၁၀/၁ စ. ၂၀ အပိုဒ် ၂-၄]
၁၀။ ၁ တိမောသေ ၆:၆-၈ တွင် အသုံးပြုထားသည့် “ရောင့်ရဲသောစိတ်” ၏အဓိပ္ပာယ်ကား အဘယ်နည်း။ [က၀၃ ၆/၁ စ. ၉ အပိုဒ် ၁-၂; စ. ၁၀ အပိုဒ် ၁]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ယောနသန်နှင့် ဒါဝိဒ်တို့စပ်ကြားရှိ စည်းလုံးသောမေတ္တာနှောင်ကြိုးက အဘယ်အရာကို ကြို၍ညွှန်ပြသနည်း။ (၂ ရာ. ၁:၂၆) [က၉၀ ၁/၁ စ. ၂၆ အပိုဒ် ၁၃]
၂။ ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့သယ်ဆောင်ရန် ဒါဝိဒ်၏ပထမအကြိမ် ကြိုးစားမှုမှ အဘယ်အရာ သင်ယူနိုင်သနည်း။ (၂ ရာ. ၆:၂-၉)
၃။ တရားဟောရာ ၂၄:၁၆ နှင့် ယေဇကျေလ ၁၈:၂၀ က သားသည် ဖခင်၏အမှားအတွက် အသေမခံရဟုဆိုထားရာ ဒါဝိဒ်နှင့် ဗေသရှေဘတို့ အပြစ်ပြုပြီးနောက် သူတို့၏သား အဘယ်ကြောင့် သေဆုံးခဲ့ရသနည်း။ (၂ ရာ. ၁၂:၁၄; ၂၂:၃၁)
၄။ မေဖိဗောရှက်နှင့်ပတ်သက်၍ ဇိဘ၏အဆိုသည် လိမ်လည်မှုဖြစ်ကြောင်း မည်သို့သိရှိရသနည်း။ (၂ ရာ. ၁၆:၁-၄)
၅။ ဇိဘနှင့်ပတ်သက်၍ အခြေအနေကို မေဖိဗောရှက်တုံ့ပြန်ပုံသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် ပုံသက်သေကောင်းတစ်ခုဖြစ်ခဲ့သနည်း။ (၂ ရာ. ၁၉:၂၄-၃၀)