ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၅ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • မေ ၉ တွင်စမည့်အပတ်
  • မေ ၁၆ တွင်စမည့်အပတ်
  • မေ ၂၃ တွင်စမည့်အပတ်
  • မေ ၃၀ တွင်စမည့်အပတ်
  • ဇွန် ၆ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၅/၀၅ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

မေ ၉ တွင်စမည့်အပတ်

သီချင်း ၂၁၇

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဧပြီ ၁၅ ကင်းမျှော်စင် နှင့် မေ ၈ နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြရန် စာမျက်နှာ ၈ ပါအကြံပြုချက်များကို အသုံးပြုပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ တင်ဆက်မှုတစ်ခုတွင် သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်၌ အလွတ်သဘော မဂ္ဂဇင်းဝေငှနေပုံကို သရုပ်ပြပါ။

၁၅ မိ– နှလုံးသို့ရောက်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသုံးပြုပါ။ ဖေဖော်ဝါရီ ၁၊ ၂၀၀၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၁ ကိုအခြေခံ၍ ဟောပြောရန်။ ပေတရုကိုကူညီပေးရန် ယေရှု ကျမ်းစာအသုံးပြုခဲ့ပုံကို ဆွေးနွေးပါ။ ကျွန်ုပ်တို့၏သားသမီးများ၊ ကျမ်းစာသင်အံမှုများနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ စဉ်းစားတွေးခေါ်မှုနှင့် စိတ်ခံစားချက်များကို တည့်မတ်ပေးဖို့ လိုအပ်သည့်အခါ ယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်နိုင်ကြောင်း ဆွေးနွေးပါ။

၂၀ မိ– “လက်တွေ့ကျသည့် မိသားစုဇယားတစ်ခုရေးဆွဲပါ။” နှစ်မိနစ်ထက်မပိုသောနိဒါန်းတွင် ရေးဆွဲထားသောဇယား၏တန်ဖိုးကို ပေါ်လွင်စေပြီး စာမျက်နှာ ၆ ပါ ဇယားအလွတ်ကို မည်သို့ဖြည့်စွက်နိုင်ကြောင်း ဆွေးနွေးပါ။ “မိသားစုဇယား—အသင်းတော်အစည်းအဝေးများ” ဟူသောဆောင်းပါးကို မေးဖြေဆက်ဆွေးနွေးပါ။ အခြားလုပ်ဆောင်မှုများကြောင့် အစည်းအဝေးများပျက်ခွင့်မပြုပုံကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။ မိသားစုဇယား၏ နောက်ထပ်ကဏ္ဍများကို နောက်အပတ်များတွင် သုံးသပ်ပါမည်။

သီချင်း ၁၇၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၁၆ တွင်စမည့်အပတ်

သီချင်း ၂၀၁

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– “မိသားစုဇယား—မိသားစုလယ်ကွင်းလုပ်ငန်း။”a ဓမ္မအမှုတွင် မိသားစုလိုက် အတူတကွ ပုံမှန်လုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကို ပြောပြကြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။

၂၀ မိ– “တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၉။”b အပိုဒ် ၂ ကိုဆွေးနွေးသည့်အခါ ဒီဇင်ဘာ ၂၀၀၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ မှအချက်တစ်ချက်နှစ်ချက်ကို ပေါ်လွင်စေပါ။ ကျမ်းစာသင်အံမှုတစ်ခုကို တိုတိုတုတ်တုတ်သရုပ်ပြပါ။ တောင်းဆို ဘရိုရှာပါ သင်ခန်းစာ ၂ ပြီးဆုံးသွားသည့်နောက် သင်အံမှုကျင်းပသူက သင်သားအား “ဘုရားသခင်ရဲ့နာမတော်ဟာ ဘယ်အရာဖြစ်တယ်ဆိုတာ ခင်ဗျားရဲ့ မိတ်ဆွေတစ်ယောက်ကို ဘယ်လိုရှင်းပြမလဲ” ဟူ၍မေးပါ။ သင်သားက ဆာလံ ၈၃:၁၈၊ ကဘ (ယေရမိ ၃၃:၂) ကို မည်သို့အသုံးပြုမည်ဖြစ်ကြောင်း ရှင်းပြပြီးနောက် သင်အံမှုကျင်းပသူက သူ့အား ချီးမွမ်းသည်။

သီချင်း ၁၃၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂၃ တွင်စမည့်အပတ်

သီချင်း ၁၉၄

၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၈ မှအကြံပြုချက်ကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြု၍ မေ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။

၁၈ မိ– “ယေဟောဝါ၏နေ့နီးပြီ!”c ဤအပိုင်းကို ပြင်ဆင်သည့်အခါ ဒံယေလ၏ပရောဖက်ပြုချက် စာအုပ်၊ စာမျက်နှာ ၅၉၊ အပိုဒ် ၂၈ ကိုလေ့လာသုံးသပ်ပါ။

၁၅ မိ– “မိသားစုဇယား—မိသားစုသင်အံမှု။”d မိမိတို့၏မိသားစုသင်အံမှုကို မည်သို့ဇယားဆွဲကြောင်းနှင့် ယင်းကို ပုံမှန်ကျင်းပရန် အဘယ်အားထုတ်မှုလိုကြောင်း မှတ်ချက်ပေးရန် တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။

သီချင်း ၁၅၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၃၀ တွင်စမည့်အပတ်

သီချင်း ၁၉၀

၁၀ မိ– ဒေသကြေညာချက်များ။ မေလ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဇွန်လတွင် ဝေငှမည့်စာပေကို ဖော်ပြပါ။ ဇန်နဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ပါ အကြံပြုထားသည့်တင်ဆက်မှုများမှ တစ်ခုနှစ်ခုကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြု၍ ဝေငှပုံကို သရုပ်ပြပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။

၂၀ မိ– “မိသားစုဇယား—နေ့စဉ်ကျမ်းချက်။”e နေ့စဉ်ကျမ်းချက်ကို အတူတကွသုံးသပ်ခြင်းမှ သူတို့၏မိသားစု မည်သို့အကျိုးကျေးဇူးခံစားရကြောင်းနှင့် ထိုသို့ပြုလုပ်ရန် အဘယ်ဇယားက လက်တွေ့ကျသည်ကို တွေ့ရှိခဲ့ကြောင်း မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

၁၅ မိ– မတ်၊ ဧပြီနှင့် မေလအတွင်းရရှိခဲ့သည့် လယ်ကွင်းလုပ်ငန်းတွေ့ကြုံမှုများကို ပြန်ပြောပြပါ သို့မဟုတ် ပြန်သရုပ်ပြပါ။ အောက်မေ့ရာပွဲရာသီအတွင်း ဓမ္မအမှုတွင် တိုးချဲ့ပါဝင်ရန် သူတို့၏ကြိုးစားအားထုတ်မှုနှင့် ယင်းကြောင့် သူတို့ရရှိခဲ့သည့်ကောင်းချီးများကို ပြောပြရန် တစ်ဦးနှစ်ဦးကို ကြိုတင်ပြင်ဆင်ပါ။

သီချင်း ၁၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၆ တွင်စမည့်အပတ်

သီချင်း ၁၅၅

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “မဂ္ဂဇင်းလမ်းကြောင်းဖြင့် စိတ်ဝင်စားမှုကို ပျိုးထောင်ပေးပါ။”f အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၄၅-၁၅၀ ကိုအာရုံစိုက်စေပါ။ ဘုရားသခင့်နိုင်ငံတော်က ဖြစ်မြောက်စေမည့်အရာနှင့်စပ်လျဉ်းသည့် ကျမ်းချက်တစ်ချက်ပါသောဆွေးနွေးခန်းများကို ပြင်ဆင်ရန် ဤအကြောင်းအရာကို အသုံးပြုနိုင်သည်။ ကြေညာသူတစ်ဦးက မဂ္ဂဇင်းလမ်းကြောင်းယူထားသူတစ်ဦးနှင့် ကျမ်းချက်တစ်ချက်ပါသောဆွေးနွေးခန်း ပြုလုပ်နိုင်ပုံကိုပြသည့် သရုပ်ပြတစ်ခု ပါဝင်စေပါ။ ကြေညာသူသည် အိမ်ရှင်အား ကျမ်းချက်ကို မှန်ကန်စွာနားလည်ရန်နှင့် သူ၏အသက်တာတွင် ယင်း၏တန်ဖိုးကိုသိမြင်ရန် ကူညီပေးဖို့ ကျမ်းချက်၏သက်ဆိုင်ပုံကို တိုတိုတုတ်တုတ် ဆွေးနွေးရှင်းပြသင့်သည်။

သီချင်း ၁၀၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

f အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ