လုပ်ငန်းတော်စည်းဝေးအစီအစဉ်
စက်တင်ဘာ ၁၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၆ ပါအကြံပြုချက်များသည် သင့်အသင်းတော်ရပ်ကွက်အတွက် လက်တွေ့ကျလျှင် ဩဂုတ် ၁၅ ကင်းမျှော်စင်နှင့် စက်တင်ဘာ ၈ နိုးလော့! အတွက် တင်ဆက်ပုံကိုသရုပ်ပြရန် ယင်းတို့ကို အသုံးပြုပါ။ အခြားတင်ဆက်မှုများကို အသုံးပြုနိုင်သည်။ တင်ဆက်မှုတစ်ခုစီပြီးနောက် တင်ဆက်မှု၏ အထောက်အကူပြုကဏ္ဍတစ်ခုကို အကျဉ်းချုံးပေါ်လွင်စေပါ။
၂၀ မိ– “နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။”a ဖော်ပြထားသည့်မေးခွန်းများကို အသုံးပြု၍ အသင်းတော်အတွင်းရေးမှူးကိုင်ရန်။
၁၅ မိ– သင်၏အလုပ်ရှင်ထံ ချဉ်းကပ်ပြီးပြီလော။ ဇန်နဝါရီ ၂၀၀၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁ ပါ “ထိုနေရာတွင် သင်ရှိနေမည်လော” ဆောင်းပါးကိုအခြေခံ၍ အကြီးအကဲတစ်ဦးက ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၆၇ မှမှတ်ချက်များပါဝင်စေပါ။
သီချင်း ၁၆၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၀ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၂၀ မိ– ကျွန်ုပ်တို့၏အကျင့်ကောင်းများကို ကိုယ်တိုင်တွေ့ မြင်သူများ။ (၁ ပေ. ၂:၁၂) နိုဝင်ဘာ ၁၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၄၊ အပိုဒ် ၁၄-၂၀ ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့၏အကျင့်ကောင်းများကို သတိပြုမိခြင်းဖြင့် ဒေသခံလူများအပေါ် မည်သို့ အကျိုးသက်ရောက်ခဲ့ကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၂၀ မိ– “အချိန်တန် ဝိညာဉ်အစာ။”b ဖော်ပြထားသည့်မေးခွန်းများကို အသုံးပြုပါ။ အပိုဒ် ၂ ကိုဆွေးနွေးသည့်အခါ ပရိသတ်ထဲမှ တစ်ဦးနှစ်ဦးအား သူတို့တက်ရောက်ခဲ့သည့် အမှတ်ရဖွယ် စည်းဝေးကြီးတစ်ခုအကြောင်း အကျဉ်းချုံးမှတ်ချက်ပေးစေပါ။
သီချင်း ၁၀၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၇ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ စက်တင်ဘာလယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စက်တင်ဘာ ၁ ကင်းမျှော်စင် ကို မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြပါ။
၁၀ မိ– ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏။ ဟောပြောရန်။ သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်မှ ပို၍အကျိုးအပြည့် အဝ ရရှိစေရန် “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏” ဟူသော အခန်းဆက်ဆောင်းပါးများကို ရွေးချယ်ထားသော ကင်းမျှော်စင် စာစောင်များတွင် ဖော်ပြခဲ့ပြီဖြစ်သည်။ စက်တင်ဘာ ၁၅၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၄-၇ ကိုအသုံးပြု၍ ဤဆောင်းပါးများ၏ အင်္ဂါရပ်များကို ညွှန်ပြပါ။ ခြုံငုံသုံးသပ်မှုတစ်ခုပြီးနောက် “ကျမ်းစာမေးခွန်းများ အဖြေ” ဟူသောအပိုင်းက ခက်ခဲသောကျမ်းပိုဒ်အချို့ကို ရှင်းပြသည်။ “ကျွန်ုပ်တို့အတွက် သင်ခန်းစာများ” အောက်ရှိ မှတ်ချက်များက ဖတ်ရှုရသည့်အချက်အလက်များ၏ လက်တွေ့ကျတန်ဖိုးကို အာရုံစိုက်စေသည်။ ဤအခန်းဆက်များက ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပိုမိုနားလည်သဘောပေါက်ရန် မည်သို့ကူညီပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြရန် သတ်သတ်မှတ်မှတ် နမူနာအချို့ကိုသုံးသပ်ပါ။ နောက်အပတ်တွင် တရားဟောရာကျမ်းကို စတင်ဖတ်ရှုစဉ် ဤပြင်ဆင်ပေးချက်ကို အပြည့်အဝအသုံးပြုရန် အားလုံးကို တိုက်တွန်းပါ။
၂၀ မိ– “သန့်ရှင်းစင်ကြယ်၊ ချီးမွမ်းထိုက်သော ကိုယ်အသွင်အပြင်။”c ဖော်ပြထားသည့်မေးခွန်းများကို အသုံးပြုပါ။ အချိန်ရသရွေ့ ညွှန်းထားသည့်ကျမ်းချက်များကို ဖတ်ရှုဆွေးနွေးပါ။
သီချင်း ၃၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၄ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၇ မိ– “သင့်မျက်စိကို ရိုးရှင်းစေပါ။”d ဖော်ပြထားသည့်မေးခွန်းများကို အသုံးပြုပါ။ အချိန်ရသရွေ့ ညွှန်းထားသည့်ကျမ်းချက်များကို ပေါ်လွင်စေပါ။
၂၃ မိ– “ကျမ်းစာကို ထိရောက်စွာအသုံးပြုပါ။”e ဖော်ပြထားသည့်မေးခွန်းများကို အသုံးပြုပါ။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၁၄၅၊ အပိုဒ် ၂-၃ ကိုအခြေပြု၍ အဖွင့်နိဒါန်းပျိုးပါ။ ဦးဆုံးအကြိမ်သွားသည့်အခါနှင့် ပြန်လည်ပတ်သည့်အခါတို့တွင် ပေးထားသည့်အကြံပြုချက်များကို မည်သို့ လက်တွေ့အသုံးပြုနိုင်ကြောင်းပြသည့် တိုတုတ်သော သရုပ်ပြနှစ်ခု ပါဝင်စေပါ။
သီချင်း ၉၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။