ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၄ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇူလိုင် ၁၂ တွင်စမည့်အပတ်
  • ဇူလိုင် ၁၉ တွင်စမည့်အပတ်
  • ဇူလိုင် ၂၆ တွင်စမည့်အပတ်
  • ဩဂုတ် ၂ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၇/၀၄ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇူလိုင် ၁၂ တွင်စမည့်အပတ်

သီချင်း ၁၀၈

၁၂ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကို အသုံးပြု၍ ဇွန် ၁၅ ကင်းမျှော်စင် နှင့် ဇူလိုင် ၈ နိုးလော့! တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတစ်ခုတွင် သင်၏ဘာသာစကားကို ကောင်းစွာမပြောတတ်သည့် လမ်းပေါ်မှလူတစ်ဦးအား မဂ္ဂဇင်းဝေငှနေပုံကို သရုပ်ပြပါ။

၁၈ မိ– “ယေဟောဝါ၏ တရားမျှတမှုကို တုပလော့။”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

၁၅ မိ– သမ္မာကျမ်းစာ—ယုံကြည်စိတ်ချရသော တင်ကူးဟောကြားချက်များစာအုပ်။ လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာ၊ စာမျက်နှာ ၂၇-၉ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် အနာဂတ်ကို စိတ်ဝင်စားသူများနှင့် မကြာခဏဆုံတွေ့ရသည်။ နာခံမှုရှိသောလူသားများအတွက် ပျော်ရွှင်သောအနာဂတ်ကို ပုံဖော်ပေးသည့် ယုံကြည်စိတ်ချရသောအချက်အလက်များကို သမ္မာကျမ်းစာက ဖော်ပြပေးသည်။ ကျမ်းစာပါ အနာဂတ်ဆိုင်ရာ တင်ကူးဟောကြားချက်များအပေါ် ယုံကြည်စိတ်ချမှုတိုးများစေသည့် ကျမ်းစာပရောဖက်ပြုချက်အချို့ကို သုံးသပ်ပါ။ စိတ်ဝင်စားသူတစ်ဦး ကျမ်းစာအပေါ် ယုံကြည်စိတ်ချမှုရှိလာရန်ကူညီပေးဖို့ ကျမ်းစာအဖြစ်အပျက်များကို မည်သို့အသုံးပြုနိုင်ကြောင်း ကြေညာသူတစ်ဦးကို တိုတိုတုတ်တုတ်သရုပ်ပြစေပါ။

သီချင်း ၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၁၉ တွင်စမည့်အပတ်

သီချင်း ၈၃

၁၀ မိ– ဒေသကြေညာချက်များ။ အားလပ်ရက်လှုပ်ရှားမှုများက ကျွန်ုပ်တို့၏ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ကြားဝင်ဟန့်တားသည့်အခါ၌ပင် မှန်မှန် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်းဆွေးနွေးပါ။ ဩဂုတ် ၁၅၊ ၂၀၀၀၊ ကင်းမျှေစင်၊ စာမျက်နှာ ၃၂ မှမှတ်ချက်များ ပါဝင်စေပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “တိုးတက်သော ကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၁။” လုပ်ငန်းတော်ကြီးကြပ်မှူး ဟောရန်။ မျက်မှောက်ခေတ်ရှိ ကျမ်းစာသင်အံမှုလုပ်ငန်း တိုးတက်မှုကိုဖော်ပြသည့် ကြွေးကြော်သူများ စာအုပ်၊ စာမျက်နှာ ၅၇၂-၄ [လိပ်] ပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ပရိသတ်ကို မှတ်ချက်ပေးစေပါ။ လာမည့်အခန်းဆက်ဆောင်းပါးများအတွက် စိတ်အားထက်သန်မှုကို တိုးပွားစေပါ။ သုံးသပ်မည့်အကြောင်းအရာများတွင် သင်အံမှုကျင်းပရန် မည်သို့ပြင်ဆင်မည်၊ ပြင်ဆင်တတ်ရန် သင်သားအား မည်သို့ကူညီမည်၊ အကြောင်းအရာ မည်မျှသုံးသပ်မည်၊ ကျမ်းချက်များကို မည်သို့ထိရောက်စွာအသုံးပြုမည်၊ သင်သားမေးလာသည့်မေးခွန်းများကို မည်သို့ကိုင်တွယ်မည်၊ ဆုတောင်းချက်ကို မည်သို့အစပြုမည်နှင့် သင်သားအား အဖွဲ့အစည်းသို့ မည်သို့လမ်းညွှန်ပေးမည်တို့ပါဝင်သည်။ ပေးထားသောအကြံပြုချက်များကို လက်တွေ့အသုံးပြုရန်နှင့် နောက်နောင်အသုံးပြုရန် ၎င်းဆောင်းပါးများကို သိမ်းဆည်းထားဖို့ အားလုံးကိုတိုက်တွန်းပါ။

သီချင်း ၁၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၂၆ တွင်စမည့်အပတ်

သီချင်း ၂၁၆

၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဇူလိုင်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်ကို အသုံးပြု၍ ဇူလိုင် ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတွင် “ခင်ဗျားတို့ ဘာကြောင့် ခဏခဏလာရတာလဲ” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကိုပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၂၀ ရှု။

၈ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးကိုင်ရန်။ ဆောင်းပါးတစ်ခုလုံးကို ဖတ်၍ဆွေးနွေးပါ။

၂၅ မိ– “စီးပွားရေးရပ်ကွက်တွင် ဟောပြောပုံ။”b စီးပွားရေးရပ်ကွက်များတွင် အမှုဆောင်မည့် ဒေသခံအစီအစဉ်များကိုဖော်ပြပါ။ အပိုဒ် ၄-၅ ပါတင်ဆက်နည်းနှစ်ခု သို့မဟုတ် ဒေသအလိုက် ထိရောက်မှုရှိခဲ့သည့် အခြားချဉ်းကပ်နည်းတစ်ခုကို တိုတိုတုတ်တုတ်သရုပ်ပြပါ။ အချိန်ရသရွေ့ စီးပွားရေးရပ်ကွက်တွင်အမှုဆောင်ရာမှ သူတို့ရရှိခဲ့သည့် အားရှိစရာတွေ့ကြုံမှုများပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၁၇၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂ တွင်စမည့်အပတ်

သီချင်း ၆၀

၈ မိ– ဒေသကြေညာချက်များ။

၂၂ မိ– သင် အကြောင်းရင်းများကိုပေးသလော။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၂၅၄၊ အပိုဒ် ၁-၂ ကိုအခြေခံကာ ဟောပြော၍ ဆွေးနွေးရန်။ ဓမ္မအမှုတွင်ဖြစ်စေ၊ စင်မြင့်ပေါ်မှနေ၍ဖြစ်စေ ကျမ်းချက်များကို ရှင်းပြကာ သက်ဆိုင်ပုံတင်ပြသည့်အခါ အခိုင်အမာတင်ပြပြောဆိုရုံသာပြုမည့်အစား မိမိတို့ပြောဆိုသည့်အရာအတွက် အကြောင်းရင်းများပေးမည်ဆိုလျှင် ကျွန်ုပ်တို့၏သွန်သင်ချက်သည် ပိုမိုထိရောက်မည်ဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်စာအုပ် သို့မဟုတ် ဒေသခံရပ်ကွက်အတွက် သင့်လျော်သည့် အခြားစာအုပ်များမှ နမူနာများကိုအသုံးပြု၍ (၁) ကျမ်းချက်တစ်ချက်တွင်ပါသည့် သော့ချက် အသုံးအနှုန်းများကို သီးခြားခွဲထုတ်ကာ ရှင်းပြပုံ၊ (၂) အထက်အောက် စကားမှ သို့မဟုတ် အကြောင်းအရာနှင့်သက်ဆိုင်သည့် အခြားကျမ်းချက်တစ်ချက်မှ ထောက်ခံသည့် သာဓကကို တင်ဆက်ပုံ၊ (၃) သင်ပြောဆိုခဲ့သည့်အရာသည် ကျိုးကြောင်းညီညွတ်မှုရှိကြောင်းပြရန် ပုံဥပမာတစ်ခုအသုံးပြုပုံနှင့် (၄) နားထောင်သူများအား အကြောင်းအရာအပေါ် ကျိုးကြောင်းဆင်ခြင်ရန် ကူညီပေးဖို့ မေးခွန်းများအသုံးပြုပုံတို့ကို ဖော်ပြပါ။ ကျိုးကြောင်းဆင်ခြင်သည့်နည်းဖြင့် ချဉ်းကပ်ပုံကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ ပေါ်လွင်စေပါ။

၁၅ မိ– ဒေသအလိုက်တွေ့ကြုံမှုများ။ မကြာသေးမီက ခရိုင်စည်းဝေးကြီးတက်ရောက်ခြင်း၊ အရန်ရှေ့ဆောင်လုပ်ခြင်း၊ အခြားဝိညာဉ်ရေး လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းနှင့်ဆက်နွှယ်သည့် တည်ဆောက်မှုပေးသောတွေ့ကြုံမှုအချို့ ပြောပြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။

သီချင်း ၃၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ