ကြေညာချက်များ
◼ အောက်တိုဘာတွင် ဝေငှရန်စာပေ– ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများ။ စိတ်ဝင်စားမှုပြလျှင် တောင်းဆို ဘရိုရှာကိုဝေငှကာ ကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားပါ။ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ လူတို့တွင် ၎င်းတို့ရှိထားပြီဖြစ်ပါက စာအုပ်ဟောင်းတစ်ခုကို ဝေငှနိုင်သည်။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား။ ဝေငှမှုတစ်မျိုးအနေနှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ သမ္မာကျမ်းစာ—ဘုရားသခင်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော [လိပ်] သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ကို အသုံးပြုနိုင်သည်။ ဇန်နဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၈၈ ခုနှစ်မတိုင်မီကထုတ်ဝေခဲ့သော မည်သည့်စာအုပ်ကိုမဆို။ သင့်တွင် ၎င်းတို့တစ်ခုမျှမရှိလျှင် အနီးအနားအသင်းတော်များတွင် သင်အသုံးပြုနိုင်သည့် စာပေဟောင်းများအပိုရှိမရှိ ကျေးဇူးပြု၍စုံစမ်းပါ။ စာအုပ်ဟောင်းများမရှိသောအသင်းတော်များသည် ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။
◼ ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်ပါကြားညှပ်သည် “၂၀၀၄ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်” ဖြစ်ပြီး ၂၀၀၄ ခုနှစ်တစ်လျှောက်လုံး ရည်ညွှန်းရန်အတွက် သိမ်းထားသင့်သည်။
◼ ၂၀၀၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်အပတ်မှစ၍ မြန်မာနိုင်ငံရှိ အသင်းတော်အားလုံးသည် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်သစ်ကို စတင်လေ့လာကြမည်ဖြစ်သည်။ ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် စာအုပ်သစ်နှင့်ဆိုင်သည့်ဆောင်းပါးနှင့် သင်တန်းအစီအစဉ်ဇယားတစ်ခုတို့ ပါရှိသည်။ ၂၀၀၃၊ အောက်တိုဘာ ၁၃ ရက်အပတ်အတွက် အသင်းတော်စာအုပ်ကြီးသင်တန်းအပြီးတွင် “ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ကို လေ့လာခြင်း” ဆောင်းပါးကို ၁၀ မိနစ်ခန့် သုံးသပ်ကြမည်ဖြစ်သည်။ အသင်းတော်စာအုပ်ကြီး သင်တန်းကြီးကြပ်မှူးများသည် ထိုအပတ်တွင် မိမိတို့၏ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကို စာအုပ်ကြီးသင်တန်းသို့ ယူလာကြရန် ယောက်တိုင်းကို နှိုးဆော်သင့်သည်။