သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၃ ခုနှစ် စက်တင်ဘာ ၁ မှ အောက်တိုဘာ ၂၇ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ “လျောက်ပတ်သောအဝတ်” နှင့်တန်ဆာဆင်ရန်ဟူသော ၁ တိမောသေ ၂:၉ ပါသြဝါဒက အဘယ်အရာကို ဆိုလိုသနည်း၊ ယင်းက စင်မြင့်ပေါ်မှ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့၏တင်ဆက်မှုများအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သနည်း။ [ပက စ. ၁၃၂ အပိုဒ် ၄-၅]
၂။ ၁ ယောဟန် ၂:၁၅-၁၇၊ ဧဖက် ၂:၂ နှင့် ရောမ ၁၅:၃ ပါကျမ်းစာမူများက ကျွန်ုပ်တို့၏ ကိုယ်အသွင်အပြင်ကို မည်သို့သြဇာသက်ရောက်သင့်သနည်း။ [ပက စ. ၁၃၃ အပိုဒ် ၂-၄]
၃။ တည်ငြိမ်မှုသည် အဘယ်ကြောင့်အရေးကြီးသနည်း၊ စင်မြင့်ပေါ်မှဟောပြောသည့်အခါ သို့မဟုတ် ဓမ္မအမှုတွင်ပါဝင်သည့်အခါ တည်ငြိမ်မှုကို မည်သို့ရရှိနိုင်သနည်း။ [ပက စ. ၁၃၅ လေးထောင့်ကွက်; စ. ၁၃၆ အပိုဒ် ၅၊ လေးထောင့်ကွက်]
၄။ ယေရှုသည် “သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ” အနေနှင့် ဓမ္မအမှုတွင် ကျမ်းစာအသုံးပြုရာ၌ ကျွန်ုပ်တို့အတွက် မည်သို့ပုံသက်သေချမှတ်ခဲ့သနည်း။ (ဗျာ. ၃:၁၄) [ပက စ. ၁၄၃ အပိုဒ် ၂-၃]
၅။ ကျွန်ုပ်တို့သည် ကျမ်းစာအသုံးပြုရာတွင် မည်သို့ပိုမိုကျွမ်းကျင်လာနိုင်သနည်း။ (တိ. ၁:၉) [ပက စ. ၁၄၄ အပိုဒ် ၁၊ လေးထောင့်ကွက်]
တာဝန်နံပါတ် ၁
၆။ လေ့လာမှုတွင် အဘယ်အရာပါဝင်သနည်း၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်လေ့လာခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။ [ပက စ. ၂၇ အပိုဒ် ၃; စ. ၃၂ အပိုဒ် ၄]
၇။ ယာကုပ် ၁:၅၊ ၆ နှင့်အညီ အရေးကြီးဆုံးဖြတ်ချက်တစ်ခုနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရသောအခါ အဘယ်အရာလိုအပ်သနည်း။ [က၀၁ ၉/၁ စ. ၂၈ အပိုဒ် ၄]
၈။ အချက်အချာရက်စွဲများဟူသည် အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့် အလွန်အရေးပါသနည်း။ [ကမ-၀၃ (ကြားညှပ်) စ. ၆ အပိုဒ် ၂၇]
၉။ “အသရေယုတ်လျော့အောင် ပြောတတ်သူ” သည် အဘယ်နည်းဖြင့် လူမိုက်ဖြစ်သနည်း။ (သု. ၁၀:၁၈၊ သမ) [က၀၁ ၉/၁၅ စ. ၂၅ အပိုဒ် ၃]
၁၀။ လူသားများသည် ကမ္ဘာသစ်တွင် အချိန်နှင့်ပတ်သက်သော ယေဟောဝါ၏ရှုမြင်ပုံကို မည်သို့ပို၍အပြည့်အဝ နားလည်လာမည်နည်း။ [ကမ-၀၃ (ကြားညှပ်) စ. ၇ အပိုဒ် ၃၂]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ အမှန် သို့မဟုတ် အမှား– ၁ ကောရိန္သု ၂:၉ တွင် တမန်တော်ပေါလုသည် မိမိ၏လူမျိုးတော်အတွက် အမွေအနေနှင့် ယေဟောဝါပြင်ဆင်ပေးခဲ့ရာများကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ရှင်းပြပါ။ [ip-၂ စ. ၁၇၄ လေးထောင့်ကွက်]
၁၂။ ၁ ကောရိန္သု ၁၀:၁၃ တွင် မှတ်တမ်းတင်ထားသောစကားများသည် မည်သည့်သွေးဆောင်မှုများနှင့် သက်ဆိုင်သနည်း၊ ယေဟောဝါသည် “ထွက်မြောက်သောလမ်း” ကို မည်သို့စီမံပေးသနည်း။ [သစတ၊ အပိုင်း ၃၊ စစ. ၁၇-၁၈၊ အပိုဒ် ၁၁-၁၄]
၁၃။ ရက်ရောမှုဆိုင်ရာ ယေရှု၏ပုံသက်သေက ခရစ်ယာန်များအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ (၂ ကော. ၈:၉) [က၉၂ ၁/၁၅ စ. ၁၆ အပိုဒ် ၁၀]
၁၄။ ပညတ်တရားသည် ‘ခရစ်တော်ထံသို့ပို့ဆောင်သောအထိန်း’ မည်သို့ဖြစ်ခဲ့သနည်း။ (ဂလ. ၃:၂၄) [က၀၂ ၆/၁ စ. ၁၅ အပိုဒ် ၁၁]
၁၅။ လမ်းမလွဲစေရန် ကျွန်ုပ်တို့သတိပြုရှောင်ရှားရမည့် “လောကီတရားနု” ဟူသည် အဘယ်နည်း။ (ကော. ၂:၈)