လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဩဂုတ် ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ ဩဂုတ် ၁၅ ကင်းမျှော်စင် နှင့် ဩဂုတ် ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ တင်ဆက်မှုတစ်ခုတွင် “ကျွန်တော်မအားဘူး” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကို သရုပ်ပြပါ။—ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၁၉ ရှု။
၁၅ မိ–“ယေဟောဝါ၏ကောင်းမြတ်ခြင်းကို တုပလော့။”a ကြင်နာသောလုပ်ရပ်များက သက်သေခံရန် လမ်းစဖွင့်ပေးခဲ့ပုံကိုဖော်ပြသည့် တိုတုတ်သောတွေ့ကြုံမှုများကိုပြောပြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ ယုံကြည်သူချင်းများအား ကြိုးစားကူညီပေးမှုများအတွက် အသင်းတော်ကိုချီးမွမ်းပါ။
၂၀ မိ– “ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ။”b ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ ရှေ့ဆောင်လုပ်ရာမှရရှိခဲ့သည့် ကောင်းချီးများကိုပြောပြရန် ရှေ့ဆောင်တစ်ဦးနှစ်ဦးကို ဖိတ်ခေါ်ပါ။ ရှေ့ဆောင်လုပ်ရန် စိတ်ဝင်စားသူမည်သူမဆို အတွင်းရေးမှူးထံမှ လျှောက်လွှာတစ်စောင်စီ ရရှိနိုင်ကြောင်း ပြောပြပါ။
သီချင်း ၁၁ နှင် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၈ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ မေးခွန်းသေတ္တာကို သုံးသပ်ပါ။
၁၅ မိ– “လန်းဆန်းစေသောလုပ်ငန်း။”c ခရစ်ယာန်ဓမ္မအမှုက သူတို့အား မည်သို့လန်းဆန်းစေကြောင်း မှတ်ချက်ပေးရန် နှစ်ဦးသုံးဦးကို ကြိုတင်စီစဉ်ပါ။
၁၈ မိ– “ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာကို ကောင်းမွန်စွာထားကြစို့။”d (အပိုဒ် ၁-၅) ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ အပိုဒ် ၃ နှင့် ၄ ကိုဆွေးနွေးသည့်အခါ နိုင်ငံတော်ခန်းမသန့်ရှင်းရေးအတွက် ဒေသခံအစီအစဉ်များကို သုံးသပ်ပါ။ ဂရုစိုက်ဖို့လိုအပ်သော မည်သည့်အရာကိုမဆို အာရုံစိုက်စေပါ။ စစ်မှန်သောဝတ်ပြုရေးအတွက် သင့်လျော်သောနေရာတစ်ခုကို ထိန်းသိမ်းရာတွင် အသင်းတော်၏ကြိုးစားမှုများအတွက် ချီးမွမ်းပါ။
သီချင်း ၁၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ စက်တင်ဘာ ၁ ကင်းမျှော်စင် နှင့် စက်တင်ဘာ ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ သရုပ်ပြတစ်ခုစီတွင် မိဘတစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် သား သို့မဟုတ် သမီးတစ်ဦးတို့ မဂ္ဂဇင်းလုပ်ငန်းအတွက် ပြင်ဆင်သည့်အနေဖြင့် လေ့ကျင့်နေပုံကိုပြစေပါ။ သူတို့သည် သရုပ်မပြမီ အကြံပြုထားသည့် တင်ဆက်မှုတစ်ခုစီကို အကျဉ်းချုံးသုံးသပ်ကြသည်။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ဟောပြောရန် ရဲစွမ်းသတ္တိမွေးပါ။ (၁ သက်. ၂:၂) ပရိသတ်နှင့်ဆွေးနွေး၍ ဟောပြောရန်။ များစွာသောသူတို့သည် အခြားသူတို့အား နိုင်ငံတော်သတင်းဟောပြောရန် အဘယ်ကြောင့် စိုးရိမ်ထိတ်လန့်ကြကြောင်း ရှင်းပြပါ။ နှစ်ပေါင်းများစွာ တက်တက်ကြွကြွအမှုဆောင်ခဲ့သူများပင် ထိုသို့ဖြစ်တတ်သည်။ ဒီဇင်ဘာ ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅; ဒီဇင်ဘာ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁; နှင့် ဧပြီ ၁၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၁ တွင်ပါရှိသော တွေ့ကြုံမှုများမှအချို့ကို ပြောပြပါ။ ကြောက်စိတ်ဝင်လာသည့်အခါများတွင် သတင်းကောင်းဝေမျှရန် ရဲစွမ်းသတ္တိမွေးနိုင်ခဲ့ပုံကို ပြောပြကြရန် ပရိသတ်အား ဖိတ်ခေါ်ပါ။ ဒီဇင်ဘာ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၀ ကိုအခြေခံ၍ ယေဟောဝါထံမှ ခွန်အားရယူကြရန် အားပေးခြင်းဖြင့် နိဂုံးချုပ်ပါ။
သီချင်း ၁၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လအတွက် လယ်ကွင်းလုပ်ငန်း မှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စက်တင်ဘာတွင်ဝေငှမည့်စာပေကို ဖော်ပြပါ။ အားလပ်ရက်အတွင်း သို့မဟုတ် အခြားအချိန်အခါများတွင် အလွတ်သဘောသက်သေခံရာမှ ရရှိခဲ့သည့် တည်ဆောက်မှုဖြစ်စေသော တွေ့ကြုံမှုများကိုပြောပြရန် တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။
၁၅ မိ– ပြန်လာမည်ဟူသော သင်၏ကတိကို တည်စေသလော။ စက်တင်ဘာ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၁ မှ “ကတိများတည်ရန် အခြားနည်းများ” ခေါင်းစဉ်အောက်ရှိ အကြောင်းအရာကိုအခြေခံ၍ ဟောပြောကာ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် စိတ်ဝင်စားသူများနှင့်တွေ့သောအခါ အခြားအချိန်တစ်ချိန်တွင် ဆက်ဆွေးနွေးရန် စီစဉ်လေ့ရှိကြသည်။ ကျွန်ုပ်တို့ကတိပေးခဲ့သည့်အတိုင်း တိတိကျကျ ပြန်သွားသလော။ ကတိတည်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသင့်သည့် ကျမ်းစာမူများကို သုံးသပ်ပါ။ ချက်ချင်းပြန်သွားခြင်းဖြင့် အကျိုးခံစားခဲ့ရပုံကို ဖော်ပြသည့် တွေ့ကြုံမှုများပြောပြရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
၂၀ မိ– “ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာကို ကောင်းမွန်စွာထားကြစို့။”e (အပိုဒ် ၆-၁၂) ဖော်ပြထားသော မေးခွန်းများကိုအသုံးပြုပါ။ စာမျက်နှာ ၅ ရှိလေးထောင့်ကွက်ကို ပေါ်လွင်စေကာ နိုင်ငံတော်ခန်းမအား ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းခြင်း၏အရေးကြီးမှုကို အလေးပေးဖော်ပြပါ။ သင့်နိုင်ငံတော်ခန်းမ အခြေအနေနှင့်စပ်လျဉ်းသည့် မှတ်တမ်းတိုတစ်ခုကို ပါဝင်စေပါ၊ ပြုပြင်မွမ်းမံရန်ရှိသော မည်သည့်အစီအစဉ်ကိုမဆို ဖော်ပြပါ။
သီချင်း ၄၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။