ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၃ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • မေ ၁၂ တွင်စမည့်အပတ်
  • မေ ၁၉ တွင်စမည့်အပတ်
  • မေ ၂၆ တွင်စမည့်အပတ်
  • ဇွန် ၂ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၅/၀၃ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

မေ ၁၂ တွင်စမည့်အပတ်

သီချင်း ၁

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ မေ ၁၅ ကင်းမျှော်စင် နှင့် မေ ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ တင်ဆက်မှုတစ်ခုစီတွင် တစ်ခုတည်းကိုသာ အသားပေးဖော်ပြသော်လည်း မဂ္ဂဇင်းနှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ အလှူငွေအစီအစဉ်ဖော်ပြချက်ကို ပါဝင်စေပါ။

၂၀ မိ– မိဘတို့—သင်တို့၏သားသမီးများတိုးတက်ရန်ကူညီပေးပါ။ ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၉-၁၂ နှင့် ၂၁-၃၈ မှပေါ်လွင်ချက်များကို ဟောပြောဆွေးနွေးရန်။ ဓမ္မအမှုတွင်တိုးတက်ရန် မိမိတို့၏သားသမီးများအား လေ့ကျင့်ပေးဖို့ရည်ရွယ်ချက်ဖြင့် ဤအကြောင်းအရာမှအချို့ကို မိသားစုသင်အံမှုတွင်အသုံးပြုကြရန် မိဘတို့ကိုအားပေးပါ။ လိုအပ်သည့်စွမ်းရည်များရှိလာစေရန် လူငယ်များအားကူညီဖို့ အသုံးပြုနိုင်သည့် သတ်သတ်မှတ်မှတ်အချက်များကို ဖော်ပြပါ။

၁၅ မိ– “သတင်းကောင်းအပ်နှင်းခံရ။”a ဟောပြောခြင်းလုပ်ငန်းတွင် တိုးချဲ့ပါဝင်ရန် မိမိတို့၏ကိုယ်ပိုင်အခြေအနေများကို မည်သို့ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြောင်း အကျဉ်းချုံးရှင်းပြရန် ကြေညာသူတစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။

သီချင်း ၄၆ နှင့် နိဂုံးချုပ်ဆုတောင်းရန်။

မေ ၁၉ တွင်စမည့်အပတ်

သီချင်း ၆၂

၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ “ဥရောပနိုင်ငံအချို့ရှိ အပြည်ပြည်ဆိုင်ရာ နိုင်ငံတော်ခန်းမဆောက်လုပ်ရေး” ကိုဆွေးနွေးပါ။ ဥစ္စာအင်ခွင်အကန့်အသတ်ရှိသောနိုင်ငံများနှင့် ဒေသန္တရဌာနခွဲရပ်ကွက်အတွင်းရှိ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို နိုင်ငံတော်ခန်းမရန်ပုံငွေအတွက် ထည့်ဝင်သောအလှူငွေများဖြင့် ထောက်ပံ့ကြောင်းဖော်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၁၅ မိ– “အလွတ်သဘောသက်သေခံခြင်းဖြင့် ယေဟောဝါကိုချီးမွမ်းပါ။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ အောက်ပါအခြေအနေများမှအချို့တွင် ကျမ်းစာဆွေးနွေးမှုတစ်ခုကိုအစပြုရန် မည်သို့ပြောဆိုနိုင်ကြောင်း ပရိသတ်ကိုမေးပါ– (၁) ကောင်တာတစ်ခုတွင် ငွေရှင်းရန် ရပ်စောင့်နေစဉ်။ (၂) လူထုသယ်ယူပို့ဆောင်ရေးယာဉ်များစီးသည့်အခါ။ (၃) ခြံဝင်းထဲတွင်အလုပ်လုပ်နေသော အိမ်နီးချင်းတစ်ဦးနှင့်။ (၄) သင့်အလုပ်ခွင်ရှိ အလုပ်ဖော်တစ်ဦးနှင့်။ (၅) ကျောင်းတွင် အတန်းဖော်တစ်ဦးနှင့်။ ကြေညာသူက အောင်မြင်စွာ အလွတ်သဘောသက်သေခံခဲ့ပုံကို ဖော်ပြသည့် ဒေသခံတွေ့ ကြုံမှုတစ်ခုကို ကြိုတင်စီစဉ်ပါ။

သီချင်း ၁၃၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂၆ တွင်စမည့်အပတ်

သီချင်း ၁၇၄

၁၀ မိ– ဒေသကြေညာချက်များ။ မေလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် နှိုးဆော်ပါ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ ဇွန် ၁ ကင်းမျှော်စင် နှင့် ဇွန် ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် တစ်ခုတည်းကိုသာ အသားပေးဖော်ပြသော်လည်း မဂ္ဂဇင်းနှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ တင်ဆက်မှုတစ်ခု၏နိဂုံးတွင် မဂ္ဂဇင်းများကိုလက်မခံသောအိမ်ရှင်တစ်ဦးအား သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာကိုဝေငှပါ။

၁၀ မိ– မေးခွန်းသေတ္တာ။ ဟောပြောရန်။ ဖေဖော်ဝါရီ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၆၊ အပိုဒ် ၁၂-၁၅ [လိပ်] တွင်ဖော်ပြထားသော တယ်လီဖုန်းဖြင့်တင်ဆက်မှုများအတွက် အကြံပြုချက်အချို့ သို့မဟုတ် ဒေသခံရပ်ကွက်တွင် ထိရောက်မှုရှိခဲ့သည့် အခြားအကြံပြုချက်များကို အကျဉ်းချုံးသုံးသပ်ပါ။

၂၅ မိ– “ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် သမ္မာတရားဖြစ်၏။”b ဖော်ပြထားသည့်မေးခွန်းများကို အသုံးပြုပါ။ မိမိတို့၏မေးခွန်းများကိုဖြေရန် ကြေညာသူများမှ ကျမ်းစာကိုအသုံးပြုခဲ့စဉ်က သမ္မာတရားသိရှိရန် မိမိတို့အား အကူအညီပေးခဲ့ပုံနှင့်စပ်လျဉ်းသည့် မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ အပိုဒ် ၄ ကိုဆွေးနွေးသည့်အခါ “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်ကန်စွာကိုင်တွယ်ပါ” ဟူသောဆောင်းပါးပါ အကြံပြုချက်အချို့ကိုအသုံးပြု၍ ဦးဆုံးအကြိမ်လည်ပတ်ချိန်တွင် ကျမ်းစာအသုံးပြုပုံကို အရည်အချင်းရှိသောကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။—နဓ ၁၂/၀၁ စ. ၁ အပိုဒ် ၃-၄။

သီချင်း ၁၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၂ တွင်စမည့်အပတ်

သီချင်း ၂၁၀

၁၀ မိ– ဒေသကြေညာချက်များ။ တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်တင်ဆက်မှုအတွက် ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှ အကြံပြုချက်တစ်ခုနှစ်ခုကို သုံးသပ်ပါ။

၂၀ မိ– အသရေရှိသောအိမ်ထောင်မင်္ဂလာ—ဘုရားသခင့်တောင်းဆိုချက်တစ်ခု။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ နိုင်ငံများစွာတွင် မောင်နှံစုံများသည် တရားဝင်ထိမ်းမြားခြင်းမရှိဘဲ အတူနေထိုင်လေ့ရှိကြသည်။ အချို့က ယင်းသည် လက်တွေ့ကျအကျိုးကျေးဇူးများရှိသည်ဟု ဆိုကြသည်။ အိမ်ထောင်မင်္ဂလာသည် ဘုရားသခင်ထံမှအစပြုကြောင်း အလေးပေးတင်ပြလျက် ကျမ်းစာ၏ရှုမြင်ပုံကို ပေါ်လွင်စေပါ။ (ကက စစ. ၄၃၃-၄) အိမ်ထောင်မပြုဘဲ အတူပေါင်းသင်းနေထိုင်ခြင်းသည် မတရားမေထုန်ဖြစ်၏။ (မလ စ. ၁၇) လူအများ၏ယူဆချက်နှင့်ဆန့်ကျင်လျက် လေ့လာမှုများက အိမ်ထောင်မပြုမီ အတူနေထိုင်ခြင်းသည် အိမ်ထောင်အောင်မြင်မည့်အလားအလာကို လျော့နည်းစေသည်ဟု ဖော်ပြသည်။ (န၀၃ ၃/၈ စ. ၂၁; န၉၂ ၉/၈ စ. ၂၈ [လိပ်]; န၉၁ ၅/၈ စ. ၂၈ [လိပ်]) ခရစ်ယာန်များသည် ယေဟောဝါ၏စံနှုန်းများကို လိုက်နာခြင်းအားဖြင့် ကိုယ်တော်ကို ဂုဏ်တင်ကြသည်။ ထိုသို့ပြုခြင်းဖြင့် သူတို့ကိုယ်တိုင်လည်း အကျိုးခံစားကြရသည်။—ဟေရှာ. ၄၈:၁၇၊ ၁၈။

၁၅ မိ– သင် မည်သို့အကျိုးခံစားနေရသနည်း။ ကျောင်းကြီးကြပ်မှူးက ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့သည် ဇန်နဝါရီလမှစ၍ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်သစ်ကို စတင်အသုံးပြုခဲ့ကြသည်။ ကျောင်း၏အသွင်အပြင်သစ်အချို့ကို အကျဉ်းချုံးသုံးသပ်ပါ။ ယခုအချိန်အထိတွေ့မြင်ခဲ့ရသော ရလဒ်ကောင်းများကို ပေါ်လွင်စေပါ။ ကျောင်းတွင် နောက်ထပ်စာရင်းသွင်းကြသလော။ ပါဝင်ရန် လိုလိုလားလားရှိကြသလော။ သွန်သင်ချက်ပေးသည့်အစီအစဉ်သစ်များမှ ကျောင်းသားများ မည်သို့အကျိုးခံစားနေရသနည်း။ ယခုအချိန်အထိ သူတို့ကိုယ်တိုင် မည်သို့အကျိုးခံစားခဲ့ရကြောင်းနှင့် နောင်တွင် အစီအစဉ်သစ်က သူတို့အား မည်သို့ကူညီပေးမည်ဟုယူဆကြောင်း ပြောပြကြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၂၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ