လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဩဂုတ် ၁၂ တွင်စမည့်အပတ်
၁၃ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါ အကြံပြုချက်များကိုအသုံးပြု၍ ဩဂုတ် ၁၅ ကင်းမျှော်စင် နှင့် ဩဂုတ် ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို တစ်ခုစီသရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် “ခင်ဗျားတို့ ဘာကြောင့် ခဏခဏလာရတာလဲ” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူကို တုံ့ပြန်ရန် တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၂၀ ရှု။
၂၀ မိ– “ဝိညာဏပန်းတိုင်များချမှတ်ပါ။”a အပိုဒ် ၅ ကိုဆွေးနွေးသည့်အခါ ကျွန်ုပ်တို့၏ ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၁၁၄-၁၆ မှ မှန်မှန်ရှေ့ဆောင်၊ သာသနာပြုနှင့် ဗေသလလုပ်ငန်းတို့နှင့်စပ်လျဉ်းသည့် လှုံ့ဆော်မှုဖြစ်စေသောမှတ်ချက်များ ပါဝင်စေပါ။
၁၂ မိ– ဒေသခံ တွေ့ ကြုံမှုများ။ သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာကို အသုံးပြုခြင်းဖြင့် သူတို့ရရှိခဲ့သည့်တွေ့ ကြုံမှုများကို ပြောပြရန် အသင်းတော်ကိုဖိတ်ခေါ်ပါ။ ကျမ်းစာသင်အံမှုတစ်ခုတလေ စခဲ့ရသလော။ စခဲ့ရပါက မည်သို့စခဲ့ကြောင်း ရှင်းပြပါ သို့မဟုတ် တွေ့ကြုံမှုတစ်ခုနှစ်ခုကို ပြန်သရုပ်ပြစေပါ။ နိုဝင်ဘာ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ ပါ “ဝေစာဝေငှရန် အခွင့်အလမ်းများ” ဟူသောလေးထောင့်ကွက်ကို သုံးသပ်ပါ။
သီချင်း ၁၂၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၉ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ “အထူးစည်းဝေးပွဲနေ့အစီအစဉ်သစ်” ကိုဆွေးနွေးပါ။ စောစောရောက်ရှိကြရန်နှင့် အစီအစဉ်တစ်ခုလုံးအတွင်း အာရုံစိုက်ကြရန် အားလုံးကိုတိုက်တွန်းပါ။ စိတ်ဝင်စားသူလူသစ်များနှင့် ကျမ်းစာသင်သားများအား ဖိတ်ခေါ်ကြရန် ကြေညာသူများကိုအားပေးပါ။
၁၅ မိ– သူတို့ကို အဟန့်အတားဖြစ်စေသည့်အရာကား အဘယ်နည်း။ ပရိသတ်နှင့်ဆွေးနွေး၍ သရုပ်ပြရန်။ များသောအားဖြင့် ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် မိမိ၏ယုံကြည်ချက်များကို မဆွေးနွေးလိုသူများနှင့် တွေ့ဆုံကြရသည်။ ယင်းက နိုင်ငံတော်သတင်းဝေငှခြင်းကို အဟန့်အတားဖြစ်စေနိုင်သည့် အတားအဆီးတစ်ခုဖြစ်စေသည်။ ကျွန်ုပ်တို့သည် လူတစ်ဦး အဘယ်ကြောင့် တွန့်ဆုတ်ရကြောင်းကို သိမည်ဆိုလျှင် ယင်းက ထိုသူအားတင်ပြပြောဆိုစေမည့် ချဉ်းကပ်နည်းတစ်ခုကို ပြင်ဆင်ရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည်။ အောက်ပါလူစားမျိုးနှင့်တွေ့သည့်အခါ ကျွန်ုပ်တို့၏တင်ဆက်မှုကို မည်သို့ အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်ကြောင်း ဆွေးနွေးပါ– (၁) ကိုယ့်ဘာသာကိုပင် စိတ်မဝင်စားသူများ။ (၂) မိမိတို့၏မိသားစုနှင့် ဘိုးဘေးများကျင့်သုံးခဲ့သည့် ဘာသာရေးဓလေ့ထုံးစံများအပေါ် တွယ်တာနေသူများ။ (၃) ကျမ်းစာအထောက်အထား အနည်းငယ်သာရှိသောကြောင့် သူတို့၏ယုံကြည်ချက်များနှင့်ပတ်သက်၍ ပြောဆိုရန်အခက်တွေ့သူများ။ (၄) အတိုက်အခံပြုသူများ၏ အထင်မြင်မှားစေသော ဝေဖန်ချက်များကြောင့် ကျွန်ုပ်တို့အပေါ် စိတ်စွန်းကွက်နေသူများ။ တွေ့မြင်နေကြဖြစ်သော သဘောထားများအပေါ် အာရုံစိုက်လျက် ဒေသခံရပ်ကွက်နှင့်ကိုက်ညီရန် ဤစာရင်းကို လိုအပ်သလို ပြုပြင်ပြောင်းလဲပါ။ လူတစ်ဦးအား ကျမ်းစာအကြောင်းပြောဆိုမှုတွင် ပါဝင်လာစေပုံကိုပြသည့် တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။
၁၈ မိ– “ဆွေမျိုးတစ်ဦးနှင်ထုတ်ခံရသောအခါ ခရစ်ယာန်သစ္စာစောင့်သိမှုပြပါ။”b (အပိုဒ် ၁-၈) ဖော်ပြထားသည့် မေးခွန်းများကိုအသုံးပြု၍ အရည်အချင်းရှိအကြီးအကဲတစ်ဦးကိုင်ရန်။ စာဖတ်စွမ်းရည်ရှိသော ညီအစ်ကိုတစ်ဦးအား တစ်ပိုဒ်စီကို အသံကျယ်ကျယ်ဖြင့် ဖတ်စေပါ။
သီချင်း ၁၃၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ စက်တင်ဘာ ၁ ကင်းမျှော်စင် အတွက်တင်ဆက်ပုံကို မှန်မှန် သို့မဟုတ် အရန်ရှေ့ဆောင်တစ်ဦးအား သရုပ်ပြစေကာ စက်တင်ဘာ ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို အသင်းတော်ကြေညာသူတစ်ဦးအား ပြစေပါ။ ၎င်းတို့၏တင်ဆက်မှုတွင် ကျမ်းချက်တစ်ချက် ထည့်သွင်းပါဝင်ရန် ကြေညာသူအားလုံးကို အားပေးပါ။
၁၇ မိ– “ဆက်သွယ်ပြောဆိုသူတစ်ဦးဖြစ်ပါ!”c နိဂုံးချုပ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ စာအုပ်၊ စာမျက်နှာ ၆၂-၅ ပါ “စကားလက်ဆုံပြောဆိုခြင်းအရည်အသွေးများ တိုးတက်နိုင်ပုံ” အခန်း (သို့မဟုတ် ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၁၄၂-၃) ကိုသုံးသပ်ကြရန် ကြေညာသူများကို အားပေးပါ။
၁၈ မိ– “ဆွေမျိုးတစ်ဦးနှင်ထုတ်ခံရသောအခါ ခရစ်ယာန်သစ္စာစောင့်သိမှုပြပါ။”d (အပိုဒ် ၉-၁၄) ဖော်ပြထားသည့် မေးခွန်းများကိုအသုံးပြု၍ အရည်အချင်းရှိအကြီးအကဲတစ်ဦးကိုင်ရန်။ စာဖတ်စွမ်းရည်ရှိသော ညီအစ်ကိုတစ်ဦးအား တစ်ပိုဒ်စီကို အသံကျယ်ကျယ်ဖြင့် ဖတ်စေပါ။
သီချင်း ၁၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ မေ ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅ ပါ “သင့်သားသမီးနှင့်အတူ စာဖတ်ပါ” ဆောင်းပါးကို အကျဉ်းချုံးပေါ်လွင်စေပါ။
၂၀ မိ– သင်မသွားမီပြင်ဆင်ပါ။ ဆွေးနွေး၍သရုပ်ပြရန်။ ကောင်းစွာစီစဉ်ခြင်းသည် ဓမ္မအမှုတွင် ပို၍ထိရောက်မှုရှိစေသည်။ ထို့ကြောင့် ဤအရာများကို ကြိုတင်ပြင်ဆင်ပါ– (၁) သင်လိုအပ်မည့်စာပေများကို ရယူပါ။ (၂) တစ်အိမ်မှတစ်အိမ်မှတ်တမ်းများ အလုံအလောက်နှင့် ဘောပင် သို့မဟုတ် ခဲတံတစ်ချောင်းပါရှိကြောင်း သေချာစေပါ။ (၃) ယာဉ်တစ်ခုခုစီးဖို့လိုမည်ဆိုလျှင် သင့်လျော်သည့် ခရီးအစီအစဉ်များပြုလုပ်ပါ။ (၄) သင်ပြုလုပ်ရန် ရည်ရွယ်ထားသည့် ပြန်လည်ပတ်မှုများကို စဉ်းစားပါ။ (၅) သင်ပြောမည့်စကားများကို ကြိုတင်ပြင်ဆင်ပါ။ လယ်ကွင်းလုပ်ငန်းအတွက် တွေ့ဆုံသည့်အစည်းအဝေးကျင်းပမည်ဆိုလျှင် ရပ်ကွက်အလုံအလောက် ရယူထားပါ။ စက်တင်ဘာလအတွင်း ဓမ္မအမှု၌ ဖန်ဆင်းခြင်း [လိပ်] စာအုပ်ကိုဝေငှနိုင်သည့် နည်းနှစ်နည်းသုံးနည်းကို ပရိသတ်နှင့်ဆွေးနွေးပါ။ တင်ဆက်မှုများအနက် တစ်ခုကိုသရုပ်ပြကာ ဆွေးနွေးခန်းတွင် ကျမ်းချက်တစ်ချက် ပါဝင်စေပါ။—ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စက်တင်ဘာ ၁၉၉၆၊ စာမျက်နှာ ၈ နှင့် ဇွန် ၁၉၉၅၊ စာမျက်နှာ ၄ [လိပ်] တွင်ပါသည့် အကြံပြုချက်များကိုရှု။
၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ယာဉ်ရပ်နားစခန်းများ၊ လူထုသယ်ယူပို့ဆောင်ရေးယာဉ်များပေါ်၊ ပန်းခြံများ၊ ဈေးရုံများ၊ ကားမှတ်တိုင်များနှင့် အခြားလူအများရှိရာနေရာများတွင် သတင်းကောင်းဝေငှခြင်းဖြင့်ဖြစ်စေ အလွတ်သဘောသက်သေခံရာတွင် သူတို့ရရှိခဲ့သည့်တွေ့ ကြုံမှုများကို ပြောပြကြရန် အသင်းတော်ကိုဖိတ်ခေါ်ပါ။ တွေ့ ကြုံမှုတစ်ခုနှစ်ခုကို ပြန်သရုပ်ပြစေပါ။
သီချင်း ၉၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။