မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁၅
“လူဆိုးတွေဟာ ငရဲထဲမှာ ပြစ်ဒဏ်ပေးခံရတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အပြစ်အတွက် ခံရမယ့်ပြစ်ဒဏ်ကို သမ္မာကျမ်းစာက အတိအလင်းဖော်ပြတယ်။ [ရောမ ၆:၂၃ ကိုဖတ်။] ဒါဆိုရင် ငရဲဟာ မီးတောက်လောင်နေတဲ့ ညှဉ်းဆဲရာနေရာတစ်ခုလား။ ဘုရားသခင်နဲ့သီးခြားဖြစ်နေတဲ့ အခြေအနေတစ်ခုသက်သက်လား။ အဲဒီမေးခွန်းတွေကို ဒီမဂ္ဂဇင်းက ကျမ်းစာနဲ့ဖြေဆိုပေးထားတယ်။”
နိုးလော့! ဇူလိုင် ၂၂ [လိပ်]
“လောင်းကစားခြင်းဟာ လူမှုရေးအရ လက်သင့်ခံနိုင်တဲ့ အပျင်းဖြေစရာတစ်ခုလို့ လူအများယူမှတ်ကြတယ်။ အခြားသူတွေကတော့ မိသားစုတွေနဲ့ များသောအားဖြင့် လူ့ဘောင်ကိုအန္တရာယ်ပေးတဲ့အရာလို့ ယူမှတ်ကြတယ်။ ဒီလထုတ် နိုးလော့! က မကြာခင်က ထုတ်ပြန်ကြေညာခဲ့တဲ့ သုတေသနပြုချက်ရဲ့ရှုထောင့်ကနေ လောင်းကစားခြင်းကို ဆန်းစစ်ထားတယ်။ ဒီအကြောင်းအရာနဲ့ ကျမ်းစာမူတွေ ဆက်စပ်မှုရှိပုံကိုဖတ်ဖို့ မိတ်ဆွေလည်း စိတ်ဝင်စားမှာပါ။” ဥပမာအနေနှင့် ၁ တိမောသေ ၆:၁၀ ကိုဖတ်ပြပါ။
ကင်းမျှော်စင် ဩဂုတ် ၁
“အယူသီးတဲ့ အယူအဆနဲ့ ဓလေ့ထုံးစံတွေဟာ အပျော်သက်သက်ပါလို့ လူအများယူမှတ်ကြတယ်။ [စာမျက်နှာ ၅ ရှိလေးထောင့်ကွက်မှ တစ်ခုနှစ်ခုကို ဖော်ပြပါ။] အဲဒီအယူအဆတွေနောက်ကွယ်မှာ ရှိနေတဲ့အရာနဲ့ပတ်သက်ပြီး မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုရပြီးနောက် ၂ ကောရိန္သု ၁၁:၁၄ ကိုဖတ်ပါ။] အယူသီးမှုနဲ့ပတ်သက်တဲ့ ကျမ်းစာရှုမြင်ပုံကို ဒီမဂ္ဂဇင်းက ဖော်ပြပါတယ်။”
နိုးလော့! ဩဂုတ် ၈ [လိပ်]
“အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒတွေ ပိုမိုတိုးများလာမှာကို လူတွေအလွန်စိုးရိမ်နေကြတယ်။ ဒေသနာ ၈:၉ ပါစကားကို မိတ်ဆွေ သဘောတူကောင်းတူပါလိမ့်မယ်။ [ဖတ်ပြပြီး တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် နိုးလော့! က အတိတ်ကသင်ခန်းစာတွေကို ဆွေးနွေးထားပြီး မကြာခင်မှာ အဲဒီလိုမျိုးစိုးမိုးမှု ဘယ်လိုဇာတ်သိမ်းသွားမယ်ဆိုတာ ဖော်ပြပါတယ်။”