လုပ်ငန်းတော်စည်းဝေးအစီအစဉ်
မေ ၁၃ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကိုအသုံးပြု၍ မေ ၁၅ ကင်းမျှော်စင် နှင့် မေ ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို တစ်ခုစီပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် “ကျွန်တော်မအားဘူး” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူကိုတုံ့ပြန်ရန် တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၉-၂၀ ရှု။
၃၀ မိ– “လယ်ကွင်းလုပ်ငန်းအချိန်နာရီကို မှတ်တမ်းသွင်းခြင်း။”a အပိုဒ် ၂ ကိုသုံးသပ်ပြီးနောက် ဓအ စာအုပ်စာမျက်နှာ ၁၀၃-၄ နှင့် မေးခွန်းသေတ္တာကို မေးဖြေဆက်ဆွေးနွေးပါ။ အပိုဒ် ၃ ဖြင့်နိဂုံးချုပ်ပါ။
သီချင်း ၁၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၀ တွင်စမည့်အပတ်
၉ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၃၆ မိ– “သောက်စားခြင်း—ကျမ်းစာအမြင်မျိုး သင်၌ရှိသလော။” အရည်အချင်းရှိသောအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ကြားညှပ်ကို မေးဖြေဆွေးနွေးရန်။ (အပိုဒ်ကိုအရင်ဖတ်ပြီး မေးခွန်းများမေးပါ။ အချိန်ရသရွေ့ ကျမ်းချက်များကို များများသုံးသပ်ပါ။ နိဂုံးချုပ်အနေနှင့် လေးထောင့်ကွက်ကိုသုံးသပ်ပါ)
သီချင်း ၁၆၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၇ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ မေလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် နှိုးဆော်ပါ။ စာမျက်နှာ ၈ ပါအကြံပြုချက်များကို အသုံးပြု၍ ဇွန် ၁ ကင်းမျှော်စင် အတွက်တင်ဆက်ပုံကို သက်ကြီးကြေညာသူတစ်ဦးနှင့် ဇွန် ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သက်ငယ်ကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။ သရုပ်ပြတစ်ခုစီပြီးနောက် တင်ဆက်မှုတွင် ကျမ်းချက်တစ်ချက်ကို မည်သို့လွယ်ကူစွာထည့်သွင်းနိုင်ကြောင်း မှတ်ချက်ပေးပါ။
၁၅ မိ– “သင့်အသင်းတော်တွင် ကြီးမားသည့်ရပ်ကွက်တစ်ခုရှိသလော။” လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ (ရပ်ကွက်နည်းသောအသင်းတော်များသည် ဇွန် ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ “သင့်အချိန်ကို တန်ဖိုးရှိစေလော့” ဆောင်းပါးကိုသုံးသပ်နိုင်သည်။) အသင်းတော်တွင် ရပ်ကွက်မည်မျှရှိ၍ လွန်ခဲ့သည့်နှစ်က မည်မျှပြီးစီးခဲ့ကြောင်း ထောက်ပြပါ။ ပေးထားသည့်အကြံပြုချက်များကို ဒေသအလိုက် မည်သို့ကျင့်သုံးနိုင်ကြောင်း ရှင်းပြပါ။ တစ်ခါတစ်ရံသာ အမှုဆောင်သည့်ရပ်ကွက်ကို မကြာမီပြီးစီးစေရန် ရေးဆွဲထားသည့်အစီအစဉ်များကို သုံးသပ်ပါ။
၁၈ မိ– “သင်အံမှုများစရန် တောင်းဆို ဘရိုရှာကို သင် အသုံးပြုနေသလော။” (ဤဆွေးနွေးမှုအတွက် အားလုံးတွင် ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက် ရှိသင့်သည်။) ကောင်းစွာပြင်ဆင်ထားသော ကြေညာသူတစ်ဦးအား အပိုဒ် ၃ ပါနမူနာကိုအသုံးပြုပြီး သင်အံမှုတစ်ခုစပုံကို သရုပ်ပြစေခြင်းဖြင့် အစပြုပါ။ ထို့နောက် ဘရိုရှာ၏ပေါ်လွင်ချက်များကို ဖော်ပြကာ သင်အံမှုများစရန် ယင်းကို မည်မျှကောင်းစွာစီမံထားကြောင်း ရှင်းပြပါ။ ဇန်နဝါရီ ၂၀၀၂ ကြားညှပ်ပါ အကြံပြုထားသော တင်ဆက်မှုများအား သုံးသပ်ခြင်း၏တန်ဖိုးကို ဖော်ပြပါ။ မည်သည့်အကြံပြုချက်များသည် ၎င်းတို့အတွက် အောင်မြင်မှုရရှိစေခဲ့ကြောင်း ပရိသတ်ကိုမေးပါ။ အထက်ပါသရုပ်ပြပွဲကို ထပ်မံပြုလုပ်ခြင်းဖြင့် နိဂုံးချုပ်ပါ။
သီချင်း ၉၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၃ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ မတ်၊ ဧပြီ သို့မဟုတ် မေလအတွင်း အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခြင်း၏ရလဒ်အနေနှင့် သူတို့ခံစားခဲ့ရသည့် ကောင်းချီးများကိုပြောပြရန် ကြေညာသူများကိုစီစဉ်ပါ။
၁၅ မိ– ကျိုးကြောင်းဆင်ခြင် စာအုပ်က အခြားဘာသာပြန်ကျမ်းများကို အသုံးပြုပုံ။ အကျဉ်းချုံးဟောပြီးနောက် ပရိသတ်နှင့်ဆက်ဆွေးနွေးရန်။ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၈ မှ အပိုဒ် ၂ ကိုဖတ်ကာ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် သမ္မာကျမ်းစာကို မည်သည့်အကြောင်းကြောင့်နှင့် မည်သို့ပေါ်လွင်စေသင့်ကြောင်း ရှင်းပြပါ။ စာမျက်နှာ ၆ ပါ ကျမ်းစာအတိုကောက်စာရင်းကို ညွှန်ပြကာ အခြားဘာသာပြန်ကျမ်းများမှ ပြန်ဆိုချက်များကို ကျွန်ုပ်တို့ အဘယ်ကြောင့်အသုံးပြုကြကြောင်း ရှင်းပြပါ။ အောက်တိုဘာ ၁၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆၊ အပိုဒ် ၂ နှင့် စာမျက်နှာ ၂၀၊ အပိုဒ် ၁၅ တွင်ဖော်ပြထားသော သတိပေးချက်များကို ဆွေးနွေးပါ။ ကျိုးကြောင်းဆင်ခြင် စာအုပ်ပါ “တမန်တော်များကိုဆက်ခံခြင်း၊” “ရုပ်တု” နှင့် “သုံးပါးပေါင်းတစ်ဆူ” အကြောင်းအရာများကိုအသုံးပြု၍ သမ္မာတရားကိုသွန်သင်ရာတွင် ဘာသာပြန်ကျမ်းများအား နှိုင်းယှဉ်ကြည့်ခြင်းသည် မည်သို့အကူအညီဖြစ်စေနိုင်ကြောင်း ရှင်းပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၁၅ မိ– “ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကောင်းမှုများပြုရန် လှုံ့ဆော်ပေး။”b အပိုဒ် ၂ ကိုဆွေးနွေးသည့်အခါ ဇွဲရှိသောသက်သေခံတစ်ဦးအား တိုတိုတုတ်တုတ် လူတွေ့မေးမြန်းပါ။ အခြားသူများအားသက်သေခံခြင်းသည် သူ၏ယုံကြည်ခြင်းကို မည်သို့ထင်ရှားစေ၍ ခိုင်ခံ့စေကြောင်း ကြေညာသူအားပြောပြစေပါ။
သီချင်း ၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။