ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၁ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဧပြီ ၉ တွင်စမည့်အပတ်
  • ဧပြီ ၁၆ တွင်စမည့်အပတ်
  • ဧပြီ ၂၃ တွင်စမည့်အပတ်
  • ဧပြီ ၃၀ တွင်စမည့်အပတ်
  • မေ ၇ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၄/၀၁ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဧပြီ ၉ တွင်စမည့်အပတ်

သီချင်း ၉၃

၁၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ အသင်းတော်တွင် သတိရအောက်မေ့ပွဲ တက်ရောက်သူဦးရေကို ကြေညာပါ။ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သူများ ပြောဆိုခဲ့သော ကျေးဇူးတင်စကားများကို ပရိသတ်အားပြောဆိုစေပါ။ ဧပြီ ၂၃ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင်ဆွေးနွေးရန်အတွက် ပြင်ဆင်ရာတွင် သမ္မာကျမ်းစာ—သင့်အသက်တာတွင်ယင်း၏အစွမ်း ဗီဒီယိုခွေကိုကြည့်ရန် လူတိုင်းကိုအားပေးပါ။

၁၀ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။ စာအုပ်ကြီးသင်တန်းကျင်းပရာနေရာများအဖြစ်အသုံးပြုရန် အိမ်များကိုရွေးချယ်ရာတွင် ထည့်စဉ်းစားရသည့်အချက်များကိုပါဖော်ပြပါ။—ဖေဖော်ဝါရီ ၁၉၈၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု [လိပ်] မေးခွန်းသေတ္တာကိုရှု။

၂၀ မိ–“သင့်ဓမ္မအမှုတွင် ‘အလွန်အလုပ်များနေ’ လော့။”a အပိုဒ် ၃-၅ တွင်အကြံပြုထားသည့်အတိုင်း အခြားသူတို့ကိုကူညီရာမှ ရရှိခဲ့သည့်တွေ့ကြုံမှုများကို ပြောပြရန် ကြေညာသူနှစ်ဦးသုံးဦးကိုဖိတ်ခေါ်ပါ။

သီချင်း ၈၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၁၆ တွင်စမည့်အပတ်

သီချင်း ၁၄၅

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဧပြီလတွင် စနေတနင်္ဂနွေနှစ်ကြိမ်သာကျန်သောကြောင့် လမကုန်မီ ဓမ္မအမှုတွင်ပါဝင်ကြရန် လူတိုင်းကိုအားပေးပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ရိုးရိုးရှင်းရှင်းသည်သာအကောင်းဆုံးဖြစ်။”b ဇူလိုင် ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ ပါ “‘လိုရင်းကိုပြော!’ ကြစို့” ဆောင်းပါးမှအကြံပြုချက်များထည့်ပြောပါ။ ရိုးရိုးကလေးတင်ဆက်မှုတစ်ခုနှစ်ခုကို တိုတိုတုတ်တုတ်သရုပ်ပြပါ။

သီချင်း ၁၄၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၂၃ တွင်စမည့်အပတ်

သီချင်း ၁၆၃

၅ မိ– ဒေသကြေညာချက်များ။

၁၅ မိ– “ကြိုတင်စီစဉ်ခြင်း—အဘယ်အရာအတွက်နည်း။” ဟောပြောရန်။ နိုဝင်ဘာ ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၁ မှသင့်လျော်သည့်အချက်များပါဝင်စေပါ။

၂၅ မိ– “သမ္မာကျမ်းစာ—သင့်အသက်တာတွင် ယင်း၏အစွမ်း ဗီဒီယိုခွေမှစွဲမှတ်စရာများ။”c ပရိသတ်နှင့်ဆွေးနွေးရန်။ အသင်းမ၏ဗီဒီယိုခွေများကို ကောင်းစွာအသုံးချခြင်းနှင့်ပတ်သက်၍ ၁၉၉၇ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၅၄၊ အပိုဒ် ၁ [လိပ်] ပါတွေ့ ကြုံမှုတွင် ပေးထားသည့်အကြံပြုချက်ကို လက်တွေ့ကျင့်သုံးပါလေ။ ဇွန်လတွင် ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည် ဗီဒီယိုခွေကို သုံးသပ်ကြမည်ဖြစ်သည်။

သီချင်း ၂၀၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၃၀ တွင်စမည့်အပတ်

သီချင်း ၂၁၅

၁၀ မိ–ဒေသကြေညာချက်များ။ ဧပြီလလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာအုပ်ကြီးသင်တန်းမှူးများသည် မေ ၆ ရက်တွင် မှတ်တမ်းအားလုံးကို စာရင်းပြုစုနိုင်ရန် မိမိတို့၏အုပ်စုရှိသူတိုင်းကို စစ်ဆေးသင့်သည်။

၁၅ မိ–“အိမ်နီးချင်းကောင်းအဖြစ်သက်သေခံပါ။”d ကျွန်ုပ်တို့၏အကျင့်အကြံအားဖြင့် သက်သေခံနိုင်သည့် ထပ်ဆင့်နည်းလမ်းများကိုဖော်ပြပါ။—နိုဝင်ဘာ ၁၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈၊ အပိုဒ် ၁၆ ကိုရှု။

၂၀ မိ– ရှေ့ဆောင်များသည် အခြားသူများကို ထောက်ကူပေးနေကြ။ လုပ်ငန်းတော်ကြီးကြပ်မှူး ဟောပြော၍ လူတွေ့မေးမြန်းခန်းများပြုလုပ်ရန်။ စက်တင်ဘာ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ တွင်ဖော်ပြထားသည့်အတိုင်း ရှေ့ဆောင်များ အခြားသူတို့ကိုထောက်ကူအစီအစဉ်ကို ပြန်သုံးသပ်ပါ။ ဒေသတွင်း ပြီးမြောက်အောင်မြင်လျက်ရှိသည့် တည်ဆောက်မှုဖြစ်စေသောအရာများကို ပြန်ပြောပြပါ။ အခြားသူတစ်ဦးကို ကူညီပေးခဲ့သည့်ရှေ့ဆောင်တစ်ဦးနှင့် ကူညီခံခဲ့ရသည့်ကြေညာသူတစ်ဦးကို လူတွေ့ခေါ်မေးပါ။ ဓမ္မအမှုတွင် အတူလုပ်ဆောင်ခြင်းမှ နှစ်ဦးစလုံးအကျိုးခံစားခဲ့ရပုံကိုတင်ပြပါ။ လာမည့်လများတွင် ဤအစီအစဉ်မှအကျိုးခံစားရရန် အခွင့်ကောင်းယူဖို့ အခြားသူတို့ကိုအားပေးပါ။

သီချင်း ၂၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၇ တွင်စမည့်အပတ်

သီချင်း ၈၄

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– “ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူ၏။”e ကြွေးကြော်သူများ စာအုပ်၊ စာမျက်နှာ ၄၄၃ [လိပ်] ပါဖော်ပြချက်ကို အကျဉ်းချုံးမှတ်ချက်ပေးကာ ၁၉၃၅ တွင် လုပ်ဆောင်ခဲ့သည့် ဟောပြောခြင်းအတိုင်းအတာနှင့် နောက်ဆုံး နှစ်ချုပ်စာအုပ် ပါမှတ်တမ်းတို့ကို နှိုင်းယှဉ်ပြပါ။ ဤဧရာမတိုးချဲ့မှုသည် တစ်ချိန်က မဖြစ်နိုင်ပုံရှိခဲ့ကြောင်း ထောက်ပြပါ။

၂၀ မိ– ကျွန်ုပ်တို့၏မိသားစုသည် သန့်ရှင်းမှုကို မည်သို့တင်ပြနိုင်သနည်း။ ဩဂုတ် ၁၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၇-၂၀ ကိုအကြီးအကဲနှင့် သူ၏မိသားစုဆွေးနွေးရန်။ အိမ်တွင်၊ ဆွေမျိုးများတွင်၊ အသင်းတော်နှင့်ရပ်ကွက်ထဲတွင်၊ ကျောင်းနှင့်အလုပ်ခွင်တွင် သန့်ရှင်းမှုတင်ပြရန်နည်းလမ်းများကို သုံးသပ်ပါ။

သီချင်း ၇၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွာရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ