လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဒီဇင်ဘာ ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ အသင်းတော်တွင် အကြီးမြတ်ဆုံးလူသား သို့မဟုတ် ကြီးမြတ်သောဆရာ စာအုပ်များရှိလျှင် အားလပ်ရာသီအတွင်း ဓမ္မအမှုတွင် ၎င်းတို့ကို မည်သို့ကောင်းစွာအသုံးချနိုင်ကြောင်း တင်ပြပါ။ ဒီဇင်ဘာ ၂၅ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင်ဆွေးနွေးရန်အတွက် ပြင်ဆင်ရာတွင် သမ္မာကျမ်းစာ—တိကျမှန်ကန်သောသမိုင်း၊ ယုံကြည်စိတ်ချနိုင်သောပရောဖက်ပြုချက် ဗီဒီယိုခွေကိုကြည့်ရန် ယောက်တိုင်းကိုအားပေးပါ။ ဗီဒီယိုခွေရှိသူများသည် မရှိသူများအား ဝေမျှနိုင်ပါသည်၊ သို့မဟုတ် အတူကြည့်နိုင်ကြပေမည်။
၁၅ မိ– “ယေဟောဝါကို တစ်နေ့လုံးကြောက်ရွံ့လော့။”a ဇန်နဝါရီ ၈၊ ၁၉၉၈၊ နိုးလော့! စာမျက်နှာ ၂၆ [လိပ်] တွင်ဖော်ပြထားသည့် ဘုရားရေးရာကြောက်ရွံ့မှုနှင့်ပတ်သက်သောရှင်းလင်းချက်ကို ပါဝင်စေပါ။ ယေဟောဝါအားကြောက်ရွံ့ခြင်း၏ကောင်းကျိုးများကို အလေးပေးတင်ပြပါ။
၂၀ မိ– “ရွယ်တူချင်းဖိအားနှင့် သင့်ဟောပြောခြင်းအခွင့်အရေး။” ဟောပြော၍ လူတွေ့မေးမြန်းရန်။ ရွယ်တူချင်းဖိအားပေးမှုခံခဲ့ရသူများအား ၎င်းကိုခံရလင့်ကစား ဟောပြောခြင်းလုပ်ငန်းတွင် သူတို့ မည်သို့ဆက်၍တက်တက်ကြွကြွရှိနေနိုင်ခဲ့ပုံကို ပြောပြရန်ဖိတ်ခေါ်ပါ။
သီချင်း ၇၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၈ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဒီဇင်ဘာ ၂၅ ရက်နှင့် ဇန်နဝါရီ ၁ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းတော်အစီအစဉ်များကို ဖော်ပြပါ။ ဤမေးခွန်းကိုဖြေဆိုပါ– ခရစ်ယာန်မဆန်သောဇာစ်မြစ်မှ ပေါက်ဖွားလာဖွယ်ရှိသည့်ပွဲများကို ဘာသာရေးသဘောဖြင့်မဟုတ်ဘဲ ကျင်းပလျှင်ရမည်လော။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၆၆-၆၈ ရှု။
၁၂ မိ– “၂၀၀၁ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း။” ကျောင်းကြီးကြပ်မှူးဟောရန်။ ၎င်းတို့၏ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို အမီလိုက်ရန်နှင့် ကျောင်းတွင်ရရှိသည့်တာဝန်များကို ကျေပွန်စေရန် ဝီရိယရှိကြဖို့ အားလုံးကိုတိုက်တွန်းပါ။
၁၈ မိ– “သင်သည်ရဲရင့်စွာဟောပြောသလော။”b ဆောင်းပါးပါကျမ်းချက်များနှင့်စပ်လျဉ်း၍ မှတ်ချက်များကို ထုတ်နုတ်တင်ပြပါ။ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၈၇ ကိုအသုံးပြု၍ ကျွန်ုပ်တို့ ပို၍ထူးကဲသောရဲစွမ်းသတ္တိရရှိနိုင်ပုံနှင့် လယ်ကွင်းလုပ်ငန်းတွင် ပို၍ထိရောက်မှုရှိနိုင်ပုံတို့ကို တင်ပြပါ။
သီချင်း ၁၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သက်သေခံခြင်းလုပ်ငန်းတွင် သူတို့ရရှိခဲ့သည့် မကြာသေးမီကတွေ့ ကြုံမှုတစ်ခုခုကို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ဇန်နဝါရီလတွင်ဝေငှမည့်စာပေကို သုံးသပ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၂၅ မိ– “သမ္မာကျမ်းစာ—တိကျမှန်ကန်သောသမိုင်း၊ ယုံကြည်စိတ်ချနိုင်သောပရောဖက်ပြုချက် ဗီဒီယိုခွေမှ သင်ယူခြင်း။” ပရိသတ်နှင့်ဆွေးနွေးရန်။ အခြားသူတို့ကိုလှုံ့ဆော်ပေးရန် ဤဗီဒီယိုခွေကို မည်သို့အသုံးပြုနိုင်ကြောင်း အကြံပြုချက်များပေးပါ။ (၁၉၉၉ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၅၁-၂ [လိပ်]) ဖေဖော်ဝါရီလ၌ ဤစီးရီးတွင် ဒုတိယမြောက်ဗီဒီယိုခွေဖြစ်သည့် သမ္မာကျမ်းစာ—လူသား၏ရှေးအကျဆုံးခေတ်မီစာအုပ် ကို ကျွန်ုပ်တို့သုံးသပ်ကြပါမည်။
သီချင်း ၁၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဩဂုတ်လလယ်ကွင်းလုပ်ငန်းမှတ်တမ်းကို မှတ်ချက်ပေးပါ။ ဒီဇင်ဘာလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကိုနှိုးဆော်ပါ။
၁၇ မိ– ပြန်လည်ပတ်မှုများအတွက်ပြင်ဆင်ပုံ။ ဖခင်သည် ၎င်းတို့၏ဓမ္မအမှုတွင် မည်သို့ပိုမိုအကျိုးဖြစ်ထွန်းနိုင်ပုံကို သူ၏မိသားစုနှင့်ဆွေးနွေးသည်။ သူသည် တွေ့ခဲ့သည့်စိတ်ဝင်စားသူအားလုံးထံ ပြန်သွားရသည့် ကျမ်းဆိုင်ရာအကြောင်းရင်းများကို အလေးပေးတင်ပြသည်။ သူတို့သည် ဇူလိုင် ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂၊ အပိုဒ် ၁၈ တွင်ဖော်ပြထားသည့် လမ်းညွှန်ချက်များကိုအသုံးပြု၍ ပြန်လည်ပတ်မှုအချို့ပြုလုပ်ရန် ပြင်ဆင်ကြသည်။ ပြန်၍လည်ပတ်သင့်သူများကို သူတို့တွေ့ခဲ့ရကြောင်း အားလုံးက အသိအမှတ်ပြုကြသည်။ တစ်ဦးစီသည် ဦးဆုံးအကြိမ်သွားရောက်စဉ်က ရရှိခဲ့သည့်တုံ့ပြန်မှုကို ပြန်ပြောပြကာ အခြားသူများက ပြန်လည်ပတ်သည့်အခါအသုံးပြုရန် အကြံဉာဏ်တစ်ခုနှင့် ကျမ်းချက်တစ်ချက်ကို တင်ပြကြသည်။ သူတို့သည် ထိရောက်စွာအသုံးပြုနိုင်မည့်အချက်များကို တောင်းဆို ဘရိုရှာတွင်တွေ့ရှိကြသည်။ မိဘတို့သည် သားသမီးများထဲမှတစ်ဦးအား သူ၏လည်ပတ်မှုတွင် ပြောမည့်အရာကို လက်တွေ့လုပ်ပြခိုင်းသည်။ သူတို့သည် လာမည့်အပတ်အတွင်း ပြန်လည်ပတ်မှုများပြုလုပ်ရန် သတ်သတ်မှတ်မှတ်အချိန်တစ်ချိန်ကို စီစဉ်ကြသည်။
၂၀ မိ– “ယေဟောဝါသက်သေတို့၏ ၂၀၀၁ ခုနှစ် ‘ဘုရားသခင့်စကားတော်ကိုသွန်သင်သူများ’ ခရိုင်စည်းဝေးကြီး။” ကြားညှပ်ဆောင်းပါးကို အတွင်းရေးမှူးမေးဖြေဆွေးနွေးသုံးသပ်ရန်။ ကျွန်ုပ်တို့အားလုံး အသင်းမ၏ညွှန်ကြားချက်ကို အနီးကပ်လိုက်နာရန် အဘယ်ကြောင့်လိုအပ်ကြောင်းကိုတင်ပြရန် ညွှန်းထားသည့်ကျမ်းချက်များကို အသုံးပြုပါ။ စည်းဝေးကြီးသုံးရက်စလုံးကို လွတ်လွတ်လပ်လပ်တက်နိုင်ရန် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း အလုပ်မှခွင့်ယူဖို့စီစဉ်ခြင်း၏အရေးကြီးမှုကို အလေးပေးတင်ပြပါ။ အသင်းမ၏အစီအစဉ်များနှင့် ပူးပေါင်းလုပ်ဆောင်မှုအတွက် ယောက်တိုင်းကိုချီးမွမ်းပါ။
သီချင်း ၂၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။