ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၀ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဩဂုတ် ၁၄ တွင်စမည့်အပတ်
  • ဩဂုတ် ၂၁ တွင်စမည့်အပတ်
  • ဩဂုတ် ၂၈ တွင်စမည့်အပတ်
  • စက်တင်ဘာ ၄ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၈/၀၀ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဩဂုတ် ၁၄ တွင်စမည့်အပတ်

သီချင်း ၁၁၄

၁၂ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဧပြီလလယ်ကွင်းလုပ်ငန်းမှတ်တမ်းကို မှတ်ချက်ပေးပါ။ ဩဂုတ်လတွင် ရက်သတ္တပတ်ကုန်ပိုင်းနှစ်ခါသာကျန်ရှိရာ လမကုန်မီ ဓမ္မအမှုတွင်ပါဝင်ကြရန် ယောက်တိုင်းကိုအားပေးပါ။ ရက်သတ္တပတ်ကုန်ပိုင်းလယ်ကွင်းလုပ်ငန်းအတွက် တွေ့ဆုံမှုများအစီအစဉ်ကို သုံးသပ်ပါ။

၁၅ မိ– “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် မိမိတို့၏အုပ်စုများအတွက် လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကို မည်သို့စီစဉ်ဆောင်ရွက်ရမည်နှင့် ဓမ္မအမှုတွင် မှန်မှန်ပါဝင်၍မှတ်တမ်းသွင်းရန် အကူအညီလိုအပ်သူမည်သူကိုမဆို မည်သို့အာရုံစိုက်ရမည်တို့နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၄၄-၅ မှထပ်ဆင့်မှတ်ချက်များကို ထုတ်နုတ်တင်ပြပါ။

၁၈ မိ– ကျောင်းတက်ခြင်းဖြင့် သင်အကျိုးရရှိနိုင်ပုံ။ ဖခင်တစ်ဦးက လောကီပညာရေးသည် အဘယ်ကြောင့်အကျိုးရှိကြောင်းကို သဘောပေါက်ရန်ကူညီပေးဖို့ သူ၏သားသမီးများနှင့်စကားပြောသည်။ (လူငယ်များအမေး စာအုပ်၊ စာမျက်နှာ ၁၃၃-၉ ရှု။) ကျောင်းတက်ရခြင်းသည် ယနေ့စည်းမဲ့ကမ်းမဲ့နိုင်သောလူ့ဘောင်တွင် တကယ့်စိန်ခေါ်ချက်တစ်ခုဖြစ်သည်ဟု လူငယ်များစွာခံစားကြရသည်။ သူတို့သည် မိမိတို့သင်ယူတတ်သိသည့်အရာမှာ လက်တွေ့ကျတန်ဖိုး အနည်းငယ်သာရှိမည်ဟူ၍လည်းယူဆကာ ငြီးငွေ့လာကြသည်။ ဖခင်သည် လောကီပညာရေးကို အလုံအလောက်ဆည်းပူးခြင်းက အဘယ်ကြောင့်ပညာရှိကြောင်း ကျမ်းစာမူများနှင့် ခိုင်လုံသောအကြောင်းရင်းများကို သုံးသပ်သည်။ သူသည် ကောင်းစွာသင်ယူဆည်းပူးရန်နှင့် ကျောင်းစာတွင်အာရုံစိုက်ရန် သားသမီးများကို အားပေးသည်။

သီချင်း ၁၂၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၁ တွင်စမည့်အပတ်

သီချင်း ၁၄၃

၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ “မေတ္တာရှင်ဘုရားသခင်သည် အဘယ်ကြောင့် ဆင်းရဲဒုက္ခကို ဤမျှကြာရှည်စွာခွင့်ပြုရသနည်း” ဟူသောမေးခွန်းဖြေဆိုပုံကို ကောင်းစွာဇာတ်တိုက်ထားသည့် လယ်ကွင်းလုပ်ငန်းသရုပ်ပြတစ်ခုဖြင့် တင်ပြပါ။ (ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၁၅-၆) ဤစနေတနင်္ဂနွေတွင် ဓမ္မအမှု၌ပါဝင်ကြရန် ယောက်တိုင်းကိုအားပေးပါ။

၈ မိ– “အထူးအစည်းအဝေးနေ့အစီအစဉ်သစ်။” ဟောရန်။ သိမည်ဆိုလျှင် လာမည့်အထူးအစည်းအဝေးရက်စွဲကို ကြေညာကာ တစ်နေ့လုံးတက်ရောက်ရန် အားလုံးကိုတိုက်တွန်းပါ။ စိတ်ဝင်စားသူလူသစ်များနှင့် ကျမ်းစာသင်သားများကို ဖိတ်ခေါ်ရန် ကြေညာသူများကို တိုက်တွန်းပါ။

၂၅ မိ– “သင့်ကိုယ်ကိုအကျိုးပြုနေသလော။” မေးဖြေဆွေးနွေးရန်။

သီချင်း ၁၅၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၈ တွင်စမည့်အပတ်

သီချင်း ၁၆၅

၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးရန် အားလုံးကိုနှိုးဆော်ပါ။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် စက်တင်ဘာ ၆ ရက်တွင် မှတ်တမ်းအားလုံးကို စာရင်းပြုစုနိုင်ရန် မိမိတို့၏အုပ်စုရှိသူတိုင်းကို စစ်ဆေးသင့်သည်။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “အစည်းအဝေးများသည် လူငယ်တို့ကိုအကျိုးပြု။” အကြီးအကဲတစ်ဦးက မေးဖြေဆွေးနွေးရန်။ အပိုဒ် ၈ ကိုဆွေးနွေးသည့်အခါ အစည်းအဝေးများအတွင်း အာရုံစိုက်မှုနှင့် ဂရုပြုမှုကို ပိုမိုတိုးတက်စေသည့် လက်တွေ့ကျသောအရာများကို သုံးသပ်ပါ။ (စက်တင်ဘာ ၂၂၊ ၁၉၉၈၊ နိုးလော့!၊ စာမျက်နှာ ၁၉-၂၀ [လိပ်] ရှု။) မိမိတို့၏သားသမီးများအား အစည်းအဝေးများအားလုံးကို မှန်မှန်တက်ရောက်စေခြင်းတွင် ခိုင်မာရန် မိဘတို့ကိုအားပေးပါ။—စက်တင်ဘာ ၁၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅ ပါတွေ့ ကြုံမှုကိုရှု။

သီချင်း ၁၇၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၄ တွင်စမည့်အပတ်

သီချင်း ၁၉၆

၁၅ မိ– ဒေသကြေညာချက်များ။ ကြေညာသူများအား ခရိုင်စည်းဝေးကြီးသို့အသွား၊ အတောအတွင်း သို့မဟုတ် အပြန်တွင် အလွတ်သဘောသက်သေခံရာမှ သူတို့ရရှိခဲ့သည့်တွေ့ ကြုံမှုများကို ပြောပြစေပါ။

၁၀ မိ – ကျွန်ုပ်တို့ခေတ် ထူးခြားလှ။ နိုဝင်ဘာ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂-၃ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။

၂၀ မိ– “သင်သည် ခံနိုင်ရည်ရှိသလော။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ခရစ်ယာန်ဓမ္မအမှုတွင် ခံနိုင်ရည်တင်ပြရာ၌ မိမိတို့၏ကိုယ်ပိုင်အောင်မြင်မှုကို ပြန်ပြောင်းစဉ်းစားကြရန် အားလုံးကို အားပေးပါ။ အားနည်းမှုများထင်ရှားလာသည့်အခါ ကျွန်ုပ်တို့ကိုယ်ကို ဝိညာဉ်ရေးအရ သန်စွမ်းစေဖို့လိုသည်။ အောက်တိုဘာ ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၁၊ အပိုဒ် ၁၇-၂၁ မှမှတ်ချက်များကို ပါဝင်စေပါ။ နှစ်အတန်ကြာ သစ္စာရှိရှိခံရပ်ခဲ့ကြသည့် ကြေညာသူနှစ်ဦးသုံးဦးအား စွဲစွဲမြဲမြဲဆက်အမှုဆောင်နိုင်ရန် သူတို့ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့်အရာများကို ပြောပြစေပါ။

သီချင်း ၂၀၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ