ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၀ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇွန် ၁၂ တွင်စမည့်အပတ်
  • ဇွန် ၁၉ တွင်စမည့်အပတ်
  • ဇွန် ၂၆ တွင်စမည့်အပတ်
  • ဇူလိုင် ၃ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၆/၀၀ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇွန် ၁၂ တွင်စမည့်အပတ်

သီချင်း ၁၃၆

၈ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၁၅ မိ– “သင်၏ကြိုးပမ်းလုပ်ဆောင်မှုသည် အချည်းနှီးမဖြစ်။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ ဇွန် ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၂ တွင်ဖော်ပြထားသည့် တွေ့ ကြုံမှုနှင့်စပ်လျဉ်းသောမှတ်ချက်များကိုပါဝင်စေပါ။

၂၂ မိ– တောင်းဆို ဘရိုရှာဖြင့် သင်အံမှုများစခြင်း။ ဇန်နဝါရီ ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ ပါဆောင်းပါးကိုသုံးသပ်၍ ဟောပြောရန်။ အပိုဒ် ၆ တွင် အကြံပြုထားသည့်တင်ဆက်မှုကို သရုပ်ပြပါ။ ကြေညာသူတစ်ဦးနှစ်ဦးအား သင်အံမှုများစရာတွင် သူတို့ရရှိခဲ့သည့်အောင်မြင်မှုကို အကျဉ်းချုံးပြောပြစေကာ သင်အံမှုကို သူတို့နိဒါန်းပျိုးခဲ့ပုံနှင့် သင်အံမှုကို ဆက်၍တစ်ပတ်ပြီးတစ်ပတ်ကျင်းပရန် သူတို့လုပ်ဆောင်ခဲ့ရာများကို ပြောပြစေပါ။

သီချင်း ၂၀၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၁၉ တွင်စမည့်အပတ်

သီချင်း ၁၄

၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် သုံးလတစ်ကြိမ်စာရင်းရှင်းတမ်းကြေညာချက်။ အသင်းတော်တွင် လူငယ်များအမေး သို့မဟုတ် လူငယ့်ဘဝ စာအုပ်များလက်ကျန်ရှိလျှင် အိမ်တွင် ဆယ်ကျော်သက်များကို ပိုတွေ့နိုင်မည့် မိုးရာသီလများအတွင်း ဓမ္မအမှု၌ ယင်းတို့ကို မည်သို့ကောင်းစွာအသုံးချနိုင်ပုံကိုသရုပ်ပြပါ။

၈ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။

၂၅ မိ– ‘ညွှန်ပြသူမရှိလျှင် မည်သို့နားလည်နိုင်မည်နည်း။’ လုပ်ငန်းတော်ကြီးကြပ်မှူးက မေးဖြေဆွေးနွေးရန်။ တစ်ပိုဒ်စီကို အသံကျယ်ကျယ်ဖြင့်ဖတ်ကာ အပိုဒ် ၃၊ ၄ နှင့် ၇ တွင်ပါသည့်ကျမ်းချက်များကို ဖတ်ပါ။ အပိုဒ် ၆ ကိုသုံးသပ်သည့်အခါ နှစ်ခြင်းခံပြီးသူများနှင့် ကိုယ်ပိုင်ကျမ်းစာသင်အံမှုများ ပြန်၍ကျင်းပသင့်မသင့်ဟူသည်ကို ဆုံးဖြတ်ရာတွင် လုပ်ငန်းတော်ကြီးကြပ်မှူး၏အခန်းကဏ္ဍကို ရှင်းပြပါ။—နိုဝင်ဘာ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာကိုရှု။

သီချင်း ၈၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၂၆ တွင်စမည့်အပတ်

သီချင်း ၃၉

၁၀ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် အားလုံးကိုနှိုးဆော်ပါ။ ဇူလိုင်တွင်ဝေငှမည့်စာပေကို သုံးသပ်ပါ။ ဒေသအလိုက်ရရှိနိုင်သည့် ဘရိုရှာအဟောင်းများကိုပြကာ တစ်ခုစီ၏ရည်ရွယ်ချက်ကို အကျဉ်းချုံးညွှန်ပြပါ။ ကောင်းစွာပြင်ဆင်ထားသော သရုပ်ပြတစ်ခုဖြင့် ဓမ္မအမှုတွင် ၎င်းတို့အထဲမှတစ်ခုဝေငှပုံကိုပြပါ။

၁၇ မိ– “ရက်ရောပါ၊ ဝေမျှဖို့အသင့်ရှိပါ။” မေးဖြေဆွေးနွေးရန်။ နိုဝင်ဘာ ၁၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၀ တွင်ဖော်ပြထားသည့် “အဘယ်ကြောင့်ကျွန်ုပ်တို့ပေးကမ်းကြ” ရသည့်အကြောင်းရင်းလေးခုကို ပါဝင်စေပါ။

၁၈ မိ– အဘယ်သို့ ပြန်ပြောရမည်ကိုသိပါ။ (ကော. ၄:၆) ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျမ်းစာနှင့်မညီသည့် ငြင်းခုံချက်တစ်ခုကို ဖြစ်ပေါ်စေသူတစ်ဦးနှင့် ကြုံတွေ့ရသည့်အခါ သင်ဘာလုပ်မည်နည်း။ ကျိုးကြောင်းဆင်ခြင် စာအုပ်က ပညာသားပါသောအဖြေတစ်ခုပေးပုံနှင့်စပ်လျဉ်း၍ လက်တွေ့ကျအကြံပြုချက်များကို ဖော်ပြပေးခြင်းဖြင့် အထောက်အကူပြုလေ့ရှိသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် သေခြင်းကို ခရစ်တော်၏ရွေးနုတ်ဖိုးအားဖြင့် အနိုင်ရမည့် ရန်သူတစ်ဦးအဖြစ် ရှုမြင်ကြသော်လည်း အခြားသူများသည် လူဝင်စားခြင်းဆိုင်ရာမှားယွင်းသည့်အယူကို ယုံကြည်ထားလျက်နှင့် ဤဖြစ်ပျက်တတ်သည့်အရာကို မည်သည့်အရာကမျှ ဖယ်ရှားနိုင်မည်မဟုတ်ဟူ၍ လက်ခံထားကြသည်။ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၃၃၄-၅ နှင့် ၂၈၇-၈ ပါ “တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—” ဟူသောအပိုင်းတွင် ဖော်ပြထားသည့်တုံ့ပြန်မှုများကို ဆွေးနွေးပါ။ လယ်ကွင်းဓမ္မအမှုတွင် ၎င်းစာအုပ်ကိုယူသွားရန် ယောက်တိုင်းကိုအားပေးပါ။

သီချင်း ၄၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၃ တွင်စမည့်အပတ်

သီချင်း ၂၁၃

၁၀ မိ– ဒေသကြေညာချက်များ။ တောင်းဆို ဘရိုရှာနှင့်သင်အံမှုများစခဲ့သည့် ကြေညာသူများအား ယင်းကို မည်သို့ဖြစ်မြောက်စေခဲ့ပုံကို ပြောပြရန်မေးပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– ကျမ်းစာမူများကိုကျင့်သုံးခြင်းက မိသားစုဘဝကို ခိုင်မြဲစေသည်။ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၄၃၈ တွင်သုံးသပ်ထားသည့် အချက်ရှစ်ချက်ကိုအခြေပြု၍ ညီအစ်ကိုနှစ်ဦးဆွေးနွေးရန်။ ကျမ်းစာသင်သားများအား မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါသည့်မူများကို နားလည်ခြင်းနှင့် ကျင့်သုံးခြင်းပေါ်အခြေပြုကြောင်း သိရှိလာရန်ကူညီပေးခြင်း၏အရေးကြီးမှုကို ရှင်းပြပါ။ တောင်းဆို ဘရိုရှာသင်ခန်းစာ ၈ ကိုအသုံးပြု၍ ယင်းကို မည်သို့ဖြစ်မြောက်စေနိုင်ကြောင်းကို သရုပ်ပြပါ။ ကျမ်းစာသြဝါဒကိုတုံ့ပြန်ကြသောမိသားစုများသည် ချစ်ခြင်းမေတ္တာနှင့်စည်းလုံးမှုနှောင်ကြိုး၌ ပေါင်းစည်းကာ ပို၍ရွှင်လန်းမှုခံစားကြရသည်။ မိသားစုပျော်ရွှင်မှု စာအုပ်၊ အခန်း ၁၃၊ အပိုဒ် ၁၊ ၂၁-၂ ပါတွေ့ ကြုံမှုကိုပြောပြပါ။

သီချင်း ၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ