မေးခွန်းသေတ္တာ
◼ ပြန်လက်ခံကြောင်းကြေညာသည့်အခါ လက်ခုပ်တီးသြဘာပေးခြင်းသည် သင့်လျော်ပါသလော။
ယေဟောဝါသည် နောင်တရသောအမှားပြုသူများအတွက် မိမိ၏မျက်နှာသာကိုပြန်ရရှိရန်နှင့် ခရစ်ယာန်အသင်းတော်တွင် ပြန်လက်ခံခြင်းခံရရန် ကျမ်းစာလမ်းစဉ်တစ်ခုကို ချစ်ခင်ကြင်နာစွာ စီမံပေးထားသည်။ (ဆာ. ၅၁:၁၂၊ ၁၇) ယင်းသို့ဖြစ်သည့်အခါ ထိုသို့သော စိတ်ရင်းမှန်သည့်နောင်တရသူများကို ကျွန်ုပ်တို့အမှန်ချစ်ကြောင်းပြရန် အားပေးခံရကြသည်။—၂ ကော. ၂:၆-၈။
ဆွေမျိုးတစ်ဦး သို့မဟုတ် အသိတစ်ဦးကို ပြန်လက်ခံသည့်အချိန်တွင် ကျွန်ုပ်တို့ပျော်ရွှင်ကြသည့်တိုင် အသင်းတော်တွင် ထိုသူကိုပြန်လက်ခံကြောင်း ကြေညာသည့်အချိန်တွင် တည်ငြိမ်သောဂုဏ်သိက္ခာလွှမ်းမိုးနေသင့်သည်။ ၁၉၉၈၊ အောက်တိုဘာ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၁၇ တွင် ယင်းကိစ္စရပ်များကို ဤသို့ဖော်ပြခဲ့သည်– “သို့ရာတွင် အသင်းတော်ရှိအများစုသည် လူတစ်ဦးကိုထုတ်ပစ်ခြင်း သို့မဟုတ် ပြန်လည်လက်ခံခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာသောအခြေအနေများကို မသိရှိကြကြောင်း ကျွန်ုပ်တို့သတိရရမည်။ ထို့အပြင် နောင်တရသူပြုခဲ့သည့်အမှားကြောင့် အချိန်အတန်ကြာ ကိုယ်တိုင်ထိခိုက်နစ်နာမှု ခံစားခဲ့ရသူအချို့ရှိနိုင်သည်။ ယင်းသို့သောကိစ္စရပ်များတွင် အကဲဆတ်သည့်အားလျော်စွာ ထိုသို့သောကိစ္စရပ်များကြောင့် ပြန်လည်လက်ခံပြီဖြစ်ကြောင်းကြေညာသည့်အခါ ကိုယ်တိုင်ကိုယ်ကျပြေလည်ရှင်းလင်းမှုမရှိမီ နှုတ်ဆက်ကြိုဆိုရန်တွန့်ဆုတ်နေခြင်းကို ကျွန်ုပ်တို့နားလည်နိုင်ပါသည်။”
ကျွန်ုပ်တို့သည် တစ်စုံတစ်ဦး သမ္မာတရားသို့ပြန်လာသည်ကိုတွေ့ရသည့်အတွက် အလွန်ပျော်ရွှင်ကြသော်လည်း သူ သို့မဟုတ် သူမအားပြန်လက်ခံသည့်အချိန်တွင် လက်ခုပ်တီးသြဘာပေးခြင်းသည် သင့်လျော်မည်မဟုတ်ပေ။