လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဖေဖော်ဝါရီ ၁၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “နှုတ်ကပါဌ်တော်ကို အရေးတကြီးဟောပြောလော့။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၁၇၀ မှမှတ်ချက်များကိုပါဝင်စေပါ။ ဆောင်းရာသီ၏ကျန်ရှိသည့်အချိန်အတွင်း ဟောပြောခြင်းလုပ်ငန်းကို တိုးတက်စေနိုင်ပုံနှင့်စပ်လျဉ်း၍ လက်တွေ့ကျအကြံပြုချက်အချို့ပေးပါ။
၂၀ မိ– “ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို မည်သို့ပြုစုပျိုးထောင်နိုင်။” ဟောပြော၍သရုပ်ပြရန်။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းသည် ဓမ္မအမှုတွင် အဘယ်ကြောင့် ဤမျှအရေးကြီးကြောင်းနှင့် ယင်းကို မည်သို့ ရရှိနိုင်ကြောင်းတို့ကို ရှင်းပြပါ။ အရည်အချင်းရှိကြေညာသူနှစ်ဦးသည် ဆောင်းပါး၏အပိုဒ် ၃ တွင်ဖော်ပြထားသည့် အဆင့်များအတိုင်းလိုက်လျှောက်ခြင်းဖြင့် ဓမ္မအမှုအတွက်ပြင်ဆင်ပုံကို ဆွေးနွေးကာ သူတို့၏တင်ဆက်မှုကို သရုပ်ပြစေပါ။
သီချင်း ၁၈၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– “သခင်အရှင်၏အမှုတော်၌ ကြိုးစားလုပ်ဆောင်သောအမျိုးသမီးများ။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ စက်တင်ဘာ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၅၊ အပိုဒ် ၁၈-၁၉ မှမှတ်ချက်များကိုပါဝင်စေပါ။ သူတို့၏တလိုတလားထောက်ကူမှု၊ အခြားသူများအတွက် သူတို့ဆောင်ရွက်ပေးသည့် အကျိုးပြုလုပ်ငန်းများနှင့် သူတို့၏ဇွဲရှိရှိဟောပြောခြင်းလုပ်ငန်းတို့အတွက် ညီအစ်မများကို လှိုက်လှိုက်လှဲလှဲချီးမွမ်းပါ။
၂၀ မိ – “ယုံကြည်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ရန် မည်သည့်အရာက ကျွန်ုပ်တို့ကိုကူညီပေးနိုင်သနည်း။” အကြီးအကဲတစ်ဦးဟောရန်။ ကျွန်ုပ်တို့သည် ခဲယဉ်းသောကာလတွင်အသက်ရှင်နေရကာ ကျွန်ုပ်တို့အားလုံးသည် တစ်နည်းနည်းဖြင့် အကူအညီလိုအပ်ကြသည်။ စိတ်ဓာတ်ကျစရာပြဿနာများ ကြုံနေရသူတို့ကိုအားပေးရန် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများလုပ်နိုင်သည့်အရာကို သုံးသပ်ပါ။ (စက်တင်ဘာ ၁၅၊ ၁၉၉၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၃ ရှိ “တည်ဆောက်မှုဖြစ်စေသောထိန်းကျောင်းခြင်း” ခေါင်းစဉ်ငယ်ကိုရှု။) ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ ခိုင်မြဲစေမည့်နည်းများဖြင့် တစ်ဦးကိုတစ်ဦး မည်သို့အားပေးနိုင်ကြောင်းကို ရှင်းပြပါ။—ရော. ၁:၁၁၊ ၁၂။
သီချင်း ၈၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဖေဖော်ဝါရီလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် အားလုံးကိုနှိုးဆော်ပါ။ လွန်ခဲ့သည့်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၄ တွင်ဖော်ပြထားသည့် စကားစမြည်စတင်ပြောဆိုရန် ဝေစာများကိုအသုံးပြုဖို့အတွက် “လွယ်ကူသောအဆင့်လေးဆင့်” ကိုအကျဉ်းချုံးသုံးသပ်ပါ။ အသိပညာ စာအုပ်ကိုမိတ်ဆက်ပေးရန် ငြိမ်းချမ်းသောကမ္ဘာသစ် ဝေစာအား အသုံးပြုနိုင်ပုံကို သရုပ်ပြပါ။ ဝေစာ၏အစစာပိုဒ်မှမေးခွန်းများကိုမေးပြီးနောက် ဆာလံ ၃၇:၂၉ အပါအဝင် စာမျက်နှာ ၃ ရှိပထမစာပိုဒ်ကို ဖတ်ပါ။ စိတ်ဝင်စားမှုတွေ့လျှင် အသိပညာ စာအုပ်စာမျက်နှာ ၅ ကိုဖွင့်ပြီး လေးထောင့်ကွက်ကိုဖတ်ကာ သင်အံမှုကမ်းလှမ်းပါ။ ဤလတွင် အိမ်တွင်းကျမ်းစာသင်အံမှုအသစ်များစရန် အားလုံး အထူးကြိုးစားသင့်သည်။
၅ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။
၁၂ မိ– ဒေသန္တရဆောက်လုပ်ရေးကော်မတီများ၏လုပ်ငန်းကို တန်ဖိုးထားလေးမြတ်ခြင်း။ ဩဂုတ် ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်ကို အခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။ ယခု ယူနိုက်တက်စတိတ်ဌာနခွဲနယ်မြေတွင် လုပ်ဆောင်နေသည့် ဒေသန္တရဆောက်လုပ်ရေးကော်မတီ ၇၇ ခုသည် အသင်းတော် ၃,၄၈၄ ခုကိုအကျိုးပြုနေသည့် နိုင်ငံတော်ခန်းမ ၂,၂၈၉ ခုကို ဆောက်လုပ်ခြင်း၊ ပြန်လည်မွမ်းမံခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့တွင် အကူအညီပေးခဲ့ပြီဖြစ်သည်။ လုပ်ဆောင်စရာများစွာရှိနေတုန်းပင်ဖြစ်သည်။ ဒေသန္တရကော်မတီများ၏လုပ်ငန်းကို သုံးသပ်ကာ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအတွက် စိတ်အားထက်သန်မှုကို တည်ဆောက်ပေးပါ။ မည်သူသည် စေတနာ့ဝန်ထမ်းလုပ်သားများအဖြစ် အရည်အချင်းပြည့်မီနိုင်ကြောင်းကို ရှင်းပြကာ နောက်ထပ်စေတနာ့ဝန်ထမ်းကြရန် လှုံ့ဆော်ပေးပါ။ (နိုဝင်ဘာ ၁၉၉၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်၊ အပိုဒ် ၁၈-၂၀ [လိပ်] ကိုရှု။) နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစီမံကိန်းတစ်ခုတွင် ပါဝင်ခဲ့သူအချို့ကို လူတွေ့မေးမြန်းကာ သူတို့ခံစားခဲ့ရသောရွှင်လန်းမှုနှင့်ဆိုင်သည့် မှတ်ချက်များကိုပါဝင်စေပါ။—ဇွန် ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၁၉၊ အပိုဒ် ၁၅-၁၆ ကိုရှုပါ။
၁၈ မိ– “ခိုင်မာသောခံယူချက်ဖြင့် သတင်းကောင်းဟောပြောခြင်း။” အပိုဒ် ၁ နှင့် ၂ တွင်ရည်ညွှန်းကိုးကားထားသည့် ကျမ်းချက်များအပြင် အကြောင်းအရာအပေါ်အခြေပြု၍ လှိုက်လှိုက်လှဲလှဲဖြင့် နှစ်မိနစ်သုံးမိနစ်နိဒါန်းပျိုးပါ။ ထို့နောက် အပိုဒ် ၃-၁၂ ကိုမေးဖြေဆွေးနွေးခြင်းဖြင့် သုံးသပ်ပါ။
သီချင်း ၆၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၆ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၀ မိ – ဒေသလိုအပ်ရာများ။
၁၀ မိ– “သင်မည်သို့နားထောင်သည်ကို အာရုံစိုက်ပါ။” အိမ်ထောင်ဦးစီးတစ်ဦးသည် သူ၏ဇနီး၊ သားသမီးတို့နှင့် အသင်းတော်အစည်းအဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများမှ ပို၍အကျိုးအပြည့်အဝရရှိရန် လုပ်ဆောင်နိုင်သည့်အရာများကို ဆွေးနွေးကြသည်။ မိသားစုဝင်အားလုံးသည် သာ၍အာရုံစိုက်နိုင်သည်ဟူ၍ သူယူမှတ်သည်။ သူတို့သည် ဖော်ပြထားသည့်အကြံပြုချက်များကို သုံးသပ်ကြကာ သိရှိခဲ့ရာများနှင့်စပ်လျဉ်း၍ ထပ်ဆင့်ဆွေးနွေးမှုများပြုရန် လိုအပ်ချက်အပါအဝင် အကြံပြုချက်တစ်ခုစီအား လက်တွေ့အသုံးချနိုင်ပုံကို သုံးသပ်ကြသည်။ သူတို့သည် အတတ်နိုင်ဆုံး မည်သည့်အစည်းအဝေး သို့မဟုတ် မည်သည့်စည်းဝေးကြီးများ၏အပိုင်းကိုမျှ မလွတ်စေရန်ဟူသော မိမိတို့၏သန္နိဋ္ဌာန်နှင့်အညီ မည်သို့နေထိုင်ကြမည်ကို သုံးသပ်ကြသည်။
၂၀ မိ– “ခိုင်မာသောခံယူချက်ဖြင့် သတင်းကောင်းဟောပြောခြင်း။” လွန်ခဲ့သည့်အပတ်ကဆွေးနွေးခဲ့သည့် ကြားညှပ်၏ပထမအပိုဒ် ၁၂ ပိုဒ်ကို အကျဉ်းချုံးသုံးသပ်ပြီးနောက် အပိုဒ် ၁၃-၂၄ ကို မေးဖြေဆွေးနွေးပါ။ ကိုးကားရည်ညွှန်းထားသောကျမ်းချက်များကို ကောင်းစွာအသုံးပြုပါ။
သီချင်း ၁၈၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။