ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၈ စာ. ၂
  • နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • နိုဝင်ဘာ ၂ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၉ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၁၆ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၂၃ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၃၀ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၁၁/၉၈ စာ. ၂

နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

နိုဝင်ဘာ ၂ တွင်စမည့်အပတ်

သီချင်း ၃၈

၁၀ မိ–ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဇူလိုင်လလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို မှတ်ချက်ပေးပါ။

၁၅ မိ– “အားလုံး ‘တရားစကားကို လှိုက်လှိုက်လှဲလှဲခံယူ’ ကြရမည်!” မေးဖြေရန်။ ဇွန် ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၂၁ မှထပ်ဆင့်အကြံပြုချက်များကို ပါဝင်စေပါ။

၂၀ မိ– “ကျွန်ုပ် ကျမ်းစာသင်အံမှုတစ်ခုလိုချင်သည်!” လုပ်ငန်းတော်ကြီးကြပ်မှူး ပရိသတ်နှင့်ဆွေးနွေးရန်။ ပြန်လည်ပတ်မှုများပြုလုပ်ရန် ဤတက်ညီလက်ညီကြိုးပမ်းမှုကို ဒေသအလိုက် မည်သို့စီစဉ်ဆောင်ရွက်နိုင်ကြောင်း ရှင်းပြပါ။ အတွေ့အကြုံရှိသောကြေညာသူများသည် လူသစ်များနှင့်အတူ အတတ်နိုင်ဆုံးလုပ်ဆောင်နိုင်ပေမည်။ လည်ပတ်မှုများပိုလုပ်နိုင်ရန် ကားအုပ်စုများကို ငယ်ငယ်ထားသင့်သည်။ ဧပြီ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၁၂-၁၅ ပါအကြံပြုချက်များကို သုံးသပ်ပါ။ ပြန်လည်ပတ်မှုတစ်ခုတွင် သင်အံမှုကမ်းလှမ်းပုံကို အရည်အချင်းရှိသောကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။ သင်အံမှုအသစ်စရန် ကြိုးစားကြဖို့ ယောက်တိုင်းကိုအားပေးပါ။

သီချင်း ၃၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၉ တွင်စမည့်အပတ်

သီချင်း ၁၈၇

၁၃ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ မေးခွန်းသေတ္တာ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၁၇ မိ– “အစည်းအဝေးများတွင်အဖြေပေးခြင်းဖြင့် တစ်ဦးကိုတစ်ဦးတည်ဆောက်ပေးကြလော့။” မေးဖြေရန်။ အဖြေပေးခြင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှုကို မည်သို့ထပ်လောင်းဖြည့်စွက်ပေးကြောင်း ရှင်းပြပါ။ (ကျောင်းလမ်းညွှန်စာအုပ်၊ သင်ခန်းစာ ၃၈၊ အပိုဒ် ၄ ရှု။) အဖြေများပေးရန်စိတ်မပါခြင်းကို အောင်မြင်ခဲ့ပုံနှင့် အစည်းအဝေးများတွင်ပါဝင်ခြင်းဖြင့် ကောင်းချီးခံစားခဲ့ရပုံတို့ကို ပြောပြရန် အချို့ကိုဖိတ်ခေါ်ပါ။

သီချင်း ၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၁၆ တွင်စမည့်အပတ်

သီချင်း ၁၈၂

၈ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “ဦးဆောင်နေသောကြီးကြပ်မှူးများ—သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူး။” ကျောင်းကြီးကြပ်မှူးဟောရန်။ ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၁၀-၁၁၊ အပိုဒ် ၆-၁၂ ကိုသုံးသပ်ပါ။

၁၇ မိ– “သင့်ဓမ္မအမှုတွင် ထိရောက်မှုရှိလော့။” ကြားညှပ်၏ အပိုဒ် ၁-၇ ကို မေးဖြေဆွေးနွေးရန်။ အထူးသဖြင့် ဒေသခံရပ်ကွက်နှင့်သက်ဆိုင်မည့် အချက်များကို အာရုံစိုက်ပါ။

သီချင်း ၁၆၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၃ တွင်စမည့်အပတ်

သီချင်း ၈၉

၈ မိ– ဒေသကြေညာချက်များ။ အကြီးမြတ်ဆုံးလူသားစာအုပ်က လူတို့၏စိတ်နှလုံးကိုထိမိခြင်းနှင့်စပ်လျဉ်း၍ ဩဂုတ် ၈၊ ၁၉၉၈၊ နိုးလော့! [လိပ်] နောက်ကျောစာမျက်နှာပါ တွေ့ ကြုံမှုများကိုပြောပြပါ။ သင့်လျော်သည့်အခါသမယများတွင် ဤစာအုပ်ကိုဝေငှရန် ကြေညာသူအားလုံး နိုးကြားနေသင့်သည်။

၁၇ မိ– “သင့်ဓမ္မအမှုတွင် ထိရောက်မှုရှိလော့။” ကြားညှပ်၏အပိုဒ် ၈-၂၁ ကိုမေးဖြေဆွေးနွေးရန်။ အထူးသဖြင့် ဒေသခံရပ်ကွက်နှင့်သက်ဆိုင်မည့် အချက်များကို ဆွေးနွေးခြင်းအပေါ် အာရုံစိုက်ပါ။

၂၀ မိ– သင့်ကျမ်းစာဖတ်ရှုခြင်းကို ပိုအကျိုးရှိစေရန် အကြံပြုချက်များ။ မေ ၁၊ ၁၉၉၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၇ ကိုအခြေခံ၍ဟောရန်။ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းမှရရှိသည့် ဝိညာဏအကျိုးကျေးဇူးများကို ပေါ်လွင်စေပါ။ ပေးထားသည့်အကြံပြုချက်များကို သုံးသပ်ကာ ယင်းတို့အား လက်တွေ့ကျင့်သုံးနိုင်ပုံကို ဆွေးနွေးပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုခြင်းဖြင့် မည်သို့အကျိုးခံစားနေရကြောင်း ကြေညာသူနှစ်ဦးသုံးဦးကို ပြောပြစေပါ။

သီချင်း ၄၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၃၀ တွင်စမည့်အပတ်

သီချင်း ၆၄

၁၅ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြဖို့ အားလုံးကို ဆော်သြပါ။ နိုဝင်ဘာတွင် သင်အံမှုအသစ်မစခဲ့ရသူမည်သူမဆို အသိပညာစာအုပ်ဝေငှမည့် ဒီဇင်ဘာတွင် ဆက်ကြိုးစားရန် အားပေးပါ။ အသိပညာစာအုပ်၊ စာမျက်နှာ ၁၉ ရှိလေးထောင့်ကွက်ကိုသုံးပြီး ပြန်လည်ပတ်မှုလုပ်ပုံကို အရည်အချင်းရှိကြေညာသူတစ်ဦးအား သရုပ်ပြစေပါ; ကြေညာသူသည် ကျမ်းစာသွန်သင်ချက်များကို နားလည်သဘောပေါက်ရန်နှင့် သင်အံမှုစရန် ထိုစာအုပ်ကို မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြသည်။

၁၅ မိ– ယေဟောဝါသက်သေများ၏ ၁၉၉၉ ပြက္ခဒိန်ကို ကောင်းစွာအသုံးပြုပါ။ ဟောရန်။ ပြက္ခဒိန်၏ထူးခြားချက်များကို သုံးသပ်ပါ– (၁) မှတ်သားဖွယ်ရာ ကျမ်းစာအဖြစ်အပျက်များနှင့် သွန်သင်ချက်များကို သရုပ်ဖော်ထားသည့် ထိမိသောရုပ်ပုံများ၊ (၂) သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်၊ (၃) သတိရအောက်မေ့ပွဲမတိုင်မီအပတ်အတွက် နှစ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်၊ (၄) လာမည့်ရေးဖြေစစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အသိပေးချက်များနှင့် (၅) မဂ္ဂဇင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ရန် နှိုးဆော်ချက်များ။ လယ်ကွင်းလုပ်ငန်းအစီအစဉ်တစ်ခုကို ဖော်ပြရန်၊ လုပ်ငန်းတော်မှတ်တမ်းများနှင့် အခြားသူများနှင့်အတူလုပ်ဆောင်ရန် ချိန်းချက်မှုများကို ရေးမှတ်ရန်၊ စည်းဝေးတာဝန်များကို ရေးမှတ်ရန်၊ တိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုများနှင့် လာမည့်အစည်းအဝေးများနှင့်ဆိုင်သည့် သတိပေးချက်များကို မှတ်ထားရန် လွတ်နေသည့်နေရာအား အသုံးပြုနိုင်သည့်နည်းများကို ဆွေးနွေးပါ။ အိမ် သို့မဟုတ် အလုပ်ခွင်တွင် မြင်သာသည့်နေရာ၌ ပြက္ခဒိန်ကိုပြထားခြင်းက ကျမ်းစာဆွေးနွေးမှုများကိုစရန် အခွင့်အရေးများပေါ်လာနိုင်သည်။ ၁၉၈၈ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၈ [လိပ်] မှတွေ့ ကြုံမှုကို ပြောပြပါ။

၁၅ မိ– ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်းဘရိုရှာအသစ်မှ အကျိုးခံစားရခြင်း။ ၎င်းတွင်ပါသည့်အကြောင်းအရာများ၏ ပေါ်လွင်ချက်များကို သုံးသပ်ပါ။ ယင်းက စိုးလ်မသေနိုင်ဟူသောသွန်သင်ချက်၏အရင်းအမြစ်များကို ဆန်းစစ်လေ့လာကာ ၎င်းအယူအဆသည် ကမ္ဘာ့ဘာသာတရားအားလုံးနီးပါးအတွက် အဓိကမဏ္ဍိုင်မည်သို့ဖြစ်လာကြောင်း စူးစမ်းရှာဖွေထားသည်။ စိုးလ်အကြောင်း သမ္မာကျမ်းစာပြောသည့်အရာ၊ ကျွန်ုပ်တို့သေရသည့်အကြောင်းရင်း၊ လူသေ၏အခြေအနေ၊ တမလွန်ဘဝအတွက် မျှော်လင့်ချက်နှင့် ဤကိစ္စရပ်များနှင့်ဆိုင်သည့် အမှန်တရားကို ကျွန်ုပ်တို့သိရန် အဘယ်ကြောင့်လိုအပ်ရကြောင်းကို နှစ်သက်ဖွယ်ကောင်းသောနည်းဖြင့် ရှင်းပြထားသည်။ ဤဘရိုရှာကို အားလုံးဖတ်ရှုသင့်၏။ လူတို့၏စိတ်ဝင်စားမှုကိုနှိုးဆွပေးရန် အသုံးပြုနိုင်သည့် ရုပ်ပုံ ၄၀ အပြင် အပိုင်းတစ်ခုစီ၏အစတွင်တွေ့ရသည့် ကိုးကားချက်များမှ အချို့ကိုညွှန်ပြပါ။ အိမ်တွင်းကျမ်းစာသင်အံမှု ကမ်းလှမ်းသောအခါ နောက်ဆုံးအပိုင်းကို မည်သို့ဆွေးနွေးသုံးသပ်နိုင်ကြောင်း တင်ပြပါ။ ဓမ္မအမှုတွင် ဘရိုရှာအသစ်ကိုအသုံးပြုရန် သူတို့စီစဉ်ပုံနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် ကြေညာသူများအား ဖိတ်ခေါ်ပါ။

သီချင်း ၁၂၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ