ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဩဂုတ် ၄ တွင်စမည့်အပတ်
၇ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဧပြီလလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို မှတ်ချက်ပေးပါ။
၁၃ မိ– “ကောင်းသောအလုပ်များလုပ်ရန် တိုက်တွန်းနှိုးဆော်သောစည်းဝေးများ။” မေးဖြေရန်။ စည်းဝေးမတိုင်မီနှင့်ပြီးသည့်နောက် တည်ဆောက်မှုဖြစ်စေသောစကားပြောဆိုမှု၏အကျိုးများကိုတင်ပြပါ။—ကျောင်းလမ်းညွှန်စာအုပ် စာမျက်နှာ ၇၉၊ အပိုဒ် ၁၇-၁၈ ရှု။
၂၅ မိ– “ကြီးပွားရန် ယေဟောဝါအပေါ်မှီခိုအားထား။” ဟောပြောရန်နှင့် သရုပ်ပြရန်။ ဘရိုရှာဝေငှခဲ့သည့်နေရာများသို့ ပြန်လည်ပတ်မှုလုပ်ရန်လိုအပ်ကြောင်း အလေးထားတင်ပြပါ။ ကောင်းစွာပြင်ဆင်ထားသည့်သရုပ်ပြပွဲနှစ်ခုဖြင့် သင်အံမှုစတင်ပုံကိုပြပါ။ မတ်လ ၁၉၉၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၇-၁၁ မှအကြံပြုချက်များပါဝင်စေပါ။
သီချင်း ၇၈ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၁ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– “သက်ကြီးရွယ်အိုများ အရှိန်မလျှော့ဘဲဟောပြောကြ။” မေးဖြေရန်။ ဇူလိုင် ၁၊ ၁၉၈၈ ကင်းမျှော်စင်၊ စာမျက်နှာ ၁၃ [လိပ်] မှအရန်ရှေ့ဆောင်ခဲ့သည့် အဘွားအိုနှင့်စပ်လျဉ်းသောတွေ့ ကြုံမှုပါဝင်စေပါ။
၂၅ မိ– “အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံတော်ခန်းမဆောက်လုပ်ရေး” နှင့် “အပြည်ပြည်ဆိုင်ရာနိုင်ငံတော်ခန်းမဆောက်လုပ်ရေး။” မေးဖြေရန်။
သီချင်း ၇၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “အထူးအစည်းအဝေးအစီအစဉ်သစ်” ကိုသုံးသပ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၂၅ မိ– သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါဘရိုရှာကိုအသုံးပြုပြီး ပြန်လည်ပတ်မှုပြုလုပ်ပါ။ မေးခွန်းတစ်ခုထုတ်ပုံနှင့် အဖြေအတွက် ဘရိုရှာအားညွှန်ပြပုံကို တင်ပြပါ။ ဥပမာ၊ ဘရိုရှာက အောက်ပါမေးခွန်းများကို ဖြေပေးသည်– လူသေအတွက်မျှော်လင့်ချက်ရှိသလော။ (စာမျက်နှာ ၅-၆) ပူဆွေးဝမ်းနည်းခြင်းသည် မှားသလော။ (စာမျက်နှာ ၈-၉) ပူဆွေးဝမ်းနည်းမှုကို လူတစ်ဦးမည်သို့ဖြေရှင်းနိုင်သနည်း။ (စာမျက်နှာ ၁၈) အခြားသူများ မည်သို့ကူညီပေးနိုင်သနည်း။ (စာမျက်နှာ ၂၀-၃) ကလေးသူငယ်များအား သေခြင်းတရားအကြောင်းနားလည်ရန် မည်သို့ကူညီပေးနိုင်သနည်း။ (စာမျက်နှာ ၂၅) မည်သည့်နှစ်သိမ့်မှုကို သမ္မာကျမ်းစာကပေးသနည်း။ (စာမျက်နှာ ၂၇) ထို့နောက် ပြန်လည်ပတ်မှုများတွင် သေခြင်းတရားအကြောင်း မေးလေ့မေးထရှိသည့်မေးခွန်းများကို ဖြေကြားရန် ဤဘရိုရှာကို မည်သို့အသုံးပြုခဲ့ကြောင်း အရည်အချင်းရှိကြေညာသူနှစ်ဦးနှင့် တိုတိုတုတ်တုတ်ဆွေးနွေးပါ။ ပြန်လည်ပတ်မှုလုပ်သောအခါ ဘရိုရှာကိုမည်သို့အသုံးပြုကြောင်း သရုပ်ပြပါ။
သီချင်း ၉၄ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများပေးကြရန် အားလုံးကိုသတိပေးပါ။
၁၅ မိ– “ကျောင်းမှအကောင်းဆုံးအကျိုးရယူပါ။” ဒီဇင်ဘာ ၂၂၊ ၁၉၉၅၊ နိုးလော! စာမျက်နှာ ၇-၁၁ [လိပ်] မှအကူအညီဖြစ်စေသော အချက်များအပါအဝင် ကလေးများနှင့်အတူ ဆောင်းပါးကိုဖခင်ဆွေးနွေးပါ။
၂၀ မိ– ရည်ရွယ်ချက်တစ်ခုဖြင့်ဟောပြောပါ။ ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၈-၁၂ ကို အကြီးအကဲတစ်ဦးနှင့် ဓမ္မအမှုထမ်းတစ်ဦး သို့မဟုတ် နှစ်ဦးသုံးသပ်ပါ။ ကျွန်ုပ်တို့သည် ဓမ္မအမှုနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် တိုးတက်သောသဘောထားကို ထိန်းထားသင့်ကြောင်း၊ အဖွဲ့အစည်းနှင့် အစဉ်အနီးကပ်ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း တွန်းအားပေးသည့်အကြောင်းရင်းများအပေါ်အာရုံစိုက်ပါ။
သီချင်း ၁၀၀ နှင့်နိဂုံးချုပ်ဆုတောင်းချက်။