ဧပြီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဧပြီ ၇ တွင်စမည့်အပတ်
သီချင်း ၁၀၀
၁၂ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အချက်ကောင်းများကိုဖော်ပြပါ။
၁၅ မိ– “မြောက်မြားစွာသောသူများ ထပ်တိုးလာ။” မေးဖြေရန်။ ဩဂုတ် ၁၅ ရက်၊ ၁၉၉၃ ခုနှစ်၊ ကင်းမျှော်စင်စာမျက်နှာ ၁၂-၁၇ တွင်သုံးသပ်ထားသည့် အဓိကကျသောအကြံပြုချက်များကို သုံးသပ်ပါ။
၁၈ မိ– “အတွေ့အကြုံနည်းပါးသူများအား နားလည်ရန် ကူညီပေးပါ။” မေးဖြေရန်။ တောင်းဆိုဘရိုရှာ၏ ထူးခြားချက်များကို သုံးသပ်ပါ– ရိုးရှင်းသောလေ့လာမှုနည်းစနစ်၊ အခန့်သင့်သောမေးခွန်းများ၊ ရှုချင်စဖွယ်ရုပ်ပုံများ၊ များပြားလှသောကျမ်းစာရည်ညွှန်းချက်များ။ နောက်ဆုံးတွင် အသိပညာစာအုပ်ဖြင့် သင်အံမှုများစရန်ပန်းတိုင်ထားကြဖို့ အလေးထားတင်ပြပါ။ အပိုဒ် ၄ တွင်ဖော်ပြထားသော ချဉ်းကပ်နည်းကိုအသုံးပြုပြီး သင်အံမှုစတင်ပုံကို အရည်အချင်းရှိကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။ မိမိတို့၏သားသမီးများနှင့် ဘရိုရှာကိုလေ့လာရန် အသင်းတော်ရှိမိဘများအားလုံးကို အားပေးပါ။
သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၄ တွင်စမည့်အပတ်
သီချင်း ၁၀၇
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ အချိန်ရသရွေ့ တောင်းဆိုဘရိုရှာကိုဝေငှခြင်း သို့မဟုတ် ယင်းကိုအသုံးပြု၍ ကျမ်းစာသင်အံမှုစခြင်းနှင့်ပတ်သက်သော ဒေသခံလယ်ကွင်းတွေ့ကြုံမှုများကို အတိုချုပ်ပြောပြပါ။
၁၅ မိ– “နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းသို့ သင်သားများကို လမ်းညွှန်ပေးခြင်း။” (အပိုဒ် ၁-၆) မေးဖြေရန်။ အပိုဒ် ၅-၆ နှင့် ကိုးကားထားသောကျမ်းချက်များကို ဖတ်ပါ။ ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုခွေကိုကြည့်သောအခါ ကျမ်းစာသင်သားများ၏တုံ့ ပြန်မှုနှင့်စပ်လျဉ်းသည့် ဒေသခံတွေ့ ကြုံမှုများကို ပြန်ပြောပြပါ။
၂၀ မိ– “အခြားသူများအား ဘုရားသခင့်တောင်းဆိုချက်များကို သင်ကြားပေးခြင်း။” အပိုဒ် ၁-၄ ကိုပရိသတ်နှင့်ဆွေးနွေးပါ။ လမ်းပေါ်တွင်၊ အိမ်တစ်အိမ်တွင်၊ အလုပ်ဌာနတစ်ခုတွင်နှင့် ပန်းခြံတစ်ခုတွင်—အစရှိသော ခြားနားသည့်ဇာတ်အိမ်လေးမျိုးကို သုံးကာ အပိုဒ် ၅ ပါတင်ဆက်ပုံများကို သရုပ်ပြပါ။ ယနေ့ညနေ နိုင်ငံတော်ခန်းမမှပြန်မသွားမီ လယ်ကွင်းလုပ်ငန်းတော်အတွက် ဘရိုရှာနှင့်မဂ္ဂဇင်းများကို ရယူထားကြဖို့ အားလုံးကိုသတိပေးပါ။
သီချင်း ၁၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၁ တွင်စမည့်အပတ်
သီချင်း ၁၁၃
၁၅ မိ– ဒေသကြေညာချက်များ။ မေလတွင် အရန်ရှေ့ဆောင်လျှောက်လွှာတင်သွားရန် နောက်မကျလွန်းသေးကြောင်း ရှင်းပြပါ။ မေးခွန်းသေတ္တာကို သုံးသပ်ပါ။ နိုင်ငံတော်ခန်းမရှိစာကြည့်တိုက်တွင် စုံစုံလင်လင်ရှိဖို့ စာအုပ်တချို့လိုနေပါက အသင်းတော်ကိုအသိပေးပါ။
၁၅ မိ– “နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းသို့ သင်သားများကို လမ်းညွှန်ပေးခြင်း။” (အပိုဒ် ၇-၁၄) မေးဖြေရန်။ အစည်းအဝေးများတက်ရန်လိုအပ်ချက်နှင့်ပတ်သက်ပြီး သင်သားတစ်ဦးနှင့် ဖော်ဖော်ရွေရွေဖြင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပုံကို အရည်အချင်းရှိသောသွန်သင်ပေးသူတစ်ဦးအား သရုပ်ပြစေပါ။
၁၅ မိ– ကျွန်ုပ်တို့၏စာပေများကို အပြည့်အဝအသုံးချခြင်း။ အကြီးအကဲတစ်ဦးဟောပါ။ (စက်တင်ဘာ ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာမျက်နှာ ၃-၅ ကိုရှု။) အသင်းတော်များသည် မဂ္ဂဇင်းများကို လစဉ် အမှန်တကယ်ဝေငှသည်ထက် ပို၍မှာယူလေ့ရှိကြကြောင်း မှတ်တမ်းများကပြသည်။ မဂ္ဂဇင်း ၅၀ ရာခိုင်နှုန်းကို ဝေငှရာများအဖြစ် မည်သည့်အခါမျှမှတ်တမ်းမသွင်းကြပါ။ (ဒေသခံစာရင်းအင်းများက ညွှန်ပြသည့်အရေအတွက်ကို တင်ပြပါ။) ဤမဂ္ဂဇင်းများမည်သို့ဖြစ်သွားသနည်း။ မြောက်မြားစွာတို့ကို ချောင်ထိုးထားကြသည် သို့မဟုတ် ပစ်ထားကြသည်။ ယင်းကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။ ကြေညာသူတစ်ဦးစီသည် မိမိတို့လိုအပ်သလောက်ကို ဂရုတစိုက်ခန့်မှန်းတွက်ချက်ပြီး ဝေနိုင်သလောက်ကိုသာ မှာယူသင့်သည်။ ကျွန်ုပ်တို့နှင့်တွေ့သမျှလူတိုင်းကို မဂ္ဂဇင်းဝေသည့်အကျင့်လုပ်ပါ။ ယခင်မဂ္ဂဇင်းဟောင်းများကိုလည်း အလဟဿမဖြစ်စေပါနှင့်။ မဂ္ဂဇင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ပါ။
သီချင်း ၁၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၈ တွင်စမည့်အပတ်
သီချင်း ၁၂၁
၁၅ မိ– ဒေသကြေညာချက်များ။ ဧပြီလအတွက် လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများသွင်းကြရန် အားလုံးကိုသတိပေးပါ။ မေလတွင် အရန်ရှေ့ဆောင်လုပ်ကြမည့်သူများ၏ အမည်များကို ကြေညာပါ။ လုပ်ငန်းတော်အတွက် အစည်းအဝေးများကို ဒေသအလိုက် ပြုလုပ်မည့် ထပ်ဆင့်အစီအစဉ်များကို ဖော်ပြပါ။ မေလအတွင်း ဘရိုရှာဝေငှထားခဲ့သည့်နေရာများသို့ သင်အံမှုများစရန်ပန်းတိုင်ဖြင့် ပြန်သွားကြရန် အထူးကြိုးစားလုပ်ဆောင်သင့်သည်။ ကျွန်ုပ်တို့ အလွတ်သဘောသက်သေခံသောသူတို့၏ အမည်နှင့်လိပ်စာကို လိမ္မာပါးနပ်စွာတောင်းခံနိုင်သည့်နည်းများကို အတိုချုပ်အကြံပြုပါ။ ဦးဆုံး သင့်အမည်နှင့်လိပ်စာကို ပေးနိုင်ပြီး သူတို့အား ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ် ရှိမရှိ မေးပါ။ ထိရောက်မှုရှိခဲ့သော အခြားအကြံပြုချက်များကိုပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၁၅ မိ– “သူတို့ အဘယ်ကြောင့် ယင်းကိုလုပ်ဆောင်ကြသနည်း။” ဆောင်းပါးကို မှန်မှန်ရှေ့ဆောင် နှစ်ဦး သို့မဟုတ် သုံးဦးနှင့် အကြီးအကဲတစ်ဦးဆွေးနွေးပါ။ (မရှိပါက အရန်ရှေ့ဆောင်အဖြစ် စာရင်းသွင်းလေ့ရှိသူများကို သုံးပါ။) ဇန်နဝါရီ ၁၅ ရက်၊ ၁၉၉၄ ခုနှစ်၊ ကင်းမျှော်စင်တွင်ပါသည့် “ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ” ဆောင်းပါးမှ ပေါ်လွင်ချက်များပါဝင်စေပါ။ သူ သို့မဟုတ် သူမသည် ရှေ့ဆောင်လုပ်ငန်းကို အဘယ်ကြောင့်လုပ်ဆောင်ကြောင်း တစ်ဦးစီကိုရှင်းပြခိုင်းပါ။ ထိုသို့လုပ်ဆောင်သောကြောင့် မည်သို့ကောင်းချီးခံစားရသည်ကို ဖော်ပြသောတွေ့ ကြုံမှုများကို ပြန်ပြောပြရန် တောင်းဆိုပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။ အကြီးအကဲများသည် အထူး ဒေသလိုအပ်ရာများကိုတင်ပြရန် ဤအချိန်အခါကို အသုံးပြုပေမည်။
သီချင်း ၁၂၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။