ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၇ စာ. ၁
  • မြောက်မြားစွာသောသူများ ထပ်တိုးလာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြောက်မြားစွာသောသူများ ထပ်တိုးလာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထပ်၍တိုးတက်ခြင်းငှာ အပြုသဘောပါပါလုပ်ကိုင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဝိညာဉ်ရေးတိုးတက်မှုကို ဆက်၍လုပ်ဆောင်နေပါလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့အားလုံး ပါဝင်နိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဧပြီလ—‘ကြိုးစားအားထုတ်၍အမှုဆောင်’ ရန်အချိန်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၄/၉၇ စာ. ၁

မြောက်မြားစွာသောသူများ ထပ်တိုးလာ

၁ ပထမရာစု၌ကဲ့သို့ပင် ယနေ့ ခရစ်ယာန်အသင်းတော်တွေ့ ကြုံနေရသော တိုးတက်မှုသည် အလွန်မှတ်သားဖွယ်ရာပင်။ (တ. ၂:၄၁; ၄:၄) လွန်ခဲ့သည့်နှစ်က တပည့်သစ် ၃၆၆,၅၇၉ ယောက် နှစ်ခြင်းခံခဲ့ပြီး တစ်နေ့လျှင် ပျမ်းမျှ ၁,၀၀၀ ကျော်ဖြစ်သည်! လွန်ခဲ့သောသုံးနှစ်အတွင်း တစ်သန်းမကသောသူများ နှစ်ခြင်းခံခဲ့ကြသည်။ အမှန်ပင်၊ ယုံကြည်သူမြောက်မြားစွာကို ယေဟောဝါတိုးလာစေတော်မူသည်။—တ. ၅:၁၄။

၂ ခရစ်ယာန်အသက်တာတွင် အတွေ့အကြုံမရှိသောလူသစ်မြောက်မြားစွာသည် ယုံကြည်ခြင်းခိုင်မြဲသူများ၏အကူအညီနှင့် လေ့ကျင့်မှုလိုအပ်သည်။ (ရော. ၁၅:၁) ကနဦးခရစ်ယာန်များမှ တချို့သောသူများသည် နှစ်ခြင်းခံပြီးသည်မှာ နှစ်များစွာကြာပြီဖြစ်လျက်ပင် “အရွယ်ရောက်သူအဖြစ်သို့တက်” ကြရန် ပျက်ကွက်ခဲ့ကြသည်။ (ဟေဗြဲ ၅:၁၂; ၆:၁၊ သမ) ထိုအကြောင်းကြောင့် ဟေဗြဲလူများထံရေးသော မိမိ၏စာတွင် ပေါလုက ခရစ်ယာန်များ ဝိညာဉ်ရေးတွင် ကြီးထွားရန်လိုအပ်သည့်ကဏ္ဍများကို ပေါ်လွင်စေခဲ့သည်။ ယင်းတို့ကား အဘယ်အရာဖြစ်ပြီး လိုအပ်သောအကူအညီကို မည်သို့ပေးနိုင်သနည်း။

၃ လေ့လာမှုအလေ့အထကောင်းများကို ရယူခြင်း– ပေါလု၏သွန်သင်ချက်နှင့်အညီ သင်သားကောင်းတစ်ဦးဖြစ်ခြင်းတွင် ထိရောက်စွာသင်ယူခြင်း၊ ပြန်သုံးသပ်ခြင်းနှင့် ယေဟောဝါ၏အဖွဲ့အစည်းမှပြင်ဆင်ပေးသော “ကြေခဲသောအစာ” ကိုအသုံးပြုခြင်း ပါဝင်သည်။ (ဟေဗြဲ ၅:၁၃၊ ၁၄; ဩဂုတ် ၁၅ ရက်၊ ၁၉၉၃ ခုနှစ်၊ ကင်းမျှော်စင် စာမျက်နှာ ၁၂-၁၇ ရှု။) ယုံကြည်သူလူသစ်များကို ဝိညာဉ်ရေးနှင့်ဆိုင်သည့် စကားစမြည်ပြောဆိုခြင်းတွင် ပါဝင်စေပြီး ကိုယ်ပိုင်ရှာဖွေမှုမှ သင်သိရှိလာသည့် အဖိုးထိုက်သောသမ္မာတရားရတနာများကို သူတို့အားမျှဝေပေးခြင်းဖြင့် လေ့လာမှုအလေ့အထကောင်းများကို ရရှိရန် လှုံ့ဆော်ပေးနိုင်သည်။ အခါအားလျော်စွာ လူသစ်တစ်ဦးအား သင်၏ကိုယ်ပိုင် သို့မဟုတ် မိသားစုလေ့လာမှုတွင် အတူပါဝင်ရန် သင်ဖိတ်ခေါ်ကောင်းဖိတ်ခေါ်နိုင်ပေမည်။

၄ အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်း– သင်၏သစ္စာရှိသောပုံသက်သေနှင့် မေတ္တာပါသော အားပေးစကားများက လူသစ်အသင်းသားများအား ပေါလု စိုးရိမ်ကြောင့်ကြလျက် ဖော်ပြခဲ့သောအခြားကဏ္ဍ—အချို့သူများတွင်ရှိသည့် ခရစ်ယာန်အစည်းအဝေးများကို ပျက်ကွက်သည့် “ထုံးစံ” ကို ရှောင်ကြဉ်ရန်အကူအညီဖြစ်စေသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစည်းအဝေးများသည် သူတို့နှင့် အသင်းတော်ကိုဆက်သွယ်ထားသော ဝိညာဏအသက်သွေးကြောဖြစ်ကြောင်း သဘောပေါက်နားလည်ရန် ကူညီပေးပါ။ ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းအဝင်အဖြစ် ဝမ်းပန်းတသာကြိုဆိုခြင်းကို အစပြုလုပ်ဆောင်ပါ။

၅ ယုံကြည်စိတ်ချမှုဖြင့် ယေဟောဝါထံတော်ချဉ်းကပ်ခြင်း– အသွေးအသားအားနည်းမှုနှင့် ပင်ကိုစရိုက်ချို့ယွင်းချက်များကို အောင်မြင်နိုင်ရန် ကျွန်ုပ်တို့သည် အနက်ရှိုင်းဆုံးသောသဘောထားများနှင့် ကိုယ်ရေးကိုယ်တာစိုးရိမ်ပူပန်မှုများကို ကိုယ်တော်အား ဖွင့်ဟလျက် ဆုတောင်းခြင်းဖြင့် ယေဟောဝါကိုရှာရမည်။ လူသစ်များသည် ပေါလုတိုက်တွန်းထားသည့်အတိုင်း တွန့်ဆုတ်ဖို့မလိုဘဲ အကူအညီအတွက် ယေဟောဝါထံ အသနားခံတောင်းလျှောက်ခြင်းဖြင့် ယင်းကို သင်ယူရမည်။ (ဟေဗြဲ ၄:၁၅၊ ၁၆; ၁၀:၂၂) ဤကိစ္စတွင် သင်၏ ကိုယ်ပိုင်အတွေ့အကြုံများကို ပြန်ပြောပြခြင်းသည် နှလုံးပါပါဆုတောင်းချက်များကို ယေဟောဝါနားညောင်းတော်မူကြောင်း လူသစ်တစ်ဦးအား ယုံကြည်စိတ်ချမှု တိုးပွားစေမည်ဖြစ်သည်။

၆ ဓမ္မအမှုအတွက် အချိန်ဇယားဆွဲခြင်း– ကျွန်ုပ်တို့သည် “ချီးမွမ်းခြင်းယဇ်ကို . . . အစဉ်ပူဇော်ကြ” သောအခါ ဝိညာဉ်ရေးအရ သန်စွမ်းလာကြောင်းကိုလည်း ပေါလုတင်ပြခဲ့သည်။ (ဟေဗြဲ ၁၃:၁၅) သင်သည် ကြေညာသူလူသစ်တစ်ဦးအား သင်၏ ပတ်စဉ်လယ်ကွင်းလုပ်ငန်းတော်အစီအစဉ်များတွင် အတူပါဝင်ရန် ဖိတ်ခေါ်နိုင်ပါသလော။ သင်တို့နှစ်ဦးသည် တင်ဆက်ပုံများကို ကြိုတင်ပြင်ဆင်ခြင်း သို့မဟုတ် လူသစ်တစ်ဦးမလုပ်ဖူးသေးသော ဓမ္မအမှုကဏ္ဍတစ်ခုကို သုံးသပ်ခြင်းတို့ကို ပြုလုပ်နိုင်ကောင်းပြုလုပ်နိုင်သည်။

၇ မြောက်မြားစွာသောသူများထပ်တိုးလာခြင်းသည် ကြီးစွာသောရွှင်လန်းမှုကိုဖြစ်စေသည်။ လူသစ်အသင်းသားများကို လေ့ကျင့်ပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ပေးခြင်းတွင် ကျွန်ုပ်တို့ကိုယ်ကိုအသုံးတော်ခံခြင်းသည် ‘ကယ်တင်ခြင်းကိုခံရသူများဖြစ်’ ရန် လိုအပ်သော ခိုင်ခံ့မြဲမြံသည့်ယုံကြည်ခြင်းကို တိုးပွားစေရန် အကူအညီဖြစ်စေမည်ဖြစ်သည်။—ဟေဗြဲ ၃:၁၂၊ ၁၃; ၁၀:၃၉၊ သတင်းကောင်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ