အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
အောက်တိုဘာ ၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ ဇွန်လ လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို မှတ်ချက်ပေးပါ။
၁၅ မိ– မေးခွန်းသေတ္တာ။ လုပ်ငန်းတော်ဦးစီးကြီးကြပ်မှူး သို့မဟုတ် အခြားအရည်အချင်းရှိအကြီးအကဲ ပရိသတ်နှင့်ဆွေးနွေးပါ။
၂၀ မိ– “မဂ္ဂဇင်းတင်ဆက်ပုံကို ကိုယ်ပိုင်ပြင်ဆင်ပါ။” (အပိုဒ် ၁-၇) အပိုဒ် ၁-၄ ကိုမေးခွန်းများမေးပြီး အပိုဒ် ၅-၇ ပါအကြံပြုချက်ကို အသုံးပြုပြီး လက်ရှိမဂ္ဂဇင်းများဝေငှပုံကိုပြရန် တိုတုတ်သည့်သရုပ်ပြ နှစ်ခု သို့မဟုတ် သုံးခုပြုလုပ်ပါ။ ၁၉၈၈၊ မတ် ၁ ရက်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၁၉၊ အပိုဒ် ၈-၉ ပါ မှတ်ချက်များ ပါဝင်စေပါ။
သီချင်း ၂၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– “သာလွန်ကောင်းမွန်သည့်အကြောင်း သတင်းကောင်းကိုကြေညာခြင်း။” မေးဖြေရန်။ ကင်းမျှော်စင်တွင် ဖော်ပြထားသည့် ထင်ရှားသောဆောင်းပါးအချို့ကို ညွှန်ပြပါ။—၁၉၈၇၊ မတ် ၁ ရက်၊ ကင်းမျှော်စင် (လိပ်) စာမျက်နှာ ၁၃ ရှု။
၂၀ မိ– “မဂ္ဂဇင်းတင်ဆက်ပုံကို ကိုယ်ပိုင်ပြင်ဆင်ပါ။” (အပိုဒ် ၈-၁၁) မေးဖြေရန်။ ၁၉၉၄၊ ဇန်နဝါရီ ၁ ရက်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၄-၅၊ အပိုဒ် ၁၈-၂၁ ပါ အကြံပြုချက်လေးခုမှ မှတ်ချက်များပါဝင်စေပါ။ အောက်တိုဘာလထုတ် သို့မဟုတ် သင့်တွင်ရှိသည့်နောက်ဆုံးထုတ်မဂ္ဂဇင်းများကို အသုံးပြုပြီး တင်ဆက်ပုံပြင်ဆင်နည်းကို တင်ပြပါ– (၁) သင့်ရပ်ကွက်တွင် စိတ်ဝင်စားမှုကို ဆွဲယူနိုင်မည့် ဆောင်းပါးတစ်ခုရွေးပါ၊ (၂) ဖော်ပြရန် စိတ်ဝင်စားစရာအကြောင်းတစ်ခုကို ရှာပါ၊ (၃) ထိုအကြောင်းအရာကို အာရုံစူးစိုက်ရန် အသုံးပြုနိုင်သည့်မေးခွန်းတစ်ခုကို စဉ်းစားထားပါ၊ (၄) အခွင့်သင့်ကဖတ်ရန် ကျမ်းချက်တစ်ချက်ကိုရွေးပြီး၊ (၅) သင့်နိဒါန်းနှင့် အိမ်ရှင်အား လက်ခံယူဖို့ တိုက်တွန်းမှုဖြစ်စေရန် မဂ္ဂဇင်းနှင့်ပတ်သက်ပြီးပြောမည့်စကားကို ပြင်ပါ။ အရည်အချင်းရှိ ကြေညာသူနှစ်ဦး သို့မဟုတ် သုံးဦး တင်ဆက်ပုံကို တစ်ဦးစီသရုပ်ပြပါ။ ရိုးရိုးကလေးဖြစ်သော မဂ္ဂဇင်းဝေငှပုံကို သရုပ်ပြမည့်လူငယ်တစ်ဦးကို ပါဝင်စေပါ။
သီချင်း ၈၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၁ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ မဂ္ဂဇင်းလမ်းကြောင်း စတင်ပုံကိုရှင်းပြပါ– (၁) ဝေငှမှုတစ်ခုစီနှင့် ပါရှိသည့်ဆောင်းပါးကို မှတ်ထားပါ၊ (၂) နောက်လထုတ်နှင့်ပြန်သွားရန်စီစဉ်ပြီး၊ (၃) ပတ်စဉ်လုပ်ငန်းတော်အစီအစဉ်တွင် ထိုနေရာသို့ပြန်သွားရန် အချိန်သတ်မှတ်ထားပါ။ စိတ်ဝင်စားမှုတွေ့ရသောအခါ နှစ်စဉ်ကြေးကမ်းလှမ်းပြီး မဂ္ဂဇင်းလမ်းကြောင်းတစ်ခုစီကို ပြန်လည်ပတ်မှုအဖြစ် ပြန်သွားရန် မှတ်တမ်းထားဖို့သတိရပါ။
၁၅ မိ– “သင့်ရပ်ကွက်ကို စေ့စပ်စွာ လုပ်ဆောင်ပါ။” ဆောင်းပါးနှင့် စီးပွားရေးရပ်ကွက်များတွင် လုပ်ဆောင်ရန်အတွက် ဒေသခံအစီအစဉ်များကို ဆွေးနွေးပါ။ မိမိတို့ရပ်ကွက်ရှိ ဆိုင်များတွင်လုပ်ဆောင်ခဲ့၍ ရွှင်လန်းမှုခံစားခဲ့ရသည့် အားရှိဖွယ်တွေ့ ကြုံမှုများကို ပြောပြရန် ပရိသတ်အားဖိတ်ခေါ်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် မေလ ၁၊ ၁၉၉၆၊ ကင်းမျှော်စင် စာမျက်နှာ ၂၁-၄ မှ “သင့်ယုံကြည်စိတ်ချမှုကို အဆုံးတိုင် ဆက်၍မြဲမြံစေပါ” ဆောင်းပါးကို အကြီးအကဲတစ်ဦးဟောပါ။
သီချင်း ၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ရောက်ရှိလာမည့် လောကီအားလပ်ပွဲနေ့များတို့တွင် လောကီအလုပ်နှင့်ကျောင်းမှ အချိန်ရရှိနိုင်သောကြောင့် အရန်ရှေ့ဆောင်များအဖြစ် စာရင်းပေးသွင်းနိုင်ကြောင်း အားပေးပါ။ ဤရက်သတ္တပတ်အကုန်တွင် အောက်တိုဘာလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများ သွင်းကြရန်တိုက်တွန်းပါ။
၂၀ မိ– “အခွင့်သာသောအချိန်ကိုဝယ်ယူနည်း။” မေးဖြေရန်။ ဒီဇင်ဘာ ၁၊ ၁၉၉၀၊ ကင်းမျှော်စင် စာမျက်နှာ ၂၀-၂၁၊ အပိုဒ် ၇-၁၁မှ မှတ်ချက်များပါဝင်စေပါ။
၁၅ မိ– နိုဝင်ဘာတွင် ဝေငှမည့်စာပေများကို သုံးသပ်ပါ။ အင်္ဂလိပ်၊ တရုတ်၊ တယ်မီ(လ်) ဘာသာစကားဖြင့် အသိပညာစာအုပ် သို့မဟုတ် မြန်မာဘာသာစကားဖြင့် ရရှိနိုင်သည့် ၁၉၂-မျက်နှာစာအုပ်တို့ကို ဝေငှပြီး အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပရန် ရည်ရွယ်ချက်ဖြင့် ဝေငှခဲ့ရာအားလုံးထံသို့ ပြန်သွားရန်အထူးကြိုးစားမည်။ စာအုပ်၏အရေးပါပြီး အသုံးပြုနိုင်ပုံကို အရည်အချင်းရှိကြေညာသူ နှစ်ဦး သို့မဟုတ် သုံးဦး ဆွေးနွေးပါ။ ပါရှိသည့်အကြောင်းအရာများသည် လူတန်းစားအသီးသီးမှ လူတို့၏အသက်တာကို အကျိုးသက်ရောက်မှုရှိသည်။ လူသစ်များ နှစ်ခြင်းမခံမီ နားလည်ထားရန်လိုသည့် ကျမ်းစာအခြေခံအကြောင်းများနှင့် မူများကိုသုံးသပ်ထားသည်။ သင်အံမှုကို ပုံမှန်ပြုလုပ်သွားပါက သင်သားသည် အလျင်အမြန် တိုးတက်လာနိုင်သည်။ တိုက်ရိုက်ချဉ်းကပ်နည်းကို အသုံးပြုကာ သင်အံမှုအစပြုပုံကို ဆွေးနွေးပြီးသရုပ်ပြပါ– စာမျက်နှာ ၄-၅ ပါ ရုပ်ပုံနှင့် ပုံစာကို သုံးသပ်ပါ; ကျွန်ုပ်တို့၏ ကျမ်းစာသင်နည်းကို ရှင်းပြပါ; အခန်း ၁ ၏ ပထမငါးပိုဒ်ကို အတိုချုပ်ဆွေးနွေးပါ; နောက်တစ်ခါပြန်လာပြီး ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာလော ဟူသည့်မေးခွန်း၏အဖြေကို ဆက်ဆွေးနွေးရန် ချိန်းဆိုပါ။ အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပရသည့်အခွင့်ထူးမှ ရရှိမည့် ရွှင်လန်းမှုကို အလေးထားတင်ပြပါ။
သီချင်း ၁၆၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။