ဇွန်လအတွက်လုပ်ငန်းတော်စည်းဝေး
ဇွန် ၃ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ နိုင်ငံတစ်ခုလုံးနှင့် ဒေသခံအသင်းတော်တို့၏ လစဉ်လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကိုဖော်ပြပါ။
၁၅ မိ– “သူတို့၏ယုံကြည်ခြင်းကိုတုပပါ။” မေးဖြေရန်။ ၁၉၉၁၊ စက်တင်ဘာ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆ ရှိလေးထောင့်ကွက်ပါ ယုံကြည်ခြင်းအတွက် သာဓကများကို ပြန်သုံးသပ်ပါ။ ကြေညာသူတစ်ဦး သို့မဟုတ် နှစ်ဦးအား နိုင်ငံတော်လုပ်ငန်းတွင်နှစ်များစွာ ပါဝင်နိုင်ရန် အကူအညီရရှိပုံကိုခေါ်မေးပါ။
၂၀ မိ– “ထာဝရအသက်ရစေသော အသိပညာကို ပျံ့နှံ့စေခြင်း။” (အပိုဒ် ၁–၃) အပိုဒ် ၁ ကို ခြုံငုံတင်ပြပါ။ (၁၉၉၆၊ ဇန်နဝါရီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၃၊ အပိုဒ် ၁၁-၁၂ မှ အကြောင်းများကိုပါဝင်စေပါ။) ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နောက်ကျောစာမျက်နှာမှ ပုံစံအသစ်သည် ဦးဆုံးလည်ပတ်မှုပြုလုပ်ရာတွင် ပို၍ထိရောက်စွာပြင်ဆင်နိုင်ရန် ကူညီပေးဖို့စီစဉ်ထားသည်။ ကြာကြာဆိုင်းထားမည့်အစား တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းပြန်သွားခြင်းသည် မကြာခဏပညာရှိရာရောက်သောကြောင့် တစ်အိမ်မှတစ်အိမ်နှင့် ပြန်လည်ပတ်မှုအတွက် အကြံပြုထားသည့်တင်ဆက်ပုံများကို လုပ်ငန်းတော်စည်းဝေးတွင် ဆင်ခြင်သုံးသပ်ပါမည်။ အပိုဒ် ၂ နှင့် ၃ ကိုအကျဉ်းချုပ် ပြန်သုံးသပ်ပြီး သရုပ်ပြပွဲတစ်ခုစီ တင်ပြပါ။ ပထမတင်ဆက်ပုံတွင် ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေမည်သို့ပေးနိုင်သည်ကို အတိုချုပ်ဖော်ပြချက်ပါဝင်စေပါ။ ဆောင်းပါးပါကျန်တင်ဆက်ပုံများကို နောက်လုပ်ငန်းတော်စည်းဝေးနှစ်ခုတွင် တင်ပြပါမည်။
သီချင်း ၁၄၃ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၀ တွင် စမည့်အပတ်
၇ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၈ မိ– လယ်ကွင်းလုပ်ငန်းတွင်ကလေးများကိုလေ့ကျင့်ပေးပါ။ အကြီးအကဲတစ်ဦးဟောရန်။ ငယ်ငယ်ကတည်းမှစ၍ ကလေးများကို လုပ်ငန်းတော်၌ ကျွန်ုပ်တို့နှင့်အတူပါဝင်စေသင့်သည်။ သူတို့ရရှိသည့်လေ့ကျင့်မှုနှင့်အတွေ့အကြုံသည် နောက်ပိုင်းတွင် သူတို့၏ယုံကြည်ခြင်းနှင့်ဇွဲအတွက် ခိုင်မာသည့်အခြေခံ ဖြစ်စေမည်။ ဓမ္မအမှုကို အလေးအနက်ထားပြီး လျောက်ပတ်သည့်အကျင့်များ ရှိရန်လိုအပ်သည်ကို တန်ဖိုးထားလေးမြတ်ရန်အရေးကြီးသည်။ ကလေးများသည် ဆူပူသည့်အကျင့်ကို ရှောင်ရမည်။ အမှုဆောင်ချိန်သည် ဆော့ရမည့်အချိန်မဟုတ်။ လူကြီးများနှင့် တွဲ၍လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သူတို့၏အစွမ်းရှိသည်အတိုင်း ပါဝင်တင်ဆက်ရန်အကူအညီ ပေးသင့်သည်။ (၁၉၈၉၊ ဩဂုတ် ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၅၊ အပိုဒ် ၂၀ ရှု။) မိဘများ ကြပ်မတ်ပေးရန် တာဝန်ရှိသည်။ ကြီးကြပ်ပေးမည့်လူကြီးမပါဘဲ လုပ်ငန်းတော်အတွက် စည်းဝေးများသို့ ကလေးများကို မလွှတ်သင့်ပေ။ ကလေးများ၏ လုပ်ဆောင်မှုကောင်းများအတွက် ချီးမွမ်းပေးပါ။
၁၀ မိ– “ထာဝရအသက်ရစေသော အသိပညာကို ပျံ့နှံ့စေခြင်း။” (အပိုဒ် ၄–၅) တိုတုတ်သည့်နိဒါန်ပျိုးပြီးနောက် အပိုဒ် ၄ နှင့် ၅ ပါ ဦးဆုံးလည်ပတ်မှုနှင့် ပြန်လည်ပတ်မှုအ တွက် တင်ဆက်ပုံများကိုသရုပ်ပါ။ အသိပညာစာအုပ်ကို မဆိုင်းမတွဘဲ ချက်ချင်းဝေငှရန် ကြေညာသူများကို အားပေးပါ။
၂၀ မိ– “အသိပညာစာအုပ်ဖြင့် တပည့်ဖြစ်ရန်ပြုလုပ်ပုံ။” အပိုဒ် ၁-၂ ကိုအခြေခံပြီး တိုတုတ်သည့်အဖွင့်နိဒါန်းပျိုးပါ။ အပိုဒ် ၃-၁၁ ကိုမေးဖြေပြုလုပ်ရန်။ ကျန်သည့်ကြားညှပ် ဆောင်းပါးများကို ဇူလိုင်နှင့်သြဂုတ်လ လုပ်ငန်းတော်စည်းဝေးများ၌ ဆွေးနွေးသုံးသပ် သွားမည်ကိုရှင်းပြပါ။ ယင်းကိုကောင်းကောင်းသိမ်းဆည်းထားရန် အားလုံးကိုအားပေးပါ။
သီချင်း ၉၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာ။
၁၅ မိ– “ဖော်ရွေပျူငှာမှုဖြင့် ပြောဆိုသည့်စကားများသည် နှလုံးကိုထိမိနိုင်။” မေးဖြေရန်။ ဖော်ရွေပျူငှာမှုနှင့်ချဉ်းကပ်ခြင်းဖြင့် တုံ့ပြန်မှုကောင်းရရှိခဲ့သည့် အားရှိဖွယ်တွေ့ကြုံမှုကိုပြောပြရန် ကြေညာသူတစ်ဦး သို့မဟုတ် နှစ်ဦးကိုခေါ်ပါ။
၂၀ မိ– “ထာဝရအသက်ရစေသော အသိပညာကို ပျံ့နှံ့စေခြင်း” (အပိုဒ် ၆-၇) ပြန်လည်ပတ်မှုပြုလုပ်ရန် ပန်းတိုင်များကို အလေးထားပါ– စိတ်ဝင်စားမှုမွေးမြူပါ၊ သင်အံမှုကိုအစပြုပါ၊ ပြန်သွားရန်အစီအစဉ်များကို တိတိကျကျပြုလုပ်ပါ။ အပိုဒ် ၆ နှင့် ၇ ပါ တင်ဆက်ပုံများကို အကျဉ်းချုံးပြန်သုံးသပ်ပြီး သင်အံမှုစတင်ပုံကိုပြသရန် တစ်ခုစီကိုသရုပ်ပြပါ။ ၁၉၉၆၊ ဇန်နဝါရီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄၊ အပိုဒ် ၁၇ ကိုဖတ်ပါ။
သီချင်း ၂၁၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင် ၁၉ အတွက် အထူးလယ်ကွင်းလုပ်ငန်းတော်အစီအစဉ်များကိုဖော်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။ (သို့မဟုတ် ၁၉၉၆၊ ဇန်နဝါရီ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၁ ကိုအခြေခံပြီး “သမ္မာတရားဖြစ်သော နှုတ်ကပါဌ်တော်ကို မှန်ကန်စွာ ကိုင်တွယ်” ကိုဟောပါ။)
၂၀ မိ– “ပြန်လည်လှုပ်ရှားလာရန် သူတို့ကိုကူညီပေးခြင်း။” အကြီးအကဲတစ်ဦး ဟော၍ဆွေးနွေးပါ။ မလှုပ်ရှားသူများကိုအားပေးရန် ၁၉၉၂၊ ဩဂုတ် ၁၊ ကင်းမျှော်စင်၊ ဆောင်းပါး “ငါ့ထံသို့ ပြန်လာကြလော့၊ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်” ကိုအသုံးပြုဖို့အကြံပေးပါ။ အဓိကအချက်အချို့ကိုဖော်ပြပါ။
သီချင်း ၇၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်