ဧပြီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဧပြီ ၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ အသင်းတော်နှင့် သက်ဆိုင်လျှင် “တာဝန်မခန့်အပ်ထားသောရပ်ကွက်တွင် သင်အမှုဆောင်မည်လော” အကြောင်းကို သုံးသပ်ပါ။ သင့်သတိရအောက်မေ့ပွဲနှင့်ပတ်သက်၍ ထူးခြားသောသတင်းများရှိလျှင် တင်ပြပါ။
၂၀ မိ– “ဧပြီလအတွင်း ‘ကောင်းသောလုပ်ငန်းအတွက် စိတ်အားကြီး’ လော့!” လုပ်ငန်းတော်ကြီးကြပ်မှူးက အပိုဒ် ၁-၁၀ ကိုမေးဖြေစစ်ဆေးခြင်း။ (၁) ဧပြီအတွင်း လယ်ကွင်းလုပ်ငန်းတိုးချဲ့ရန် ဒေသခံအစီအစဉ်၊ (၂) အားလုံး မည်သို့ပါဝင်နိုင်ခြင်းနှင့် (၃) လူသစ်များနှင့် ငယ်ရွယ်သူများကို မည်သို့ပါဝင်စေနိုင်ကြောင်းတို့ကို ရှင်းပြပါ။
၁၅ မိ– “တလိုတလားရှိသူများကို ရှာဖွေ။” အကြံပြုထားသည့် တင်ဆက်ပုံများကို ပြန်သုံးသပ်ပြီး ယင်းတို့ကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြနှစ်ခုကို တင်ပြပါ။ အချိန်ရမည်ဆိုလျှင် ၁၉၉၅ စက်တင်ဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၅ ပါမဂ္ဂဇင်းဝေငှနည်းအချို့ကို တင်ပြပါ။ ကမ္ဘာချီလုပ်ငန်းကိုတိုးပွားရန် အလှူငွေလက်ခံကြောင်း သတိပေးချက်ကို ထည့်ပြောပါ။
သီချင်း ၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၈ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ သတိရအောက်မေ့ပွဲကို တက်ရောက်ခဲ့သူ လူသစ်များကို ဝိညာဉ်ရေးဘက် ထပ်ဆင့်တိုးတက်ရန် မည်သို့ကူညီပေးနိုင်ကြောင်း လက်တွေ့ကျနည်းများကို ဆွေးနွေးပါ။ ၁၉၉၁၊ ဧပြီ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၉-၁၂ ကိုပြန်လည်စစ်ဆေးပါ။
၁၅ မိ– “ဘုရားဝတ်ကို နေ့ညမပြတ် ပြုလော့။” မေးဖြေရန်။ အပိုဒ် ၅ နှင့် ၆ ကိုဖတ်ပါ။
၁၅ မိ– “ဧပြီလအတွင်း ‘ကောင်းသောလုပ်ငန်းအတွက် စိတ်အားကြီး’ လော့!” အပိုဒ် ၁၁-၁၅ ကိုမေးဖြေရန်။ မိမိတို့၏ကိုယ်ရေးကိုယ်တာအခြေအနေများကို စစ်ဆေးပြီး လယ်ကွင်းဓမ္မအမှုတွင် တိုး၍ပါဝင်အားပေးနိုင်သည့်နည်းလမ်းများကို ရှာဖွေရန် အားပေးပါ။
သီချင်း ၁၁၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၅ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “ဖောက်ပြန်သောလူမျိုးအကြား အပြစ်ကင်းလျက်နေခြင်း” ခေါင်းစဉ်ရှိ ဧပြီ ၂၁ ၏အထူးဟောပြောချက်အကြောင်း ပရိသတ်ကို သတိပေးပါ။ အားလုံး တက်ရောက်ရန် အထူးကြိုးစားဖို့ တိုက်တွန်းပါ။
၁၅ မိ– “ခေတ်ပြောင်းသွားပြီ။” မေးဖြေရန်။ လူတို့၏အရေးအကြီးဆုံးလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ကြောင်း ပေါ်လွင်စေသည့်နည်းဖြင့် နိုင်ငံတော်သတင်းကို တင်ဆက်ဖို့ အလေးအနက်ဖော်ပြပါ။ ၁၉၉၄၊ ဇန်နဝါရီ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၂၂-၃ တွင်တင်ပြထားသည့် မိသားစုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာလထုတ်စာစောင်အချို့ကို တင်ပြပါ။
၂၀ မိ– “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်။” အသိပညာစာအုပ်တွင် ကျမ်းစာသင်အံမှုစတင်နိုင်စေသည့် စိတ်ဝင်စားမှုနှိုးဆော်ပေးရန် မဂ္ဂဇင်းဝေငှထားခြင်းတို့ကို မည်သို့အသုံးပြုနိုင်ကြောင်း ဆွေးနွေးပါ။ တင်ဆက်ပုံ နှစ်နည်း၊ သုံးနည်းကို သရုပ်ပြပါ။
သီချင်း ၂၀၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၂ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ လွန်ခဲ့သော တနင်္ဂနွေနေ့က ဟောပြောခဲ့သည့် အထူးဟောပြောချက်၏ ပေါ်လွင်ချက်များကို ပြန်သုံးသပ်ပါ။ ယင်းသြဝါဒသည် စစ်မှန်သောဝတ်ပြုရေးဘက် မားမားမတ်မတ်ရပ်တည်ရန် စိတ်ဝင်စားသူများကို မည်သို့ လှုံ့ဆော်ပေးသင့်ကြောင်း ဆွေးနွေးပါ။ ထို့ပြင် အသင်းတော်စာအုပ်ကြီးသင်တန်းကို မှန်မှန်တက်ဖို့ အရေးကြီးကြောင်း အလေးအနက်ဖော်ပြပါ။
၁၂ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲဟောပြောရန်။ အစည်းအဝေးများကို ဦးစီးကျင်းပသောညီအစ်ကိုများသည် အဘယ်ကြောင့်တစ်ဦးချင်းစီ၏ ငယ်နာမည်အသုံးပြုခြင်းကို ရှောင်သင့်ကြောင်းရှင်းပြပါ။
၁၈ မိ– ၁၉၉၅၊ စက်တင်ဘာ ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၂၀-၃ ပါ “အတိတ်မှ ဘုရားရေးရာမိသားစုများ—ကျွန်ုပ်တို့အချိန်အတွက် နမူနာပုံစံ” ခေါင်းစဉ်ရှိဆောင်းပါးကို အကြီးအကဲနှင့် ဓမ္မအမှုထမ်းဆွေးနွေး။ ဒေသခံမိသားစုများကို အကျိုးပြုရန် လက်တွေ့ကျအသုံးပြု။
သီချင်း ၁၄၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၉ တွင် စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ အချို့က ယေဟောဝါသက်သေများကို “တစ်ယူသန်ဂိုဏ်း” အဖြစ်ဖော်ပြကြပြီး ကျွန်ုပ်တို့၏လုပ်ငန်းနှင့် ရည်မှန်းချက်များကို အထင်လွဲမှားစေကြသည်။ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၂၀၂ ကိုအသုံးပြုပြီး ဤစွပ်စွဲချက်ကို မည်သို့ချေပနိုင်ကြောင်း အကျဉ်းချုပ်ရှင်းပြပါ။
၁၅ မိ– ကျွန်ုပ်တို့ရပ်ကွက်တွင် တူညီမျှတစွာ အမှုဆောင်။ လုပ်ငန်းတော်ကြီးကြပ်မှူးဟောရန်။ လူနေအိမ်ကျဲသော၊ သို့မဟုတ် ရပ်ဝေးသောဒေသများတွင် များများအမှုဆောင်လေ့မရှိပါ။ အချို့သူတို့သည် ချမ်းသာသောရပ်ကွက် သို့မဟုတ် ဘာသာရေးပြင်းထန်သူများသောရပ်ကွက်တွင် အမှုဆောင်ခြင်းကို တမင်တကာရှောင်ပေမည်။ စီးပွားရေးရပ်ကွက်များကို လျစ်လျူရှုထားပေမည်။ ကြေညာသူအချို့သည် အမှုဆောင်ရန် လောလောဆယ်လိုအပ်နေသောရပ်ကွက်များကို တောင်းဆိုမည့်အစား ကိုယ်တိုင်ကြိုက်နှစ်သစ်ရာရပ်ကွက်များကို အမြဲတောင်းဆိုလေ့ရှိပေမည်။ အမှုမဆောင်ရသေးသောရပ်ကွက်များတွင် အမှုဆောင်ကြရန် အားလုံးကြိုးစားဖို့ တိုက်တွန်းပါ။ များသောအားဖြင့် နွေရာသီအတွင်း ရပ်ဝေးရှိကျေးလက်ဒေသများတွင် သွားအမှုဆောင်ခွင့်ရှိတတ်သည်; အုပ်စုဖွဲ့ ပြီး သွားနိုင်ကြပေမည်။ ထိုရပ်ကွက်ကို ပြန်မအပ်မီ လူမတွေ့ရှိသောအိမ်များပါအပါအဝင် ယင်းကိုနှံ့စပ်အောင်လုပ်ကိုင်ရန် ဂရုစိုက်ပါ။ သင့်ရပ်ကွက်ကို နှံ့စပ်အောင်အမှုဆောင်နိုင်သည့် အကောင်းဆုံးဖြစ်ပြီး လက်တွေ့ကျသည့်အကြံဉာဏ်ပေးချက်များကို တင်ပြပါ။
၁၈ မိ– ကင်းမျှော်စင် နှင့် နိုးလော့! ကိုဝေငှပါ။ မေလအတွင်းပြုရန်။ တစ်စောင်ချင်းစီကို ဖော်ပြပါ။ မကြာခဏအမှုဆောင်ဖြစ်သည့်ရပ်ကွက်တွင် သင့်လျော်သောမည်သည့် ဘရိုရှာကိုမဆို ဝေငှပါ။ မဂ္ဂဇင်းလမ်းကြောင်းရှိရန် ပန်းတိုင်ထားပြီး ဝေငှခဲ့သမျှစာပေစာတမ်းများကို ကောင်းစွာမှတ်သားထားပါ။ စိတ်ဝင်စားမှုကို ဆက်လက်တင်ပြသူများအား နှစ်စဉ်ကြေးများ ကမ်းလှမ်းပါ။ လူထုအား နိုင်ငံတော်သတင်းပေးရန် အထိရောက်ဆုံးနည်းဖြစ်သည့် မဂ္ဂဇင်းဝေငှခြင်း၏ များစွာအကျိုးဖြစ်ထွန်းမှုကို အလေးအနက်ဖော်ပြပါ။ လုပ်ငန်းတော်တွင် ပါဝင်ဖို့သွားသည့်အခါ အလုံအလောက်ရှိမရှိ ဂရုစိုက်ပါ; အခွင့်အရေးရတိုင်း ဝေငှပါ။ ပတ်စဉ်မဂ္ဂဇင်းနေ့အတွက် ကိုယ်ပိုင်အစီအစဉ်များ ပြုလုပ်ထားခြင်းသည် မဂ္ဂဇင်းစောင်ရေများ တိုး၍ဝေငှနိုင်သည့် နည်းလမ်းကောင်းဖြစ်သည်။ စိတ်ဝင်စားသူများနှင့် အသိပညာစာအုပ်အသုံးပြုကာ ကျမ်းစာသင်အံမှုများ စတင်နိုင်မည့်ပုံစံမျိုးဖြင့် ပြန်လည်ပတ်မှုများကို ပြုလုပ်ပါ။ နောက်ဆုံးထုတ်စာစောင်များတင်ဆက်ပုံ တစ်မျိုးနှစ်မျိုးကို တင်ပြပါ။ ၁၉၉၅ စက်တင်ဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၃၊ အပိုဒ် ၃-၅ ပါနည်းများကို အသုံးပြုလိုပေမည်; အပိုဒ် ၆ ကိုဖတ်ပါ။
သီချင်း ၁၉၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။