ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၅ စာ. ၂
  • ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဒီဇင်ဘာ ၄ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၁၁ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၁၈ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၂၅ တွင် စမည့်အပတ်
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၂/၉၅ စာ. ၂

ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီဇင်ဘာ ၄ တွင် စမည့်အပတ်

သီချင်း ၁၈၁

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၁၅ မိ– “ယေဟောဝါကို နေ့စဉ်ချီးမွမ်းလော့။” မေးဖြေပြုလုပ်ရန်။ အပိုဒ်များကိုဖတ်စေပါ။ အလွတ်သဘောသက်သေခံရာတွင် ရရှိခဲ့သော အားရစရာတွေ့ကြုံမှုများကို ကြေညာသူ တစ်ဦးနှစ်ဦးတင်ပြပြောဆိုပါစေ။

၂၀ မိ– “သမ္မာတရားကိုသိပြီး ရွှင်လန်းနိုင်ကြရန် သူတစ်ပါးကို ကူညီပေး။” စိတ်ဝင်စားသူများအား စာအုပ်များကိုကြိုးစားဝေငှရန် အားတက်သရောဟောပါ။ အကြံပြုထားသည့် တင်ပြချက်များကို ပြန်သုံးသပ်ကာ သရုပ်ပြခန်း တစ်ခုနှစ်ခုတင်ဆက်ပါ။ ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းနိုင်ကြောင်း သင့်တော်စွာရှင်းပြချက်များကို ထည့်ပြောစေပါ။

သီချင်း ၂၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၁၁ တွင် စမည့်အပတ်

သီချင်း ၂၀၁

၁၃  မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ လယ်ကွင်းလုပ်ငန်းတွင် အဘယ်ကြောင့်အပြည့်အဝနှင့် အဓိပ္ပာယ်ရှိရှိပါဝင်သင့်သည့် အကြောင်းအချို့ကို အကျဉ်းချုပ်ပြန်တင်ပြပါ။ အမှုဆောင်ထွက်သည့်အခါ တစ်နာရီကျော်ကျော်သာ ကန့်သတ်ပါဝင်မည့်အစား နှစ်နာရီ သို့မဟုတ် ဖြစ်နိုင်ပါက ထိုထက်ကြာရှည်အမှုဆောင်ရန် စီစဉ်ပါလေ။ အဘယ်နေရာများထံ ပြန်လည်ပတ်မှုများပြုလုပ်မည်ကို ကြိုတင်စီစဉ်ထားပြီး နှစ်နာရီ သို့မဟုတ် ထို့ထက်ကြာရှည်စွာအမှုဆောင်နိုင်သူများနှင့်အတူ တွဲခြင်းဖြင့် အောင်မြင်မှုပိုရရှိနိုင်သည်။

၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၅၊ ဩဂုတ် ၁ ရက်ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၉ ပါ “မဆုတ်မနစ်ဇွဲ၏ ဆုလာဘ်များ” ဆောင်းပါးကိုအခြေခံ၍ ဟောပြောရန်။

၁၇  မိ– “အသင်းတော်အစည်းအဝေးများအတွက်ပြင်ဆင်ပြီး ပျော်ရွှင်မှုခံစားလေ။” ဟောပြော၍ ဆွေးနွေးရန်။ အစည်းအဝေးများမှပျော်ရွှင်မှုရပြီး အကျိုးအပြည့်ခံစားရရန် အဘယ်အရာကိုပြုလုပ်ကြောင်း ကြေညာသူတစ်ဦးနှစ်ဦးအား တင်ပြပြောဆိုပါစေ။

သီချင်း ၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၁၈ တွင် စမည့်အပတ်

သီချင်း ၁၃၉

၁၀ မိ– ဒေသကြေညာချက်များ။ ပွဲတော်ရက်နှုတ်ခွန်းဆက်စကားများကို လိမ္မာပါးနပ်စွာ မည်သို့ ပြန်ဖြေဆိုနိုင်ကြောင်း အကြံပြုပါ။ ဒီဇင်ဘာလ ၂၅ ရက်နေ့အတွက် အထူးသက်သေခံထွက်ခြင်းအစီအစဉ်များကို ကြေညာပါ။

၁၅ မိ– “သင်၏တိုးပွားမှုကို ထင်ရှားစေခြင်း။” မေးဖြေပြုလုပ်ရန်။

၂၀ မိ– “သမ္မာတရားကိုသွန်သင်ပေးရန် စိတ်ဝင်စားသူအားလုံးထံ ပြန်လည်ပတ်။” အကြံပြုထားသောတင်ဆက်ပုံများကို ပြန်သုံးသပ်ပြီး အကျဉ်းချုပ်သရုပ်ပြခန်းနှစ်ခုကို တင်ပြပါ။ ကျမ်းစာသင်အံမှုများစတင်ရန်ပန်းတိုင်ဖြင့် ပြန်လည်ပတ်မှုများပြုလုပ်ကြရန် အားပေးပါ။

သီချင်း ၄၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၂၅ တွင် စမည့်အပတ်

သီချင်း ၈၈

၅ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီ ၁ ရက်နေ့မှစပြီး သင့်အစည်းအဝေးအချိန်ကိုပြောင်းမည်ဆိုလျှင် လိုအပ်သလိုပြုပြင်မှုလုပ်ကြရန် အားလုံးအပြည့်အဝထောက်ခံဖို့ အားပေးတိုက်တွန်းပါ။ (ဒီဇင်ဘာ ၁၉၉၄၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၂ ရှု။) ဇန်နဝါရီ ၁ ရက်နေ့အတွက် အထူးသက်သေခံရန်အစီအစဉ်များကို ကြေညာပါ။

၁၅ မိ– ကြေညာသူများကို အရန်ရှေ့ဆောင်ကြရန်၊ အရန်ရှေ့ဆောင်နေသူများကို မှန်မှန်ရှေ့ဆောင်အဖြစ်သို့တက်လှမ်းကြရန် အားပေးတိုက်တွန်းပါ။ လုပ်ငန်းတော်ကြီးကြပ်မှူး အားတက်သရောဟောပြောရန်။

၂၅ မိ– “ကျွန်ုပ်တို့၏အလင်းကို အဆက်မပြတ်ထွန်းလင်းစေခြင်း။” ဤအပိုင်းကိုတာဝန်ယူသော အကြီးအကဲသည် သူ၏ တစ်-မှ နှစ်-မိနစ်နိဒါန်းကို အပိုဒ် ၁-၅ အပေါ်အခြေခံမည်။ အပိုဒ် ၆-၁၆ တို့ကို မေးဖြေပြုလုပ်သွားမည်။ အပိုဒ် ၆-၉၊ ၁၅ နှင့် ၁၆ ကိုဖတ်မည်။ အပိုဒ် ၁၇-၁၉ ကိုအကျဉ်းချုပ်နိဂုံးအတွက်အသုံးပြုပါ။ ဖြစ်နိုင်မည်ဆိုလျှင် လယ်ကွင်းလုပ်ငန်းကြီးကြပ်မှူးကတာဝန်ယူမည်။

သီချင်း ၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ