သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်စစ်ဆေးခြင်း
၁၉၉၅၊ မေ ၁ မှ ဩဂုတ် ၂၁ ရက်အပတ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်း တာဝန်များတွင် လေ့လာခဲ့သော အကြောင်းအရာများကို စာအုပ်ပိတ်ပြန်လည်စစ်ဆေးခြင်း။ ကန့်သတ်ထားသည့်အချိန်အတွင်း သင်ဖြေဆိုနိုင်သမျှမေးခွန်းများ၏အဖြေများကို ရေးချရန် သီးခြားစာရွက်တစ်ရွက်ကို အသုံးပြုပါ။
[မှတ်ချက်– ရေးဖြေစစ်ဆေးချိန်တွင် မည်သည့်မေးခွန်းကိုမဆို ဖြေဆိုရာ၌ ကျမ်းစာကိုသာ အသုံးပြုပေမည်။ မေးခွန်းနောက်ရှိ ရည်ညွှန်းချက်များသည် သင့်ကိုယ်ပိုင်ရှာဖွေလေ့လာမှုအတွက်ဖြစ်သည်။ ကင်းမျှော်စင် ရည်ညွှန်းချက်အားလုံး၌ စာမျက်နှာနှင့် အပိုဒ်နံပါတ်များပါမည်မဟုတ်ချေ။]
အောက်ပါမေးခွန်းများ မှားကြောင်းမှန်ကြောင်း ဖေပြပါ။
၁။ ဘုရားဝတ်ပြုရေးသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး အဘယ်နည်းဖြင့်မျှ သူတစ်ပါးနှင့်ဆက်ဆံရေးအပေါ်မမူတည်ပါ။ (၁ ယော. ၄:၂၀) [ဝစ စ. ၂၀၄ အပိုဒ် ၇]
၂။ တစ်ပါးအမျိုးသားခရစ်ယာန်များသည် ရုပ်တုကိုးကွယ်ခြင်း၊ သွေးနှင့် မတရားမေထုန်ပြုခြင်းကို ကြဉ်ရှောင်ရမည်ဟူသော အုပ်ချုပ်ရေးအဖွဲ့၏ ဩဝါဒသည် မောရှေပညတ်ကိုအခြေခံသည်။ (တ. ၁၅:၂၈၊ ၂၉) [ဝစ စ. ၂၂၈ အပိုဒ် ၈]
၃။ အစကနဦးက မောရှေပညတ်ကို လူသားအားလုံးစောင့်သိရန် ရည်ရွယ်ထားသည်။ (ဆာ. ၁၄၇:၁၉၊ ၂၀) [ဝစ စ. ၂၂၅ အပိုဒ် ၅]
၄။ ခရစ်တော်မမွေးဖွားမီ နှစ်ပေါင်း ၇၀၀ ခန့်ကရေးသားခဲ့သော ဟေရှာယ အခန်းကြီး ၅၃ သည် ယေရှုခရစ်တော်နှင့် ကိုယ်တော်အားဆက်ဆံပုံကို ကွင်းကွင်းကွက်ကွက်ဖော်ပြသည့် မျက်မြင်သက်သေကဲ့သို့ ဖြစ်သည်။ [ကမ စ. ၁၃၇ အပိုဒ် ၈]
၅။ ဒေသနာ ၃:၁၊ ၂ ပါရှောလမုန်၏စကားများသည် တစ်ဦးချင်းကိုတင်ကူးပြဋ္ဌာန်းခြင်းအကြောင်းမဟုတ် မွေးခြင်းသေခြင်းဘဝသံသရာကိုသာ ရည်ညွှန်းနေခြင်းဖြစ်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၉၁ ၁၀/၁၅ စ. ၅ (လိပ်) ရှု။]
၆။ မိသားစုရေးရာကိစ္စများအတွက် သမ္မာကျမ်းစာပေးသည့် ဩဝါဒစကားမွန်ကိုယှဉ်ပြိုင်နိုင်သည့် မည်သည့်လောကီသြဝါဒမျှမရှိပါ။ [ဝစ စ. ၂၂၀၊ အပိုဒ် ၁၁]
၇။ ဘုရားသခင်ကို အကြွင်းမဲ့ကိုးစားလော့ဟု ဩဝါဒပေးရာတွင် နယပုံပြင်ကျမ်းသည် ကျွန်ုပ်တို့ပြဿနာများ၏ အဓိကအပိုင်းကို ကိုင်တွယ်သည်။ [ကမ စ. ၁၂၂ အပိုဒ် ၃၅]
၈။ ရုပ်မြင်သံကြားတွင် ပြသသမျှကို သားသမီးများအား ကြည့်ခိုင်းခြင်းသည် သူတို့လေးတွေကို လွှတ်ထားသည်နှင့်တူသည်။ (သု. ၂၉:၁၅) [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၉ ၈/၁ စ. ၁၁ အပိုဒ် ၈ ရှု။]
၉။ အိမ်ထောင်ရေးတွင် ပြဿနာများပေါ်ပေါက်လာလျှင် ခရစ်ယာန်စစ်တစ်ဦးသည် တစ်ဖက်သား၏ချွတ်ယွင်းချက်များကိုအကြောင်းပြကာ မိမိ၏ဝတ္တရားကို မထမ်းဆောင်ဘဲ နေမည်မဟုတ်ပါ။ [ဝစ စစ. ၂၁၄-၅ အပိုဒ် ၄၊ ၅]
၁၀။ အရာအားလုံးသည် အနတ္တဖြစ်သည်ဟု ဒေသနာကျမ်းတွင် ရှောလမုန်၏ကြေညာထားချက်မှာ ခြွင်းချက်မရှိဘဲ အရာခပ်သိမ်းနှင့်သက်ဆိုင်သည်။ [ကမ စ. ၁၂၇ အပိုဒ် ၁၅]
အောက်ပါမေးခွန်းများကို ဖြေဆိုပါ။
၁၁။ ထွက်မြောက်ရာ ၂၀:၇ ၏အခြေခံမူက အဘယ်နည်း။ [ဝစ စ. ၂၃၄]
၁၂။ ဟေရှာယသည် ပရောဖက်အဖြစ်အမှုထမ်းစဉ် ယုဒနိုင်ငံကို အစိုးရသောဘုရင်လေးပါးအနက် နှစ်ပါးကား မည်သူတို့နည်း။ [ကမ စ. ၁၃၄ အပိုဒ် ၃]
၁၃။ ဟေရှာယ ၁၄:၄၊ ၁၂-၁၄ တွင်ဖော်ပြထားသည့်အတိုင်း ဗာဗုလုန်ရှင်ဘုရင်သည် မည်သူ၏သဘောထားကို ရောင်ပြန်ဟပ်သနည်း။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၆ ၃/၁၅ စ. ၂၁ အပိုဒ် ၂ ရှု။]
၁၄။ ထွက်မြောက်ရာ ၁၉:၁၀၊ ၁၁ အရ ယေဟောဝါသည် မိမိကိုဝတ်ပြုသူများထံမှ ဘာတောင်းဆိုသနည်း။ [ဝစ စ. ၂၃၄]
၁၅။ မျက်မှောက်ခေတ်ကင်းစောင့်က မည်သူနည်း။ သူ ဘာကိုကြေညာနေသနည်း။ (ဟေရှာ. ၂၁:၈၊ ၁၂) [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၈ ၃/၁ စ. ၁၂ အပိုဒ် ၁၀ ရှု။]
၁၆။ ဒေသနာ ၁၂:၁၂ ကစာအုပ်များနှင့်စပ်လျဉ်း၍ အပျက်သဘောကို အဘယ်ကြောင့်ဤမျှတင်ပြရသနည်း။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၇ ၉/၁၅ စ. ၂၅ (လိပ်) ရှု။]
၁၇။ နယပုံပြင် ၁:၂-၄ နှင့်အညီ နယပုံပြင်ကျမ်းက ဘာကိုပေါ်လွင်စေသနည်း။ [ကမ စ. ၁၁၇ အပိုဒ် ၁၉]
၁၈။ ကောရိန္သုမြို့သားများအား “တိုးချဲ့” ရမည်ဟုမှာကြားရာတွင် ပေါလုဘာကိုဆိုလိုသနည်း။ (၂ ကော. ၆:၁၃) [ဝစ စ. ၂၀၉ အပိုဒ် ၁၄]
၁၉။ မေတ္တာသည် အဘယ်နည်းဖြင့် “သေခြင်းနှင့်အမျှ တန်ခိုးကြီး” သနည်း။ (သီ. ၈:၆၊ ၇) [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၇ ၉/၁၅စ. ၂၄ ရှု။]
၂၀။ နှစ်လိုဖွယ်သောရှောလမုန်သီချင်းမှ အဘယ်လက်တွေ့ကျသင်ခန်းစာများ သင်ကြားခံရသနည်း။ [ကမ စ. ၁၃၂ အပိုဒ် ၁၆]
အောက်ပါဝါကျများကို ပြီးပြည့်စေရန် လိုအပ်သောစကားလုံးများ သို့မဟုတ် စကားစုကို ထည့်ပေးပါ။
၂၁။ မောရှေပညတ်တရားအောက်တွင် ကျွန်ုပ်တို့မရှိသော်လည်း ၎င်းက အခြေခံထားသော _________________________ နှင့် ၎င်းပါ _________________________ ပုံစံများကို အမှန်အတိုင်းသိထားခြင်းဖြင့် ကျွန်ုပ်တို့အကျိုးခံစားရသည်။ [ဝစ စ. ၂၃၃ အပိုဒ် ၁၄]
၂၂။ ထွက်မြောက်ရာ ၂၀:၄-၆ ပါပညတ်သည် _________________________ ကိုတားမြစ်ထား၍ ဤပညတ်သည် _________________________ ကိုယေဟောဝါကျပ်တည်းစွာပြုစေလိုကြောင်း ထိုကျမ်းချက်ကိုယ်နှိုက်ကဖော်ပြသည်။ [ဝစ စ. ၂၃၅]
၂၃။ ________________________ ကိုဝတ်မပြုသူနှင့် ဘုရားသခင်၏ကျေးကျွန်တစ်ဦးသည် မ _________________________ ရကြောင်း တရားဟောရာ ၇:၁-၄ ပါစည်းမျဉ်းမူက ရှင်းလင်းပြတ်သားစွာ ဖော်ပြသည်။ [ဝစ စ. ၂၃၅]
၂၄။ _________________________ ၏စိတ်နှိမ့်ချမှုနှင့် ကျိုးနွံခြင်းသာမက သူမချစ်မြတ်နိုးသော _________________________ ၏နှစ်လိုဖွယ်အကျင့်စရိုက်များနှင့် အရည်အချင်းများကိုပါဖော်ပြသည့် ဥပစာအသုံးစကားများကို ရှောလမုန်သီချင်း ၂:၁-၃ ၌အသုံးပြုထားသည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၈၇ ၇/၁ စ. ၂၃ ရှု။]
၂၅။ _________________________ အတွက် _________________________ ကိုမေးမြန်းသည့်အကျင့်သည် အမှန်အားဖြင့် _________________________ နှင့်ဆက်သွယ်ခြင်းဖြစ်သောကြောင့် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များ မပြုလုပ်ကြပါ။ (ဟေရှာ. ၈:၁၉) [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၉၀ ၃/၁၅ စ. ၂၁ အပိုဒ် ၁၁ ရှု။]
အောက်ပါဝါကျများတွင် အဖြေမှန်ကို ရွေးပေးပါ။
၂၆။ နယပုံပြင် ၂၆:၂၀၊ ၂၁ အရ ကျွန်ုပ်တို့သည် (အလျင်အမြန်အဖြေပေးမည်; ဘွင်းဘွင်းပြောဆိုမည်; နူးညံ့သိမ်မွေ့မည်) ဆိုလျှင် ‘မီးပေါ်ထင်းဆက်ထည့်’ ပြီး သူတစ်ပါးစိတ်ကိုနှိုးဆွမည့်အစား သူတို့နှင့် (ပြဿနာတက်စေမည်; ဆက်သွယ်မှုပြတ်တောက်စေမည်; ဆက်ဆံမှုကောင်းစေမည်) ဖြစ်သည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; သစတ အပိုင်း (၃) စ. ၃၀ အပိုဒ် ၁၆ ရှု။]
၂၇။ နယပုံပြင် ၂၇:၆ အရ သင့်ကိုချစ်သောသူသည် (သင့်စိတ်ထိခိုက်မည့်စကားများကို ဘယ်သောအခါမျှ မပြော; သင့်အကြောင်း အမှန်မပြောဝံ့; လိုအပ်မည်ဆိုလျှင် သင့်ကိုဆုံးမ) သူဖြစ်လိမ့်မည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၉၀ ၉/၁၅ စ. ၂၈ (လိပ်) ရှု။]
၂၈။ ဒေသနာကျမ်းကို ရှောလမုန်ရေးသားကြောင်း (၎င်းကျမ်းတစ်လျှောက်တွင် သူ၏နာမည်ပါခြင်း; အခြားကျမ်းစာစောင်များကိုရေးသူများက ယင်းကိုရေးသားသူအဖြစ် သူ့နာမည်ကိုဖော်ပြခြင်း; ကျမ်းစောင်ကိုယ်နှိုက်က နာမည်မဖော်ဘဲ ရှောလမုန်ရေးသားကြောင်း သက်သေထူထားခြင်း) ကသိရှိစေသည်။ [ကမ စ. ၁၂၅ အပိုဒ် ၄]
၂၉။ ယနေ့ ပိုင်းခြားချင့်ချိန်မှုမရှိသော၊ ဘာမဆိုကောင်းသည်ဟူသော သဘောထားများသည် ဉာဏ်အလင်းကိုပေးသည်ဟု လူများယူမှတ်ကြသော်လည်း အမှန်မှာ (ဘေးကင်း; သဘောထားကြီးခြင်းသာဖြစ်; ဝိညာဉ်ရေးအရ မှောင်မိုက်တွင်ရှိ) သည်။ (ဟေရှာ. ၅:၂၀) [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၉၃ ၃/၁ စ. ၁၁ ရှု။]
၃၀။ ရှောလမုန်သီချင်းသည် (ရှောလမုန်၏ ဘုရင့်အရာ; ရှောလမုန်၏ စည်းစိမ်ချမ်းသာ; သိုးထိန်းလုလင်ကိုသာ အသည်းစွဲချစ်သော တောသူမလေး၏ သစ္စာရှိမှု) ကိုပေါ်လွင်စေသည်။ [ကမ စ. ၁၂၉ အပိုဒ် ၂]
အောက်ပါဝါကျများနှင့် သက်ဆိုင်ရာ ကျမ်းချက်များကို ပူးတွဲပေးပါ။
သု. ၂၂:၃; ဒေ. ၇:၂၁၊ ၂၂; ဟေရှာ. ၁၃:၁၉၊ ၂၀; မ. ၅:၂၃၊ ၂၄; ကော. ၃:၁၈-၂၀၊ ၂၃၊ ၂၄
၃၁။ ယေဟောဝါသည် မိမိလူမျိုးတော်ကို မတော်တဆဖြစ်မှုများ၊ ပြည်တွင်းပဋိပက္ခ သို့မဟုတ် ရာဇဝတ်မှုများမှ အလိုအလျောက် မကာကွယ်ပေးသော်လည်း သမ္မာကျမ်းစာအပေါ်အခြေခံသည့် လက်တွေ့ကျသောဉာဏ်ပညာအတိုင်းကျင့်ကြံလျှင် အကျိုးရှိသည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၉၂ ၁/၁ စ. ၁၉ အပိုဒ် ၂၃ ရှု။]
၃၂။ မှုတ်သွင်းခံပရောဖက်ပြုချက်ပြည့်စုံခြင်းကို ဘယ်သောအခါမျှ သံသယမဝင်ရန် အကြောင်းကောင်းရှိသည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၉၃ ၅/၁၅ စ. ၆ ရှု။]
၃၃။ ခရစ်ယာန်စစ်တစ်ဦးသည် ညီအစ်ကိုများနှင့် သင့်တင့်မှုရှိရန် တကူးတကကြိုးစားမည်ဖြစ်သည်။ [ဝစ စ. ၂၀၆ အပိုဒ် ၁၀]
၃၄။ မိသားစုတွင် ဆက်ဆံရေးတိုးတက်လာရန် သူတစ်ထူးက တစ်မျိုးတစ်မည်လုပ်ဖို့ စောင့်နေခြင်းက အကျိုးပြုမည်မဟုတ်ဘဲ ကိုယ်က ကိုယ့်တာဝန်ကျေပွန်ရန်ဖြစ်သည်။ သို့ ဖြင့် ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းကို အိမ်တွင် မိမိကိုယ်တိုင်ကျင့်ကြံနေကြောင်း ပြသွားမည်ဖြစ်သည်။ [ဝစ စ. ၂၁၉ အပိုဒ် ၁၀]
၃၅။ ကိုယ်တိုင်ထံမှလည်းကောင်း၊ မစုံလင်သော အခြားသူများနှင့် ဆက်ဆံရာမှလည်းကောင်း မဖြစ်နိုင်သည့် စုံလင်ပြေပြစ်မှုကို မမျှော်လင့်ပါနှင့်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၉၀ ၃/၁ စ. ၈ (လိပ်) ရှု။]