ဇွန်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဇွန် ၅ တွင် စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသော ကြေညာချက်များ။ “မိုးတွင်းရောက်ပြန်ပြီ!” အကြောင်းကို ပြန်သုံးသပ်။
၁၅ မိ– “ခွန်အားပေးတော်မူသော ယေဟောဝါ!” မေးဖြေရန်။ ၁၉၉၂၊ ဖေဖော်ဝါရီ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၂ ပါတွေ့ကြုံမှုကို တင်ပြ။
၁၈ မိ– “ယေဟောဝါသည် မိသားစုအားလုံးတို့၏ ဖန်ဆင်းရှင်ဖြစ်။” ပရိသတ်နှင့်ဆွေးနွေး။ အကြံပြုထားသည့် တင်ဆက်ပုံနှစ်ခုကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြခန်းနှစ်ခုပြပါ။ ဧပြီနှင့်မေလများအတွင်း နိုင်ငံတော်သတင်းဝေငှထားသည့်နေရာများထံ မည်သို့ပြန်လည်ပတ်သွားနိုင်ကြောင်း တိုတုတ်သောအကြံပြုချက်အချို့ ထည့်ပြောပါ။
သီချင်း ၁၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၇ မိ– “လူငယ်များအတွက် စံနမူနာဖြစ်သူ ခရစ်တော်။” မေးဖြေရန်။ ၁၉၈၇၊ စက်တင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၄-၆ မှ အချက်အလက်များကို ထည့်ပြောပါ။
၁၈ မိ– “မိသားစုတွင် ပြဿနာများရှိသူတို့အား ကူညီပေး။” အသင်းတော်စာအုပ်ကြီးသင်တန်းမှူးသည် ဤဆောင်းပါးကို ကြေညာသူ နှစ်ဦးသုံးဦးနှင့်ပြန်သုံးသပ်ပြီး ယင်းကို မည်သို့အသုံးပြုနိုင်ကြောင်း ဆွေးနွေး။ သူတို့၏တင်ဆက်ပုံများကို အချင်းချင်းနှင့်သရုပ်ပြခြင်းအားဖြင့် လေ့ကျင့်ကြ။
သီချင်း ၁၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၉ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဤအပတ်အတွင်း လုပ်ငန်းတော်တွင် အသုံးပြုမည့် မဂ္ဂဇင်းတင်ဆက်ပုံနှစ်ခုသုံးခုကို အတိုချုပ်သရုပ်ပြ။
၁၈ မိ– အခြားသူများကို အသိအမှတ်ပြုပါ။ ၁၉၉၄၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၀ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောပြော။ အသင်းတော်ရှိ အခြားသူများအား ဂုဏ်ပြုဖို့နှင့် ချစ်ခြင်းမေတ္တာပြဖို့လိုကြောင်း အလေးအနက်ဖော်ပြပါ။
၁၇ မိ– “သင့်အချိန်ကို ကောင်းစွာအသုံးပြု။” မေးဖြေရန်။ တီဗွီကြည့်ချိန်နှင့်ပတ်သက်၍ ၁၉၉၂၊ မတ် ၈၊ နိုးလော့! စာမျက်နှာ ၁၁ ပါခေါင်းစဉ်ငယ် “ထိန်းချုပ်ခြင်း” အောက်ရှိ အကြံပြုချက်များကို ပြန်သုံးသပ်ပါ။
သီချင်း ၂၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၆ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏အရေးကြီးမှုကို အကျဉ်းချုပ်ဆွေးနွေး။ စိတ်ဝင်စားမှုတိုးပွားစေရန် ပြန်လည်ပတ်သွားသည့်အခါ ကျွန်ုပ်တို့၏သွန်သင်ပေးခြင်းလုပ်ငန်းအဝင် အဓိကအပိုင်းကို ဆောင်ရွက်ကြသည်။ စာအုပ်စာတမ်းဖတ်ရုံဖြင့် ဝိညာဉ်ရေးဘက်တွင် လူနည်းစုသာ တိုးတက်နိုင်သည်။ ပြန်လည်ပတ်မသွားသည့်အခါ သူတို့အား အကူအညီပေးနိုင်သည့် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်လိုက်သည်။ ပြန်လည်ပတ်မှုများမှ ကျမ်းစာသင်အံမှုများ ရရှိနိုင်သည်။ ရက်သတ္တတစ်ပတ်စောင့်မည့်အစား တစ်ရက်နှစ်ရက်အတွင်း ပြန်သွားခြင်းအားဖြင့် ကြေညာသူများစွာသည် အကောင်းဆုံးရလဒ်များကို ရရှိခဲ့ကြပြီ။—မိမိတို့ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၁၁၂-၃ ရှု။
၁၅ မိ– မေးခွန်းသေတ္တာ။ မေးဖြေရန်၊ ကင်းမျှော်စင်သင်တန်းမှူးကိုင်တွယ်ရန်။ ကျောင်းညွှန်းစာအုပ်၊ စာမျက်နှာ ၉၀-၁ ကိုအခြေပြု၍ ထပ်ဆင့်အချက်အလက်များကို ဖော်ပြပါ။
၁၅ မိ– ဇူလိုင်လအတွင်း အသုံးပြုရန်စာပေကို ပြန်သုံးသပ်ပါ။ အသင်းတော်တွင်ရှိ ဘရိုရှာများ၏ ထူးခြားချက်များကို ဆွေးနွေး။ ယင်းတို့ကို မည်သို့ဝေငှနိုင်ကြောင်း ကြေညာသူများအား အကျဉ်းချုပ် သရုပ်ပြစေပါ။ ဥပမာ– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော။ (စာမျက်နှာ ၂၆-၇ သို့ဖွင့်ပြီး ရုပ်ပုံများကိုပြကာ လာမည့်ပရဒိသုနှင့်ပတ်သက်သောကျမ်းချက်များအနက် တစ်ခုကိုဆွေးနွေးပါ။) ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။ (စာမျက်နှာ ၃၀-၁ သို့ဖွင့်ပြီး ကိုးကားထားသည့်ကျမ်းချက်များအနက် တစ်ခုကို သုံးသပ်၍ ရုပ်ပုံကိုဆွေးနွေးပါ။) သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသည့်အခါ။ (လိပ်) (စာမျက်နှာ ၂ ပါမေးခွန်းများကို အာရုံပြုစေပြီး စာမျက်နှာ ၃၁ ပါနှစ်သိမ့်မှုပေးသောကျမ်းစာမှ အချက်အလက် တစ်ခုနှစ်ခုကို ဆွေးနွေးပါ။) အသင်းတော်၌ရှိနေသောဘရိုရှာများကို သိရှိစေပါ။
သီချင်း ၂၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။