ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဇူလိုင် ၅ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ ယခင်မဂ္ဂဇင်းများကို မည်သို့ကောင်းစွာအသုံးပြုခဲ့ကြောင်း ကြေညာသူ နှစ်ဦး၊ သုံးဦးအား တင်ပြပြောဆိုရန် အသင့်ပြင်ထားစေပါ။
၁၅ မိ– “စိတ်ဝင်စားသူများကို ရှာဖွေခြင်းငှာ ဘရိုရှာများကို တင်ပြခြင်း။” မေးဖြေရန်။ အပိုဒ် ၅ တွင်ဖော်ပြထားသော ဘရိုရှာများမှာ Should You Believe in the Trinity?၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော၊ ပရဒိသု ဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရတို့ဖြစ်သည်။ မည်သည့် ဘရိုရှာများရှိသည်ကိုပြောပြပြီး ဒေသခံရပ်ကွက်တွင် အဘယ်ဘရိုရှာသည် အထူးသင့်တော်လိမ့်မည့်အကြောင်း ပြောဆိုပါလေစေ။ ဇူလိုင်လအတွင်း ဘရိုရှာများကို ကမ်းလှမ်းခြင်း၌ အပြည့်အဝပါဝင်ရန် စိတ်အားထက်သန်စွာ အားပေးပါ။ ဘရိုရှာလက်ခံသူအများသည် မဂ္ဂဇင်းများကိုလက်ခံတတ်ကြောင်း တင်ပြပါ။
၂၀ မိ– “ဇူလိုင်လတွင် ဘရိုရှာများကို ထိရောက်စွာအသုံးပြုခြင်း။” အသင်းတော်နှင့် အချက်အလက်များကိုဆွေးနွေးပါ။ အပိုဒ် ၃၊ ၅ နှင့် ၇ ပါတင်ပြနည်းများကို သရုပ်ပြပါ။ ကောင်းစွာပြင်ဆင်ခြင်းကို အားပေးပါ။
သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများအတွက် အသင်းမ၏ကျေးဇူးတင်စကားများကို ဖတ်ပြပါ။ လယ်ကွင်းလုပ်ငန်းအစီအစဉ်အကြောင်း အသင်းတော်ကို နှိုးဆော်သတိပေးပါ။ မဂ္ဂဇင်းများမှ ပြောဆိုစရာအချက်အသီးသီးကို ဆွေးနွေးပါ။
၂၀ မိ– “သမ္မာကျမ်းစာကိုစိတ်ဝင်စားမှု နှိုးဆွပေးရန် ပြန်လည်ပတ်သွားခြင်း။” နိဒါန်းတိုတိုပျိုးပြီးနောက် စိတ်ဝင်စားမှုတင်ပြသော်လည်း စာပေလက်မခံခဲ့သူထံ ပြန်လည်ပတ်ခြင်းကို သရုပ်ပြပါ။ Who Really Rules the World? ဝေစာကိုလက်ခံယူခဲ့သော်လည်း အလုပ်များနေ၍ စကားမပြောနိုင်ခဲ့သူထံ ပြန်လည်ပတ်ခြင်းကိုလည်း သရုပ်ပြပါ။ အဖြစ်အပျက်တစ်ခုစီတွင် ကြေညာသူသည် စကားစမြည်မည်သို့စတင်ခဲ့ပြီး စိတ်ဝင်စားမှုနှိုးဆွပုံကို တင်ပြပါ။
၁၅ မိ– ဒေသ လိုအပ်ရာများ။ သို့မဟုတ် သမ္မာတရားကို မည်သို့သိရှိလာခဲ့ကြောင်း ကြေညာသူ နှစ်ဦးသုံးဦးကို လူတွေ့ခေါ်မေးမြန်းပါ။ ဤတွေ့ကြုံမှုများကို ကြိုတင်ရွေးချယ်ပြီးသားဖြစ်သင့်၍ ဓမ္မအမှုဆောင်ခြင်း၏ထိရောက်မှုကို တင်ပြစေသင့်သည်။
သီချင်း ၁၉၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၉ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ “တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်” အကြောင်းကိုလည်း ပရိသတ်နှင့်ဆွေးနွေး။
၁၅ မိ– “သင်ပြုလုပ်နိုင်မည်လော။” ပရိသတ်နှင့်ဆွေးနွေး။ မှန်မှန်ရှေ့ဆောင် တစ်ဦးနှစ်ဦး၊ သို့မဟုတ် မကြာခဏ အရန်ရှေ့ဆောင်ခဲ့သော ကြေညာသူ တစ်ဦးနှစ်ဦးကို လူတွေ့ခေါ်မေးမြန်း။ ပိုမိုပါဝင်လုပ်ကိုင်နိုင်ရန်နှင့် သူတို့၏လုပ်ငန်းများကို မည်သို့စီစဉ်ခဲ့ကြောင်း ဖော်ပြပါလေစေ။
၁၅ မိ– အသင်းတော်စာအုပ်ကြီးသင်တန်း အပိုင်း ၂ အခန်း ၆ ကိုအခြေခံသည့် ကိုယ်ရေးကိုယ်တာသန့်ရှင်းမှုအကြောင်း အကြီးအကဲဟောပြော။ ဟောပြောချက်ကို ကြင်နာစွာနှင့် ဆင်ခြင်မှုရှိရှိ တင်ပြသင့်။
သီချင်း ၁၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ အကြီးအကဲသည် အသင်းတော်၏ ဇွန်လ လုပ်ငန်းတော်မှန်တမ်းကို သုံးသပ်၍ ချီးမွမ်းအားပေး။ ထို့ပြင် ဤအပတ်စနေ၊ တနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ အသုံးပြုမည့်မဂ္ဂဇင်းများမှ ပြောဆိုမည့် သင့်တော်သောအချက် နှစ်ချက်၊ သုံးချက်ကို ဆွေးနွေးပါ။
၁၅ မိ– “လက်ဝါးကားတိုင်။” Reasoning စာအုပ်၊ စာမျက်နှာ ၈၉-၉၃။ “ကြည့်ရှုလော့”ဘရိုရှာကိုလက်ခံခဲ့သောအိမ်ရှင်ထံ ပြန်လည်ပတ်သွားသကဲ့သို့ တင်ပြပေးရန်။ အိမ်ရှင်သည် ဘရိုရှာ၏ စာမျက်နှာ ၁၇ ကိုပြပြီး ယေရှုအား လက်ဝါးကပ်တိုင်ပေါ်မဟုတ်ဘဲ သစ်တိုင်ပေါ် အဘယ်ကြောင့်ပုံဆွဲထားကြောင်း မေးမြန်း။ ကျမ်းစာအမြင်ကို အိမ်ရှင်ရရှိရန် Reasoning စာအုပ်ကို ညီအစ်ကိုအသုံးပြု။
၂၀ မိ– “ကင်းမျှော်စင်နှင့်နိုးလော့ကို ကောင်းစွာအသုံးပြုခြင်း။” မေးဖြေဆင်ခြင်းသုံးသပ်ခြင်း။ နောက်ဆုံးထုတ်နှင့် ယခင်မဂ္ဂဇင်းများကိုပါ ဝေငှနိုင်ရန် နေ့စဉ်ရရှိသော အခွင့်အရေးများကို တွေ့မြင်နိုင်ရန် ကူညီပေးပါ။
သီချင်း ၁၉၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။