ဇွန်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဇွန် ၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “ကျောင်းသူကျောင်းသားများအတွက် သတိပေးချက်များ” ကိုသတိပြုစေ၍ အတိုချုပ်ဆွေးနွေးပါ။ အလွတ်သဘောသက်သေခံရာတွင် အသုံးပြုဖို့ မဂ္ဂဇင်းများအသင့်ရှိထားခြင်းတန်ဖိုးကို သရုပ်ပြ။
၁၅ မိ– “အကြီးမြတ်ဆုံးလူသားအကြောင်း သူတစ်ပါးသိရှိစေရန် ကူညီပေးလော့။” မေးဖြေဆွေးနွေးခြင်း။ အချိန်ရလျှင် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ယင်းအကြောင်းကိုသုံးသပ်ဆင်ခြင်ခြင်းကို မည်မျှပျော်မွေ့ကြောင်း ပရိသတ်မှတင်ပြချက်များကို ဖိတ်ခေါ်ပါ။
၂၀ မိ– “အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှခြင်းငှာ ဝေစာများ အသုံးပြု။” ပရိသတ်နှင့်ဆွေးနွေး။ သရုပ်ပြခန်းနှစ်ခုပြ။ ပထမတစ်ခုတွင် အပိုဒ် ၂ ပါအကြံပြုချက်ကိုအသုံးပြုသင့်သည်။ ဝေစာပြပြီးနောက် စာအုပ်ကိုငြင်းပယ်သည့်အခါ ကြေညာသူသည် မဂ္ဂဇင်းနှစ်စောင်ဝေဖို့ဆုံးဖြတ်။ ဒုတိယသရုပ်ပြခန်းသည် အပိုဒ် ၂ ပါတင်ပြပုံကိုသာအသုံးပြု၍ ဤအကြိမ်တွင် အိမ်ရှင်သည် စိတ်ဝင်စားမှုပြမည်။ ဝေစာပါအကြောင်းကို အတိုချုပ်ဆွေးနွေးပြီးနောက် ကြေညာသူသည် စာအုပ်ကိုပြ။ အလှူငွေအကြောင်း အတိုချုပ်ဖော်ပြ။ စိတ်ဝင်စားမှုနည်းမည်၊ သို့မဟုတ် စာအုပ်ကိုငြင်းပယ်မည်ဆိုလျှင် မဂ္ဂဇင်းများကိုဝေငှဖို့ကြိုးစားရန် ကြေညာသူများကို သတိပေး။
သီချင်း ၂၀၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ ဤအပတ် လယ်ကွင်းလုပ်ငန်း၌ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ ပြောဆိုတင်ပြချက်ကောင်းများကို အကြံပေးပါ။
၁၅ မိ– ဟောပြော။ နှစ်ခြင်းခံသွားသည့်အခါ လျောက်ပတ်စွာကျင့်ကြံပြုမူရန် ကျွန်ုပ်တို့တာဝန်ရှိကြောင်း တင်ပြပါ။ ဒီဇင်ဘာ ၁၉၉၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ မေးခွန်းသေတ္တာပါအချက်များကို ထည့်သွင်းဖော်ပြပါ။
၂၀ မိ– “ယနေ့ ကျွန်ုပ်တို့ဓမ္မအမှုတွင် ဝေစာများသည် အဘယ်ကြောင့်ဤမျှတန်ဖိုးရှိသနည်း။” မေးဖြေဆွေးနွေးခြင်း။ နောက်ဆုံးအပိုဒ်ပြီးနောက် အလွတ်သဘောသက်သေခံရာတွင် ဝေစာအသုံးပြုရန် မည်မျှလွယ်ကူကြောင်း သရုပ်ပြပွဲတိုတစ်ခု တင်ပြပါ။
သီချင်း ၁၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လုပ်ငန်းတော်မှတ်တမ်း၏ ပေါ်လွင်ချက်များကို တင်ပြပါ။ ထိုလအတွင်း ဒေသခံအသင်းတော်၏ လုပ်ငန်းတော်မှတ်တမ်းအကြောင်းလည်း ဆွေးနွေးပါ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများအတွက် အသင်းမ၏ကျေးဇူးတင်စကားများပါပါဝင်။ ဒေသခံ အသင်းတော်လိုအပ်ရာများနှင့် အသင်းမ၏ ကမ္ဘာချီလုပ်ငန်းအတွက် ငွေရေးကြေးရေးအကူအညီအတွက် အသင်းတော်ကို ချီးမွမ်း။
၁၅ မိ– “အကြီးမြတ်ဆုံးလူသား စာအုပ်ဖြင့် ကျမ်းစာသင်အံမှုများစခြင်း။” မေးဖြေဆွေးနွေးခြင်း။ အပိုဒ် ၂ ပြီးနောက် စာအုပ်ဖြင့် ကျမ်းစာသင်အံမှု မည်သို့စတင်နိုင်ကြောင်း သရုပ်ပြပါ။ ကြေညာသူသည် အခန်း ၁၁၁ မှ ပထမအပိုဒ်သုံးပိုဒ်ကို ဖတ်ခြင်းဖြင့် စတင်၍ ဆောင်းပါးပါ အပိုဒ် ၂ ရှိအကြံပြုသည့်အတိုင်း ဆက်သရုပ်ပြမည်။
၂၀ မိ– Reasoning စာအုပ်၊ စာမျက်နှာ ၈၄-၈ ကိုအခြေပြုကာ ဖန်ဆင်းခြင်းအကြောင်း ဟောပြော။ ကန့်သတ်ထားချိန်အတွင်း အသုံးပြုနိုင်သည့်အချက်များလောက်သာ ရွေးအသုံးပြုသင့်သည်။ Reasoning စာအုပ်မရှိလျှင် ဒေသလိုအပ်ရာအကြောင်း ဟောပြောပါ။
သီချင်း ၇၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်းများ။ တစ်အိမ်မှတစ်အိမ်၊ သို့မဟုတ် အလွတ်သဘောသက်သေခံရာတွင် အသုံးပြုနိုင်မည့် နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ တင်ပြချက်ကောင်းများကို သတိပြုစေပါ။
၂၀ မိ– “လယ်ကွင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ပါ။” လုပ်ငန်းတော်ကြီးကြပ်မှူး၊ သို့မဟုတ် အခြားအရည်အချင်းပြည့်ညီအစ်ကိုတစ်ဦး ဟောပြောရန်။ မိမိတို့ဓမ္မအမှုကို ကျေပွန်ရန် အဖွဲ့အစည်း၊ စာမျက်နှာ ၁၃၂—၃၆ ပါသိသင့်သိအပ်သောအချက်များကို အချိန်ရှိသ၍ ပြန်လည်သုံးသပ်။ ဓမ္မအမှုတွင် အားလုံးမှန်မှန်ပါဝင်ရန်နှင့် လကုန်လျှင် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကို ချက်ချင်းသွင်းရန်လိုအပ်ကြောင်း အလေးအနက်တင်ပြ။
၁၅ မိ– ဒေသလိုအပ်ရာများ။ နောက်ဆုံးတိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုတွင် တင်ပြခဲ့သည့် အသင်းတော်လိုအပ်ရာများကို ပြန်သုံးသပ်ဆင်ခြင်နိုင်။
သီချင်း ၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။